Sunday, February 5, 2012

Laptop အကြောင်း သိကောင်းစရာ






ကျွန်တော် ဒီအကြောင်းအရာကို မြန်မာမိသားစုဖိုရမ်မှာ တင်ထားတာရှိပါတယ်။ ကျွန်တော် စရေးပြီး အပိုင်းတွေကို ၂ ထိပဲ့ ရေးထားပါသေးတယ်။ ဒါပေ့မယ်ဆိုဒ်တိုင်းမှာ လိုလိုရောက်နေပြီး ဖတ်ပြီးသူတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော် အပိုင်းသုံးထိ ဒီဆိုဒ်မှာ ဆက်ရေးပေးသွားပါ့မယ်။ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။
အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?


အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။

(က)Laptop တလုံးမှာ များသောအားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ တွေ့နေပေ့မယ် မသုံးဖြစ်တာတွေ အသုံးမတည့်တာတွေနဲ့ ပဲ့ ပါလာတဲ့ အပိုင်းတွေကို သေသေချာချာ ဂဂဏဏ သိဖို့ ဘယ်သူမှ တော်ယုံ မကြိုးစားကြည့်ကြဘူး။ ဒီလိုပဲ့ ထားထားမိကြတယ် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့ ဘူးပါတယ်။ နောက်ပိုင်း ကိုယ်ကိုတိုင် သတိထားမိလာမှ လေ့လာဖြစ်တာပါ။ ကဲ့ထားပါတော့ ကိုယ်မြန်မာလူမျိုးတွေ မြန်မာလို ဖတ်ချင်သူတွေ အကြမ်းဖျင်းတော့ အနည်းဆုံးနားလည်သွားနိင်အောင် ကြိုးစားရေးပါမယ်။

Tochpad

Tochpad ကိုတော့ လူတိုင်း သိပီးသားပါ အခေါ်အဝေါ်ကို ရင်းနှီးသူလည်း ရှိသလို မရင်နီးသူလည်း ရှိမယ်ထင်ပါတယ်။ သူကို နောက်တမျိုး trackpad လို့လည်းခေါ်သေးသလို pointing device လို့လည်းခေါ်ပါတယ်။ သူကတော့ Mouse နေရာမှာ အစားထိုးသုံးဖို့ ဖန်တီးထားတာပါ။.သူနဲ့ သဘောတရား ဆင်တူတာတွေ ထပ်ရှိပါသေးတယ်။ သူတိုကတော့ ခု ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ တွေ့နေရတဲ့ Multi-touch screen , Touchscreen, tablet တို့မှာ ထိတွေ့မိကြဦးမှာပါ။Touchpad ကို (The touch pad is a built-in substitute for a mouse on laptops.) ဒီလို အဓိပါယ် ဖွင့်ဆိုထားတာတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။



eSATA




ဒီအကြောင်းအရာကို ကျွန်တော် စပီးရေးတဲ့ ဆိုဒ်ဖြစ်တဲ့ မိသားစုဖိုရမ်မှာ ချန်ထားခဲ့ပါတယ်။ ဒီချန်ထားခဲ့တယ်ဆိုတာကလည်း ကျွန်တော် စာမူအတွက်မို့ ချန်ထားခဲ့တာပါ။ ခု ဒီနေရာမှာ ဖော်ပြပေးလိုက်ပါတယ်။ eSATA ဆိုတာ External Serial Advanced Technology Attachment ဒါမှမဟုတ် eSATA ကို SATA technologies တွက် external interface လို့ သတ်မှတ်ပါတယ်။ HDD (Hard Disk Drive ) တွက် ATA နေရာမှာ အစားထိုး ၀င်လာတဲ့ SATA တွေရဲ့ next generation internal bus interface ပါ။ သူရဲ့ အားသာချက်တွေကို အနည်းအကျဥ်းဖော်ပြပေးပါဦးမယ်။ eSATA က USB တို့ Firewire တိုနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ သူရဲ့ transfer rates က USB 2.0 and FireWire 4000 ထက် သုံးဆ ပိုမြန်ပါတယ်။ USB 3.0 နဲ့ဆိုရင်တော့ တမျိုးဖြစ်နိုင်ပါတယ်။ eSATA က ပုံမှာ မြင်တဲ့ အတိုင်းပါပဲ့။ သူကို eSATA cables နဲ့ ချိတ်ဆက် အသုံးပြုရပါတယ်။ ဒီတော့ eSATA cables ရဲ့ အရှည်နဲ့ မြန်နူံးလေး အကြမ်းဖျင်းကို ကျွန်တော် ဖော်ပြပါဦးမယ်။ အကျယ်သိချင်ရင် How to buy a laptop and Knowledge ဆိုတဲ့ စာအုပ်ထွက်လာတဲ့ အချိန်မှာ စာဖတ်သူများ စောင့်ဖတ်နိုင်ပါတယ်။ eSATA cables က အပေါက်ဝ တော်တော်လေး ကျဉ်းပြီး.. အရှည်က 6.56 feet (2 meters) ရှိပါတယ်။ သူကို Desktop မှာ တွဲသုံးတဲ့ HDD တို့ USB တို့ နဲ့ တွဲသုံးနိုင်ပါတယ်။ တော်တော်လေးကောင်းပါတယ်။ External HDD မဟုတ်ပဲ့ internal HDD တွေကို ဒီ eSATA ကနေ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Desktop တွေမှာတောံ eSATA မပါပါဘူး။ တပ်ပြီးသုံးချင်တယ်ဆိုရင် PCI card ဆိုဒ်ပြီး အသုံးပြုလို့ရပါတယ်။ Laptop တိုင်းလည်း မပါပါဘူး။ ပါတဲ့ Laptop ကလည်း ဈေးကြီးပါတယ်။

fingerprintreader reader


Fingerprintreader ကိုတော့ Laptop တိုင်းမှာတော့ မပါဝင်ပါဘူး။ ပါဝင်တဲ့ Laptop တွေလည်း ရှိသလို မပါတာတွေလည်းရှိပါတယ်။ သူကတော့ လက်ဗွေရာကို Scan ဖတ်ပီးတော့ စက်ကို Password ပေးလို့ ရပါတယ်။ fingerprintreader ကို touchpad ရဲ့ ညာဘက်ဘေးလေးနားမှာ တွေ့နိင်ပါတယ်။
.
Wirelessswitch (on / off)



ဒီ wirelessswitch ရဲ့ အားသာချက်ကတော့ သူကို Off လုပ်ထားမယ် ( အင်တာနက်မသုံးတဲ့ အချိန်) ဆိုရင် battery life ကို သက်သာစေမှာပါ။ မိမိ ပတ်ဝန်းကျင်မှာ Wireless လွှင့်ထားတာတွေ ရှိမယ်ဆိုရင် အလွယ်တကူ ဖမ်းယူနိင်ပါတယ်။ ဘယ်လို ဖမ်းယူရမလည်း ဆိုတာကို ဒီလင့်မှာ MS က ရှင်းပြထားတာ ရှိပါတယ်။ သွားဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ဒီထက်ပိုပီး အကျယ်တ၀င့် သိချင်တယ်ဆိုရင်တော့ ဒီလင့်မှာဖတ်နိင်ပါတယ်။

