Showing posts with label SOFTWARE. Show all posts
Showing posts with label SOFTWARE. Show all posts

Saturday, February 4, 2012

USB ထဲက Folder တွေ Password ပေးပြီးပိတ်မယ်

Quantcast

SecureStix USB Password Protect 2011

ကျနော်တို့တတွေ တွေ့နေကြဖြစ်တဲ့ Security Softwareအများစုက Hard Disk ထဲက Folder တွေ File တွေလောက်ကိုဘဲ Password ပေးပြီး ပိတ်ကြတာများပါ တယ်။ အခုတင်ပေးထားတဲ့ SecureStix USB Password Protect 2011 Software လေးကတော့ Hard Disk တင်မကဘဲ USB ထဲမှာ ရှိနေတဲ့ Folder တွေကိုပါ ပိတ်ပေးမှာဖြစ်ပါ တယ်။လျှို့ဝှက်ချက် တွေများတဲ့သူတွေအတွက်တော့ ရှယ်ပေါ့ဗျာ။ ဘယ်လိုအချိန်မျိုးမှာသုံးသင့်လဲဆိုရင်တော့ မိမိရဲ့ USB ထဲမှာ မိမိကိုယ်တိုင်မှလွဲပြီး အခြားသူတွေ မသိစေချင်တဲ့ အကြောင်းအရာအချက်အလက် ဓါတ်ပုံတွေ Video တွေ အလုပ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို သိမ်းထားတက်တဲ့သူတွေ ပိုပြီးလိုအပ်မှာ ပါဗျာ။ ဖြစ်တက်တယ်ဗျာ ကိုယ့်ရဲ့ USB ကိုတခြားတစ်ယောက်ယောက်က ခဏငှားသုံးမယ်ဆိုရင်တော့ ဒီ Software လေးသုံးပြီးပိတ်ထားပြီး မှ ပေးလိုက်တော့ ပိုပြီးစိတ်ချရတာပေါ့ဗျာ။ Full Version နော်။ Window XP, Vista, 7 အားလုံးကို အထောက်အပံ့ပေးပါတယ်။ အဆင်ပြေကြပါစေ။

Media Fire မှ Download လုပ်ရန်

Ziddu မှ Download လုပ်ရန်

Wednesday, September 28, 2011

Virus အထူးစပါယ်ရှယ် သတ်လိုသူများအတွက် kaspersky 2012

kaspersky 2012 ပါ လိုချင်သူများ ဒေါင်းလော့ခ်လုပ်ယူကြပါ။ ကီးတွေကတော့ တစ်လတစ်ခါ သက်တမ်း ကုန်ပါလိမ့်မယ် ထို့အတွက်ကြောင့် ပေးထားသော ဆိုဒ်များမှ update သွားရောက်လုပ်နိုင် ပါ့လိမ့်မယ်။ ကီးများအတွက်ကတော့ စိတ်ပူပန်စရာများ မရှိပါ။ ညွန်းထားသော ဆိုဒ်များမှသာ ကီးများ ကိုထည့်သွင်းပြီးပါက လုံးဝ လုံးဝ အဆင်ပြေပါလိမ့်မယ်။ သို့ပေမယ့်… ညွန်းထားသော ဆိုဒ်များသို့ သွားရောက်သည့်အခါတွင် kaspersky ကို ပိတ်ထားရန် အထူး အထူး လိုအပ်ပါသည်။ သို့မှသာ အဆင်ပြေပါလိမ့်မယ်။

Kaspersky 2012 Download ပြုလုပ်ရန် Click နှိပ်ပါ။

Key download ပြုလုပ