USB Port (USB=Universal Serial Bus)




USB port ကိုတော့ လူတိုင်းရင်းနီးပီးသားပါ ။ keyboards, mice(mouse), printers, scanners တွေကို ချိတ်ဆက် အသုံးပြုနိင်ပါတယ်။ နောက်ထပ် Extra HDD တွေကိုပါ တွဲသုံးနိင်ပါသေးတယ်။HDD တို့ Stick တို့  ထဲ့မှာ ရှိတဲ့ Data တွေကို Transfer လုပ်နိင်သလို နောက်ထပ် Yota လို အင်တာနက် ချိတ်တဲ့ ပစ္စည်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိင်ပါတယ်။

SD (Secure Digital) Card reader



Secure Digital card reader ကို ကျွန်တော်တို့ အသုံးပြု နဲကျပါတယ်။ သူကို ဘယ်လိုချိန်တွေမှာ သုံးလည်းဆိုရင် ကင်မရာမှာ ပါတဲ့ SD card တို့ Mobile Phone တို့ကို တိုက်ရိုက်ချိတ်ဆက်ပီး အသုံးပြုနိင်သလို သူကို Laptop ၀ယ်တဲ့ချိန်မှာ မပါလာခဲ့ဘူးဆိုရင် USB Port ကနေ တွဲသုံးလို့တော့ ရပါတယ်။ ဗဟုသုတ အဖြစ်ထည့်ရေးလိုက်တာပါ။ အဲ့လိုမှ မဟုတ်ဘူး SD Card reader(မပါလာခဲ့ရင်) ကို သုံးချင်တယ်ဆိုရင်တော့ External Media reader ကို ၀ယ်ပီး အသုံးပြုနိင်ပါတယ်။
ဒီနေ့တော့ ဒီပိုစ့်လေးကို ပြန်ပီး အသက်သွင်းပါ့မယ် စာမေးပွဲရှိနေလို့ ရေးလက်စ တွေ ကျွန်တော် ခဏထားထားတာ ကြာသွားတယ်။ နောက်ထပ်လည်း ကျွန်တော် Hardisk တခုလုံးကို Format ချလိုက်တော့ ရေးလက်စ စာတွေ အုပ် ၄၀ ကျော်လောက်ပါသွားတယ် :S ။ နှမြောတာတော့ ပြောမနေတော့ဘူး။. ဘာပဲ့ ဖြစ်ဖြစ် ဒီ ပို့စ်ကို ကျွန်တော်သိသလောက်လေး ထပ်ပီး မျှဝေးရင်း အပီးသတ်ရေးဖို့ ကျွန်တော်ကြိုးစားရေးပါ့မယ်။


ExpressCard slot:




ဒီကောင်လေးကိုတော့ အများအားဖြင့် Peripheral Device တွေနဲ့ ချိတ်စက်ပီး အသုံးပြုတဲ့ အခါမှာ ဒီ Slot ကို သုံးပါတယ်။ Peripheral Device ဆိုတာဘာတွေလည်းဆိုတော့ ကျွန်တော်တို့ computer printers, image scanners, tape drives , microphones, loudspeakers, webcams, and digital cameras တွေကိုဆိုလိုတာပါ။ ဒီ Slot တွေက ခုနောက်ပိုင်းထွက်လာတဲ့ Slot တွေနဲ့ အရင်က Slot တွေတောင် မတူတော့ပါဘူး။ ခုနောက်ပိုင်း ၂၀၀၈ နောက်ပိုင်းမှာ ထွက်လာတဲ့ Laptop နဲ့ တွဲပီးထွက်လာတဲ့ Slot တွေက ဟိုး အရင်က ထွက်ရှိပီးသား Laptop မှာတဲ့ Slot တွေ ထက် ပိုပီး ကောင်းလာတယ်လို့ ဆိုရမယ်။ ဘာလို့လည်းဆိုရင် အရင်က ထွက်လာတဲ့ Slot တွေမှာ Peripheral Device နဲ့ ချိတ်ပီးအလုပ်လုပ်တဲ့ အချိန်မှာ စက်ကို လေးသွားတာတို့ ဟန်းသွားတာတို့တွေ နဲ့ နောက်ထပ် Volt အားတွေကိုပါ ချွေတာ အသုံးပြုနိင်အောင်လို့ digital demands တွေနဲ့ ခု ဒီ Slot တွေမှာ ဖွဲ့စည်းပီး တည်ဆောက်ထားပါတယ်။

HDMI connector: (HDMI (High-Definition Multimedia Interface)



HTMI လို့ ပြောလိုက်ရင်တော်ယုံမသိကြဘူး။ သူ့ကို ဘယ်လို အသုံးပြုတယ်ဆိုတာကိုတော်ယုံ မသိကြဘူး။ ဒီ HTMI ကို ကျွန်တော်တို့ Home Therater တွေမှာ ချိတ်ပီး အသုံးပြုနိင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်တွေမှာ ၆၄ လက်မလောက် TV ကြီးရှိတယ်ဆိုရင် ဒီ HTMI slot နဲ့ TV ကို ချိတ်ဆက်ပီး Therater လိုပဲ့ အိမ်မှာ ကွန်ပျူတာနဲ့ ချိတ်ပီး အေးဆေး ကြည့်နိင်ပါတယ်။ မိသားစုလိုက်ပျော်ပျော်ပါးပါး တခုခု လုပ်စားတဲ့ချိန်တွေမျိုးမှာစို TV အကြီးကြီး ရှိမယ်ဆိုရင် ချိတ်ဆက်ပီး မိသားစုလိုက်ကြည့်လို့ ရပါတယ်။ သူကတော့ Single Cable ပေါ်မှာပဲ့ အလုပ်လုပ်ပီးတော့ Video Format တွေကို ထုတ်ပေးနိင်ပါတယ်။ နောက်ထပ် HDD . Blu-ray , PC တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပီးလည်း အသုံးပြုလို့ ရပါသေးတယ်။ ဒီထက်ပိုပီး အကျယ်သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားပီး ဖတ်ကြည့်ပေးပါ။

Firewire/IEEE 1394 port:



သူကတော့ serial bus interface standard ပါ။ သူ့ကို high-speed communications and isochronous မှာ PC တွေတွက် အသုံးပြုပါတယ်။ ဒီ Slot ကို ကျွန်တော်တို့ Sony ထုတ် Laptop တွေမှာ အများဆုံး တွေ့နိင်ပါတယ်။ အရင်က Desktop တွေမှာလည်း ဒီ Slot ကို တော်တော်များများတွေ ဘူးကြမှာပါ။ဒီထက်ပိုပီး သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားဖတ်ကြည့်ဖို့ကို တိုက်တွန်းလိုပါတယ်။ English လို ဖတ်ဖို့ကို မကြောက်ပါနဲ့။ ကျွန်တော် Dictionary တွေကိုလည်း ဒီလို ပြန်ညွှန်းစာတွေကို ဖတ်တဲ့ချိန်မှာ အသုံးပြုလို့ရအောင်နဲ့ English Language တွေကိုလေ့လာတဲ့နေရာမှာ သုံးဖို့ ဒီနေရာမှာတင်ပေးထားပါတယ်။

DVI connector:



Digital video connector ကို ကျွန်တော်တို့ Monitor ( LCD) နဲ့ HD TV တွေနဲ့ ချိတ်ဆက်ပီး အသုံးပြုနိင်ပါတယ်။ တကယ်လို့ သူကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီတိုင် VGA Card မှာ တပ်ပီး သုံးသလို သုံးလို့ မရပါဘူး။ ကြားတည်းမှာ Swich ခေါင်းတခု ခံပီးမှ အသုံးပြုလို့ ရပါမယ်။

VGA connector:


VGA ခေါင်းကိုတော့ အထွေအထူးပြောစရာမရှိပါဘူး။ Laptop ဘေးမှာ LCD တခု ရှိတယ်ဆိုရင် ကျွန်တော်တို့ Laptop က ကြည့်ရတာသေးနေတယ် အနေကျဉ်းကျပ်နေတယ်ဆိုတဲ့ချိန်မျိုးမှာ ဒီခေါင်းနဲ့ VGA connector နဲ့ ချိတ်ပီး Desktop မှာပါ Laptop က လုပ်ဆောင်နေတာတွေကို ၂ နေရာမှာ တပြိုင်တည်းကြည့်နေနိင်ပါတယ်။

RJ-45/Network jack: with (RJ-11/Phone jack)






ဒီ Port လေးကိုတော့ တွေ့ဘူးမှာပါ။သုံးလည်း လက်ရှိသုံးနေကြတာပါ။ သူ့ကတော့ အင်တာနက်နဲ့ Network ကို အဓိကထားပီး အလုပ်လုပ်ပါတယ်။ ကွန်ပျုတာတိုင်းမှာ ပါပီးသားပါ။ မပါတာက RJ 11 ခေါင်းပဲ့ ..သူကတော့ ကျွန်တော်တို့ အိမ်က ကြိုးဖုန်းတွေမှာ အသုံးပြုပါတယ်။ ဖုန်းခေါင်းပေါက်ကို ၀င်ပီး Phone တွေကို ချိတ်ဆက် အသုံးပြုတာတော့ ဟုတ်ပါတယ်။ ဒီမှာ ဘာလို့ပါလာတာလည်းဆိုရင် ကျွန်တော်တို့ ဒီ RJ 11 ခေါင်းကလည်း တကယ်တော့ Network ချိတ်ဆက်ပီး အသုံးပြုလို့ ရတာတွေကြောင့်ပါ။ သူ့ကို Wide area network ထိ အသုံးပြုလို့ ရနိင်ပါတယ်လို့ ကကကွန်က ထုတ်တဲ့ စာအုပ်ထဲ့မှာ ဖတ်ဘူးပါတယ်။ အဲ့စာအုပ်ကို ဖတ်ကြည်ချင်တယ်ဆိုရင် Network စာအုပ်များထဲ့မှာပါပါတယ်။

ဖြည့်စွက်ချက် အနေနဲ့ eSATA ကိုပါ အကြမ်းဖျင်းဖော်ပြပေးလိုက်ပါတယ်။

အပိုင်း ၁ ကိုတော့ ဒီနေရာမှာပဲ့ နိဂုဏ်းချုပ်ပါတယ်။ အပိုင်း ၂ နဲ့ ၃ ကို နောက် ရက်မှာ ဆက်တင်ပေးပါမယ်။ကျွန်တော် Flash အကြောင်းကိုလည်း အပိုင်း ၄ ပိုင်း ခွဲရေးထားတာ ရှိပါတယ်။ အပိုင်း ၃ ပိုင်းကတော့ ရေးပြီးသားပါ။ အပိုင်း ၃ ထိ လည်း မြန်မာမိသားစုမှာ ရေးပြီး ဖော်ပြပေးခဲ့ဘူးပါတယ်။ ဒီ ၃ ပိုင်း လုံးလည်း ဆိုဒ်တော်တော်များများမှာ တွေ့နေရပါတယ်။ Credit မပေးတဲ့ ဆိုဒ်တော့ အတော်များပါတယ်။ ဒါပေ့မယ် စိတ်ထဲ့တော့ မရှိပါဘူး။ ကိုယ်တကယ် မတက်ပဲ့နဲ့ တက်ချင်သလို နာမည်ကြီးချင်သူတွေတွက်တော့ စေတနာ အကျိုးပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ Flash ခရီးစဉ်ဆိုတဲ့ Flash Songs လုပ်နည်း အသေးစိတ်ကိုလည်း ကျွန်တော် ဒီမှာပဲ့ လာပြီး အပိုင်း ၄ အဆုံးသတ်ထိ ဖော်ပြပေးပါမယ်။

Download MessengerမရှိဘဲDownload ချနည်း(2)

ကျွန်တော်ရဲ့ သူငယ်ချင်းများကို တင်ပြမှာကတော့ Youtube ကသာမက ကျန်တဲ့ Video Site တွေကပါ Software မလိုဘဲ Download ချနည်းကိုတင်ပြမှာဖြစ်ပါတယ်။ ကျွန်တော် အရင်းကလဲ voobys ကို တင်ပြခဲ့တာ ရှိပါတယ်။ အခုနည်းက Video DownloadHelper လို့ခေါ်ပါတယ်။ အရင်းနည်းထပ်ကို အဆင်ပြေပါတယ်။ Firefox မှာ ပေါင်းထည့်တာနဲ့ တင် Download ကို Auto ချလို့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ဆိုဒ်မှာ Register လုပ်ထားရင် converter ပါလုပ်ဆောင်ပေးပါတယ်။ အတော်လေးကောင်းတယ်လို့ ဆိုရမှာပါဘဲ။ Download Messenger မရှိတဲ့ သူငယ်ချင်းများအတွက် အဆင်ပြေတာပေါ့။

1. https://addons.mozilla.org/en-US/firefox/addon/3006 ဒီဆိုဒ်ကို Click ပြီ Add to Firefox ကို click ပြီ Firefox မှာ Install လုပ်လိုက်ပါ။ ပြီရင် Restart ချပါလိမ့်မည်။

2. Youtube ကိုဖွင့်လိုက်ပါ။ အောက်ပါအတိုင်း Button လေး ပေါ်နေပါမည်။ Down Arrow လေးကို click လိုက်ရင် Menu Box လေးကျလာပါမည်။ ပြီရင် Download ကို click လိုက်ရင် Download စတင်ချပါသည်။ မိမိ ချလိုက်တဲ့ Video တွေ Desktop ပေါ်ရောက်ပါမည်။

ကျွန်တော်တို့ ကျန်တဲ့ Movies site တွေက ချမယ်ဆိုရင်အောက်ပါအတိုင်း Address bar မှာ ပေါ်နေတဲ့ Video DownloadHelper Icon ကို click ပြီ Download ချလိုက်ပါ။အောက်က ပုံကိုကြည့်လိုက်ပါ။

Youtube မှာ ဇာက်ကားတွေ Free ကြည့်မယ်


ကျွန်တော် သူငယ်ချင်းတွေအတွက် entertainment လေးတစ်ခု တင်ပြချင်ပါတယ်။ ဒါမျိုးဆိုဒ်တွေတော့ အများကြီးပါ။ ဒီဆိုဒ်ကတော့ကြည့်ရတာလဲ အဆင်ပြေသလို အားလုံးလဲ သိပြီးသာဖြစ်တဲ့ ဆိုဒ်လဲဖြစ်ပါတယ်။ သူကတော့ Youtube ဘဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ဇာက်ကားတွေကို Youtube မှာ ကြည့်နိုင်ပါတယ်။ အတော် အဆင်ပြေပါတယ်။ မြန်မာပြည်က သူငယ်ချင်းတွေနဲ့ တရုပ်ပြည်က သူငယ်ချင်းတွေတော့ ကျော်ခွကြည့်မှ အဆင်ပြေပါမည်။ အတော်ကောင်းပါတယ်။ ကျွန်တော် အရင်က သိထားတာကတော့ ဇာက်ကားတွေကို အပိုင်းလိုက်ဘဲ ကြည့်လို့ရတယ်လို့ သိထားတာပါ။ အခုမှ ဇာက်ကားကောင်းတွေကို တိုက်ရိုက်ကြည့်နိုင်တာကို တွေ့ရတာပါ။ ဒါကြောင့် လက်တို့ ညွှန်းလိုက်တာပါ။


Watching Movies Online

Saturday, February 4, 2012

ဓာတ်ပုံ Slide Show လေးတွေကို အလွယ်တူ လုပ်ချင်သူများအတွက

သူငယ်ချင်း တစ်ယောက်ကလည်း ဟိုနေ့က လာတောင်းနေတာနဲ့ ဒီနေ့ ဒီကောင်လေးကို တွေ့လို့ သုံးချင်တဲ့ သူတွေအတွက် ပြန်ရှယ် ပေးလိုက်ပါတယ် .. ပြီးတော့ Ashampoo ကထုတ်တာ ဆိုတော့ ကျွန်တော် အကြိုက်တွေကတာလည်း ပါပါတယ် .. ဒီကောင်လေးက အသုံးပြုရတာလည်း လွယ်သလို Key ဖိုင်လေးကို Double Click လေးပေးလိုက်ယုံနဲ့ Registery ထဲမှာ Key ထည့်ပြီးသွား ဖြစ်သွားတာ ဆိုတော့ Crack တို့ Patch ဆို့ကို မသုံးတက်တဲ့ သူတွေ အတွက် ပိုပြီးတော့လည်း အဆင်ပြေစေပါတယ် .. ပြီးရင် .avi , .mpg , .m2ts , .wmv စတဲ့ File type တွေကို အလွယ်တကူ ပြန်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ် .. အခွေ Burn ချင်တယ်ဆိုရင်လည်း Burn a disc ကနေပြီး တစ်ခါတည်း တန်းပြီး Burn လို့ရပါတယ် .. သုံးကြည့်ပေါ့ဗျာ .. သုံးနည်းလွယ်လို့ ရေးမပေးတာပါ .. ဘာမှမခက်ပါဘူး .. မြန်မာဖောင့်လည်း သုံးလို့ရပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ယူသွားလိုက်ပါ ..

Download From Ifile.it

Download From Mediafire

G-Mail အကောင့် ဖောက်နည်း အသစ်

ကျွန်တော်လည်း စာရေးတဲ့ ဖက်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပြီ .. ဒီနေ့တော့ ကျွန်တော် G-Mail အကောင့်ကို ဘာကုဒ်မှ ထည့်စရာမလိုပဲ အလွယ်တကူ ဖောက်လို့ရမဲ့ နည်းလမ်းလေးကို ရေးပေးပါမယ် .. နောက်ပိုင်းတော့ အတက်နိုင်ဆုံး အားလုံးအတွက် အသုံးဝင်မဲ့ ပိုစ်တွေ ရေးပေးသွားနိုင်အောင်လည်း ကြိုးစားသွားပါမယ် .. အခုအကောင့် ဖောက်နည်းက အရင်တုန်းက G-Mail အကောင့် ဖောက်ရတာထက် လွယ်ပါတယ် .. ပုံစံလေးတော့ နည်းနည်း ပြောင်းသွားပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး အကောင့်တစ်ခု ဖောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ဖို့အတွက် ကျွန်တော် အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ ..

https://accounts.google.com/SignUp

အပေါ်က လင့်အတွင်း သွားပြီးပြီး ဆိုရင်တော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသလို အဆင့်ဆင့် သွားပြီး အလွယ်တကူ လုပ်ယုံပါပဲ ..

ကျွန်တော် အောက်မှာ နမူနာ ပုံစံ ဖြည့်ပြထားပါတယ် .. ဖြည့်ပြီး သွားပြီဆိုရင်တော့ Next Step ပေးလိုက်ပါ ..

အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Get started ကိုဆက်ပြီး နှိပ်လိုက်ပါ ..

အောက်ကပုံအတိုင်း G00gle Home Page ကိုရောက်သွားပြီ ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း G-Mail ကို Click ပေးလိုက်ပါ ..

အောက် ကပုံအတိုင်း ပေါ်လာပြီ ဆိုရင် Continue tore new look ကို ဆက်ပြီး Click ပေးလိုက်ပါ ..

ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့် တစ်ခုကို လွယ်လွယ် ကူကူနဲ့ ဖောက်လို့ ရသွားပါလိမ့်မယ် ..

အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

iPad မရှိလဲ iPad ပုံစံအတိုင်း ကွန်ပျူတာမှာသုံးချင်ရင်




ပုံမှာပြထားသလိုပါပဲ iPad မရှိလဲ မိမိတို့ ရဲ့ ကွန်ပျူတာမှာ iPad ပုံစံအသုံးပြုလိုသူများအတွက်ပါ ၊ ဒီ package လေးမှာ iPad ရဲ့ application တွေဖြစ်တဲ့ Safari , Facebook , iBooks နဲ့  တခြား application တွေပါဝင်ပါတယ် ၊


Application တွေထပ်ထည့်ချင်တယ်ဆိုရင်လည်း Internet ကနေ ဒေါင်းလုပ်ရယူနိုင်ပါသေးတယ် ၊ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူလိုက်ဦးပေါ့



iPadian Emulator

မိမိတို့ ကွန်ပျူတာကို မိမိတို့ မျက်နှာနဲ့ LOCK လုပ်ကြရအောင်





ဒီဆော့ဖ်ဝဲလ်လေးကတော့ မျက်နှာနဲ့ ကွန်ပျူတာကိုပိတ်တဲ့ ဆော့ဖ်ဝဲလ်လေးပါခင်ဗျာ ၊ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ် ၊ မိမိတို့ ကွန်ပျူတာကို password နဲ့ ပိတ်မယ့်အစား ကိုယ့်မျက်နှာကိုအသုံးပြုပြီးတော့ပိတ်တာပိုမကောင်းဘူးလားဗျာ ၊


စိတ်ဝင်စားလို့ သုံးမယ်ဆိုရင်တော့အရင်ဆုံးဒေါင်းလိုက်ပါ ၊ ပြီးရင်တော့ install ပေါ့ဗျာ ၊ install ပြီးရင် မျက်နှာကိုမှတ်မိဖို့  settings လုပ်ပေးရပါမယ် ၊ ကွန်ပျူတာရှေ့ မှာမိမိတို့ မျက်နှာကို ဘယ်မှညာသို့ ဖြေးဖြေးလေးလှည့်ပေးပါ ၊ အားလုံးပြီးသွားရင်တော့သုံးနိုင်ပါပြီ ၊ မျက်နှာ setting လည်းလုပ်ပြီးပြီ သုံးလို့ မရသေးဘူးဆိုရင်တော့ အဲဒီဆော့ဖ်ဝဲလ်လေးကိုဖွင့်လိုက်ပါ



အပေါ်ဆုံးက face authentication login is enabled ဖြစ်နေရပါမယ် ၊ disabled ဖြစ်နေရင်အသုံးပြုလို့ မရပါဘူး ၊ နောက်အောက်ဆုံးက Pro ဆိုတဲ့ button လေးကတော့ တခြားသူတွေကိုပေးမသုံးစေချင်သုံးရမှာပါ ၊



Enable Face Locking ကိုအမှန်ခြစ်ပေးလိုက်ပါ ၊





နံပါတ် ၁ ကတော့ ဒီဆော့ဖ်ဝဲလ်ကို အချိန်ဘယ်လောက်ကြာရင်တခါ run မလဲဆိုတာရွေးပေးနိုင်ပါတယ် ၊ နံပါတ် ၂ ကတော့ မှတ်ပုံတင်ထားတဲ့ မိမိတို့ ရဲ့ မျက်နှာကို အချိန်ဘယ်လောက်ကြာရှာခိုင်းချင်သလဲဆိုတာရွေးနိုင်ပါတယ် ၊ အဲဒီအချိန်အတွင်း မှာ မှတ်ပုံတင်ထားတဲ့ မျက်နှာကိုရှာမတွေ့ ဘူးဆိုရင်တော့ သူ့ အလိုလို LOCK ကျသွားပါလိမ့်မယ် ၊ ဒါကြောင့်ကိုယ့်ကွန်ပျူတာကို ကိုယ်ကိုယ်တိုင်သုံးချင်တယ် ၊ တခြားသူကိုပေးမသုံးစေချင်ဘူးဆိုရင်တော့ ဒီ function လေးကိုသုံးထားပေါ့ဗျာ

Luxand Blink Face Recongnition Por 2.3

Gtalk မှာ chat တဲ့အခါသုံးနေကြတဲ့ Burglish ကိုမြန်မာဘာသာသို့ ပြောင်းပေးတဲ့ ဆော့ဖ်ဝဲလ်



ကျွန်တော်တို့  Gtalk မှာ တယောက်နဲ့ တယောက် chat ကြတဲ့အခါ အများစုဟာ မြန်မာလိုလည်းမရိုက် ၊ အင်္ဂလိပ်လို လည်းမရိုက်ကြပဲ မြန်မာအသံထွက်ကို အင်္ဂလိပ်လို ရိုက်ကြပါတယ် ၊ အဲဒါတွေကိုတဖက်လူက ဘယ်လိုဘာသာပြန်ရမလဲဖြစ်နေကြတဲ့သူတွေအများကြီးပါ ။


အဲဒီအထဲမှာ ကျွန်တော်လည်းအပါအ၀င်ပါပဲ ။ အခုတော့ကျွန်တော်ကအဆင်ပြေသွားပါပြီ ။ ဒါကြောင့်ကျွန်တော့်လို ဖြစ်နေကြမယ့် မိတ်ဆွေများအတွက် ကျွန်တော့်လို အဆင်ပြေအောင် ဒီဆော့ဖ်ဝဲလ်လေးကိုတင်ပေးလိုက်တာပါ ၊ ဖရီးပေးထားတာဖြစ်တဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။ အဓိပ္ပါယ်မသိတဲ့ burglish ကို ပုံမှာပြထားသလို ရိုက်ထည့်လိုက်တာနဲ့ မြန်မာလိုဘာသာပြန်ပေးမှာဖြစ်ပါတယ် ။

Burglish to Myanmar Translator

Driver Genius Professional Retail Edition v10.0.0.526 (25112010) Portable


DOWNLOAD
ကျွန်တော်ဒီနေ့တော့ Windows တင်တဲ့အခါမှာလိုအပ်တဲ့ Driver တွေကို၇ှာဖွေပေးနိုင်ပြီးအလွယ်တကူဒေါင်း
လော့ချ Install လုပ်ပေးနိုင်တဲ့ Driver Genius Portable လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ.။ ကျွန်တော်တို့လို
ကွန်ပျူတာကိုအသုံးပြုနေတဲ့လူတိုင်းအတွက်မ၇ှိမဖြစ်ဆောင်ထားသင့်တဲ့ Software လေးပါ။ ကျွန်တော်တို့
Windows တင်ပြီး Driver မစုံလို့ Audio Driver လိုတာတို့ ၊ Sound Driver တို့ကြုံလာပြီဆို၇င်အ၇မ်းကိုဒုက္ခ္ခ
ေ၇ာက်ပါတယ်။အခုတင်ပေးတဲ့ဆော့ဝဲလ်လေးကတော့တော်တော်လေးကိုအဆင်ပြေပါတယ်။ လိုအပ်တဲ့
Driver တွေကိုအဆင်သင့် Install လုပ်လိုက်ယုံပါပဲ။ြ ပီးတော့ Portable ပါ။ကျွန်တော် Serial Keys တွေကိုလည်း
ထည့်ပေးထားပါတယ်.။အဆင်သင့်ယူသုံးယုံပါပဲ..။ လိုအပ်တဲ့သူများအောက်မှာဒေါင်းလော့လင့်လေးပေးထား
ပါတယ်ခင်ဗျာ....။

Uniblue DriverScanner 2011 + Serial



DOWNLOAD
OR
DOWNLOAD
ကျွန်တော်အသုံးဝင်တာလေးတစ်ခုထပ်ပြီးတင်ပေးလိုက်ပါတယ်..။DriverScanner လေးကကျွန်တော်တို့ကွန်
ပျူတာမှာလိုအပ်တဲ့ Driver များကို၇ှာဖွေပြီးအဆင်သင့် Download ချ Install လုပ်ပြီးသုံးလို့၇အောင်လုပ်ပေး
မှာဖြစ်ပါတယ်..။ကို့စက်မှာတင်ထားတဲ့ Driver များ Update ဖြစ်မဖြစ်ကိုဒီကောင်လေးကို Scarn ဖတ်ပြီးသုံး
ကြည့်ယုံနဲ့သိနိုင်ပါတယ်..။ပြီးတာနဲ့သူကလိုအပ်တဲ့ Driver လေးတွေကို Update လုပ်ပေးသွားမှာဖြစ်ပါတယ်.။
Uniblue enable powersuite မှာပါဝင်တဲ့ Registrybooster , Driverscanner နဲ့ Speed Up My PC သုံးခု
မှာကျွန်တော် Registrybooster , Driverscanner တွေကိုတင်ပေးပြီးသွားပါပြီ.။ Speed Up My PC ကိုလဲ
ထပ်ပြီးတင်ပေးပါမယ်..။Key ဘယ်လိုထည့်၇မယ်ဆိုတာကိုတော့ ဒီလင့်လေး မှာသာသွားကြည့်လိုက်ပါဗျာ..။
ကျွန်တော် Registrybooster တုန်းက Key ထည့်နည်းလေးကိုပြောပြပေးထားပါတယ်..။တကယ်လို့မိမိ၇ဲ့စက်
မှာ Registrybooster မ၇ှိသေးဘူးဆို၇င်လဲအဲ့ဒီလင့်လေးမှာသာသွားပြီးယူလိုက်ပါ..။

DTP သမားများအတွက် Adobe InDesign CS5


Adobe indesign ဆိုတာကတော့ သိပြီးသားပါ. Adobe pagemaker ကို version ထပ်မြှင့်လိုက်တဲ့ DTP software ပါ. စာစီစာရိုက် ဒီဇိုင်းဆွဲ၊ ဖိတ်စာအုပ်၊ visiting card လုပ်၊ အစုံလုပ်လို့ရပါတယ်. အရင်က pagemaker မှာတုန်းက unicode အလုပ်မလုပ်ပေမယ့် အခု indesign မှာတော့ အလုပ်လုပ်ပါတယ်. software ကိုတော့ မူရင်းဆိုက်ကနေ ပဲ ညွှန်းထားပြီးတော့ serial keys တွေကိုတော့ ထည့်ပေးထားပါတယ်. patch တို့ crack တို့ keygen တို့ထက်စာရင် serial key က စိတ်ချရတယ်လေ. ဘာလို့လဲဆိုတော့ key ချည်းပဲဆိုတော့ virus ရောပါလာမှာ စိုးရိမ်စရာမလိုတော့ဘူးပေါ့.

Download Adobe indesign cs5

Serial Keys
1037-1195-1271-3957-3982-0484 1037-1716-7354-6157-5360-3380
1037-1659-4748-6163-9336-2844 1037-1246-0095-4578-6826-1801
1037-1737-1124-0638-4326-6496 1037-1157-7764-7245-3389-6035

မကြည့်စေချင်တဲ့ website တွေကို ဘယ်လို ပိတ်ထားမလဲ



ကွန်ပျူတာ တစ်လုံးတည်းကို ညီအစ်ကို မောင်နှစ်မများ စုပြီးတော့ သုံးနေတာပဲ ဖြစ်ဖြစ်၊ မိမိကွန်ပျူတာကို မိမိမဟုတ်သော တစ်ခြား တစ်စုံတစ်ယောက်အား ပေးသုံးတာတွင် မိမိ မသုံးစေချင် မဖွင့်စေချင်သည့် ၀ဘ်ဆိုက်များကို ပိတ်ထားချင်တယ်ဆိုရင်တော့ အခုပေးလိုက်တဲ့ program နှင့် ပိတ်ထားလို့ရပါတယ် . ကျွန်တော်တို့ အဓိက ပိတ်ချင်တာက Porn ဆိုက်တွေကိုပါ . မိမိညီငယ် ညီမငယ်များ အရွယ်မရောက်သေးဘဲ ဒီလို ဆိုက်တွေကို မကြည့်စေချင်လို့ ပိတ်ထားချင် သူများအတွက် တင်ပေးလိုက်ပါတယ် . အခု program မှာ porn ဆိုက်ပေါင်း တစ်သောင်းကျော်ကို block လုပ်ထားပြီးသားပါ . မိမိအနေဖြင့် ထပ်ပြီးတော့ block လုပ်ထားချင်တဲ့ website များ ရှိပါက ထပ်ထည့်လို့ ရပါသေးတယ်. ကဲ ဒီလောက်ဆိုရင် အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် . လိုချင်ရင်တော့ ဒီမှာ Download လုပ်ယူလိုက်ပါ .

adobe pagemaker 7.0


Adobe pagemaker 7.0 မရှိတဲ့သူများအောက်မှာ ဒေါင်းလော့လုပ်ပြီးယူလိုက်ပါ .... part 1 ကို ဖြေလိုက်တာနဲ့ part 2 ကိုပါ သူက တစ်ခါတည်းဖြေပေး ပါလိမ့်မယ် ... serial no ကိုတော့ အဲ့ဒီ့ထဲမှာပဲ Notepad နဲ့ ထည့်ရေးပေးထား ပါတယ် .. ကဲအောက်မှာဒေါင်းလိုက်ပါဦး

Download ifile.it PART-1PART-2

USB ထဲက Folder တွေ Password ပေးပြီးပိတ်မယ်

Quantcast

SecureStix USB Password Protect 2011

ကျနော်တို့တတွေ တွေ့နေကြဖြစ်တဲ့ Security Softwareအများစုက Hard Disk ထဲက Folder တွေ File တွေလောက်ကိုဘဲ Password ပေးပြီး ပိတ်ကြတာများပါ တယ်။ အခုတင်ပေးထားတဲ့ SecureStix USB Password Protect 2011 Software လေးကတော့ Hard Disk တင်မကဘဲ USB ထဲမှာ ရှိနေတဲ့ Folder တွေကိုပါ ပိတ်ပေးမှာဖြစ်ပါ တယ်။လျှို့ဝှက်ချက် တွေများတဲ့သူတွေအတွက်တော့ ရှယ်ပေါ့ဗျာ။ ဘယ်လိုအချိန်မျိုးမှာသုံးသင့်လဲဆိုရင်တော့ မိမိရဲ့ USB ထဲမှာ မိမိကိုယ်တိုင်မှလွဲပြီး အခြားသူတွေ မသိစေချင်တဲ့ အကြောင်းအရာအချက်အလက် ဓါတ်ပုံတွေ Video တွေ အလုပ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို သိမ်းထားတက်တဲ့သူတွေ ပိုပြီးလိုအပ်မှာ ပါဗျာ။ ဖြစ်တက်တယ်ဗျာ ကိုယ့်ရဲ့ USB ကိုတခြားတစ်ယောက်ယောက်က ခဏငှားသုံးမယ်ဆိုရင်တော့ ဒီ Software လေးသုံးပြီးပိတ်ထားပြီး မှ ပေးလိုက်တော့ ပိုပြီးစိတ်ချရတာပေါ့ဗျာ။ Full Version နော်။ Window XP, Vista, 7 အားလုံးကို အထောက်အပံ့ပေးပါတယ်။ အဆင်ပြေကြပါစေ။

Media Fire မှ Download လုပ်ရန်

Ziddu မှ Download လုပ်ရန်

ဓာတ်ပုံလေးတွေကိုစကားပြောခိုင်းမယ်

CrazyTalk ကိုတော့မသုံးဘူးတောင်ကြားဘူးမယ်လို့ထင်ပါတယ်..။မိမိတို့ရဲ့ပုံလေးတွေကိုပဲဖြစ်ဖြစ် Animation

လေးနဲ့စကားပြောခိုင်းမယ် ၊ မျက်လုံးဖွင့်မယ်ပိတ်မယ် ၊မျက်နှာအမူအရာကအစလူတစ်ယောက်စကားပြောနေ

တဲ့အတိုင်းမိမိတို့ရဲ့ပုံလေးတွေကို Crazy Talk လေးသုံးပြီးဖန်တီးနိုင်မှာဖြစ်ပါတယ်..။ကျွန်တော်တို့ကာတွန်း

ကားတွေမှာမြင်ဘူးမှာပါ..။ကာတွန်းရုပ်လေးတွေကလူတစ်ယောက်လှုပ်ရှားပုံအတိုင်းဖန်တီးထားတာတွေ့ရ

ပါလိမ့်မယ်..။အဲ့ဒီလိုပဲကျွန်တော်တို့ကလဲ Crazy Talk ကိုသုံးပြီးလူတစ်ယောက်စကားပြောနေတဲ့အတိုင်းဓာတ်

ပုံလေးတွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်..။စိတ်ဝင်စားတဲ့သူများကတော့ကလိကြည့်လိုက်ပါ..။သူမှာပါတဲ့ Frame

တွေအတိုင်းလိုက်လုပ်ယုံပါပဲ..။စိတ်ဝင်စားတဲ့သူများကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့

ချသွားလိုက်ပါ..။

Download From Ifile.it


Download From Mediafire

Windows 8 အကြောင်းတစ်စေ့တစ်စောင်း

ကျွန်တော် ဟိုတစ်နေ့က Windows 8 အတွက် Windows Developer Preview ဆိုပြီးထွက်လာတဲ့ ကောင်လေးကို စမ်းပြီး သုံးကြည့်ရင်းနဲ့ တစ်ခြားမသုံး ရသေးတဲ့သူတွေလဲ Windows 8 နဲ့ပါတ်သတ် တာလေးတွေ ဘာတွေ Support လုပ်ထားတယ် ၊ ဘယ်လို Function တွေပါဝင်တယ် ဆိုတာကို ကျွန်တော်လေ့လာ မိသလောက်လေး ပြန်ပြီးမျှဝေ ပေးသွားပါမယ်.. ကိုယ်တိုင်သုံးကြည့်တဲ့ အခါကြရင် အဆင်ပြေပြေ နဲ့ ဘယ်ဟာက ဘယ်လိုသုံးရတယ်ဆိုတာကိုလဲ သိစေချင်တဲ့ သဘောနဲ့ပါ.. ကျွန်တော်တို့ Windows 8 ကနေပြီးတော့ September 13 ရက်နေ့မှာ Preview Version ဆိုပြီး Windows Developer Preview ကို အစမ်းအနေနဲ့ စပြီးအသုံးခွင့်ပေးခဲ့ပါတယ်.. အများစုလဲစမ်းသုံးဖူးကြရင် သုံးဖူးပြီးသား ဖြစ်ပါလိမ့်မယ်..

Windows Developer Preview ကိုအသုံးပြုမယ်ဆိုရင် လိုအပ်တဲ့ Hardware Requirement ကိုကျွန်တော် အောက်မှာဖော်ပြပေးထားပါတယ်.. တကယ်လို့စမ်း သုံးမယ်ဆိုရင်တောင် မိမိတို့စက်မှာ တင်ထားတဲ့ Windows အဟောင်းရယ် Windows Developer Preview ကိုတင်တဲ့အခါ အဆင်ပြေမပြေကို အရင်ဆုံးလေ့လာ သင့်ပါတယ်..

Minimum hardware requirements for Windows Developer Preview
Architecture x86 (32-bit) x86-64 (64-bit)
Processor 1 GHz x86 processor 1 GHz x86-64 processor
Memory (RAM) 1 GB 2 GB
Graphics Card DirectX 9 graphics processor with WDDM driver model 1.0(Not absolutely necessary; only required for Aero hardware acceleration. Graphics processors with no WDDM support will fall back to software rendering of Windows Aero and other 3D-accelerated graphics.)
HDD free space 16 GB of free disk space 20 GB of free disk space

အပေါ်ကတော့ Windows Developer Preview ကိုစမ်းပြီး သုံးကြည့်ချင်တဲ့ သူတွေအတွက် လိုအပ်မဲ့ Hardware Requirement ပါ..

Windows ကိုစပြီး Install လုပ်တဲ့ အပိုင်းကနေပဲ ပြောပြပေးပါမယ်.. ဒီကောင်လေးကို Install လုပ်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ Windows 7 Installation လုပ်တာနဲ့ အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး Windows 7 ပေါ်မှာပဲ အဓိကအခြေခံပြီး ထုတ်ထားတာလို့ ပြောလို့လဲရပါတယ်.. Windows XP နဲ့ Windows 7 Installation လုပ်သလို အရမ်းကြီး ကွာဟမသွားပါဘူး.. ဒါကြောင့် Windows 7 တင်တက်မယ်ဆိုရင် Windows 8 Installation ကိုလဲလုပ်ဖို့ အဆင်ပြေပါလိမ့်မယ်..

နောက်တစ်ချက်ကတော့ Windows 8 မှာ Windows 7 နဲ့လုံးဝ ကွာခြားသွားတာကတော့ Start Menu Screen ပါ .. ကျွန်တော်တို့က Windows Installation ပြီးပြီဆိုတာနဲ့ အရင် Windows 7 မှာလို Windows 7 Screen ကိုတန်းပြီး ပေါ်လာမှာမဟုတ်ပဲ Start Menu Screen ကိုတန်းပြီး ပေါ်လာမှာဖြစ်ပါတယ်.. ကျွန်တော်တို့က Windows Screen ထဲကိုဝင်မယ်ဆို တော့မှ Windows Screen ကိုရွေးပြီးဝင်ရောက် ပေးရမှာဖြစ်ပါတယ်..

ကျွန်တော် လဲအများကြီးတော့ စမ်းမကြည့်ရသေးပါဘူး..ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့် သလောက် Windows 8 Priview Version မှာ Windows 7 ထက်ပိုပြီး ထူးခြားလာတဲ့ အချက်လေးတွေကိုတော့ ရေးပေးသွားပါမယ်..

ကျွန်တော်တို့ Windows 8 Screen ထဲကိုဝင်လိုက်ပြီ ဆိုရင် အရင်ဆုံး လေ့လာရမှာက Start Menu Bar ပါ .. Windows 8 မှာအရင်လို Start Menu Bar မပါတော့ပဲ Start Menu Bar အစား Search ကိုကောင်းကောင်း အသုံးချလို့ ရအောင်ပြုလုပ်ပေးထားပါတယ်..

အပေါ်က ပုံအတိုင်း Start Menu Bar ကိုအရင်လို ထည့်မပေးတော့ပဲ Start ဆိုတာလေးကို ထောက်လိုက်ရင် Start Menu Bar လေးပေါ်လာမယ်.. အဲ့ဒီကမှ မိမိ Windows မှာတင်ထားတဲ့ Application တွေကိုရှာမယ် ဆိုရင်ပဲဖြစ်ဖြစ် Setting မှာသွားပြီးရှာမယ်ဆိုရင်ပဲဖြစ်ဖြစ် Search ကနေသွားပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်..

အပေါ်ကပုံ အတိုင်းပေါ်လာရင် ကျွန်တော်တို့က အရင်ဆုံး Application ထဲမှာရှာချင်တာလား , Setting ထဲမှာရှာချင်တာလား ဆိုတာကိုအရင်ရွေးပေးလိုက်ပါ.. ပြီးရင် Search မှာ ဥပမာ ၊ ၊ Mozilla Firefox ကိုရှာချင်တယ်ဆိုရင် Mozilla Firefox ကိုရှာ ပြီးရင် ဆက်လုပ်လို့ရမယ့် Function တွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..

အောက်ကပုံအတိုင်း ကိုရွေးထားတဲ့ Application ကိုချက်ချင်း မဖွင့်ပဲ Tab Bar ထဲမှာထည့်မှာလား တစ်ခြားသုံးလို့ ရတဲ့ Function လေးတွေလဲရှိပါသေးတယ်.. အရင်ဆုံး Firefox ကိုရွေးထားတယ်ဆိုရင် အဲ့ဒီကောင်လေးကို Right Click ထောက်လိုက်ပါ.. ဒါဆိုရင် အမှန်ခြစ်လေး ဖြစ်သွားပါလိမ့်မယ်..

ပြီးရင်ဒီကောင်လေးကို Run မှာလား စတာတွေကိုလုပ်ပေးလို့ရပါတယ်.. ကျွန်တော်ကနမူနာ သဘောပြောပြပေးတာပါ.. သုံးကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်..

အောက်ကပုံကတော့ ကျွန်တော်တို့ Start Menu Bar ကနေ Setting ကိုဝင်လိုက်ရင် တွေ့ရမဲ့ ပုံစံပါ.. Setting အောက်မှာ ကျွန်တော်တို့ Sound ပိုင်းတွေ Network ပိုင်းတွေ အတွက်ဆောင်ရွက် လို့ရမှာဖြစ်တဲ့ အပြင် ကွန်ပျူတာကို Shurt Down ချမယ် , Restart ချမယ် ဆိုရင် ဒီအထဲက Power ကနေသွားပြီး လုပ်ပေးရမှာဖြစ်ပါတယ်..

ဒါလေးပြီးတော့ Folder Option အပိုင်းလေ နည်းနည်းလှည့်ကြည့်ရအောင် .. ဒီနေရာမှာတစ်ခု သတိထားမိလားတော့မသိဘူး Srart Menu Bar မပါတော့ အရင်လို Control Panel ကိုဘယ်လို သွားမလဲ ဆိုပြီးမေးစရာ ဖြစ်လာပါလိမ့်မယ် .. အဲ့ဒီအတွက် Windows 8 မှာတော့ Folder Option မှာ ပိုပြီးတော့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်.. အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

အပေါ်ကပုံမှာ ပြထားသလို အရင်လို အလုပ်ရှုပ်နေစရာ မလိုတော့ပဲ Control Panel ကိုသွားမယ်ဆို ရင်လဲ Open Control Panel ကိုရွေးပြီးသွားလိုက်ယုံပါပဲ ဒါမှမဟုတ် Uninstall လုပ်မယ်ဆိုရင်လဲ Uninstall or Change a program ကနေ တိုက်ရိုက်သွားလို့ရပါတယ်..

အပေါ်က ပုံနဲ့ အောက်ကပုံက ဘာကိုပြထားတာလဲ ဆိုတော့ ကျွန်တော်တို့က Folder တွေကို တစ်နေရာကနေ တစ်နေရာကို တစ်နေရာကနေတစ်နေရာ ကိုအလွယ်တကူ ရွေ့နိုင်မယ် . ဒါမှမဟုတ် မိမိတို့ Copy ကူချင်တဲ့ နေရာကို တိုရိုက် Copy ကူးလို့ရမယ် ဖျက်ချင်တဲ့ဖိုဒါကို ရွေးပြီး Delete တိုက်ရိုက် လုပ်လို့ရမယ် .. Rename ပေးချင်ရင်လဲ တိုက်ရိုက်ပေးလို့ ရမယ်.. ဒါက ပိုပြီးအသုံးပြုလို့အဆင်ပြေ အောင်လုပ်ပေးထားတဲ့ Function တွေပါ..

ကျွန်တော်တို့ Folder Option ထဲက View ကတော့အရင်ထက် အသုံးပြုရတာ ပိုအဆင်ပြေသွား တာပေါ့..

ပြီးရင် ကျွန်တော်တို့ Drive ကိုသွားကြည့်လိုက်ပါ .. အရင်လို Partaio တွေကို Clean Up လုပ်ချင်တာပဲ ဖြစ်ဖြစ် Format လုပ်ချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူဆောင်ရွက် နိုင်မှာဖြစ်ပါတယ်..

ပြီးရင်နောက်တစ် ချက်ကတော့ Unicode Font ကို Windows 8 မှာ Support လုပ်တာပဲ ဖြစ်ပါတယ်.. ဒါကတော့ Windows 8 ထွက်လာတာနဲ့ ပါတ်သတ်ပြီး မြန်မာလူမျိုး တွေအတွက် အဓိကအားသာချက် ဖြစ်ပါတယ်. အရင်လို ဖောင့်သက်သက် Install လုပ်စရာမလိုပဲ Unicode နဲ့ရေးထားတဲ့ စာတွေကို ဖတ်လို့ရမှာဖြစ်ပါတယ်.. အရင်လို မြန်မာဖောင့်နေရာဆိုရင် အတုံးတုံးလေးတွေ အပေးတော့ ပဲဖောင့်ပေါ် သွားပြီပေါ့ဗျာ.. တကယ် ကြိုးစားပေးကြတဲ့ ပညာရှင်တွေကိုလဲ အရမ်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်.အောက်မှာ ကြည့်ကြည့်ပါ Myanmar Text Regular ဆိုပြီးတွေ့ ပါလိမ့်မယ်..

အောက်ကပုံကတော့ သူထဲမှာ မူရင်းပါတဲ့ Theme ပုံပါ..

အောက်ကပုံကတော့ ကျွန်တ်ာတို့ Welcome Screen ပုံလေးပါ.. ကျွန်တော်တို့က Enter ခေါက်ပြီး ၀င်သွားရမှာ ဖြစ်ပါတယ်.. မိမိတို့စိတ်ကြိုက် ပုံစံပြောင်းလို့ရပါတယ်..

အောက်ကပုံကတော့ ကျွန်တော်တို့ ၀င်သွားလိုက်ရင် Windows Install လုပ်တုန်းက အကောင့်ဖောက်ခဲ့သလိုပဲ User ပေါ်နေမှာဖြစ်ပါတယ်.. အဲ့ဒီကနေ၀င် ပြီးရင် Password ရိုက်ထည့်ပြီးဝင်သွား လိုက်ယုံပါပဲ..

ဒီလောက် ဆိုရင်တော့ Windows 8 နဲ့ပါတ်သတ်ပြီး တီးမိခေါက်မိတော့ ရှိသွားလိမ့်မယ်လို့ ထင်ပါတယ်.. ကျွန်တော်လဲ လောလောဆယ် စမ်းကြည့်မိတာ လေးတွေပဲရေးပေး ထားတာပါ.. Windows 7 အသုံးပြုနေသူ တွေအတွက်တော့ သုံးရတာ အရမ်းကြီးခက်ခဲမှု ရှိမှာမဟုတ်ပါဘူး..

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Eagle Belt Buckles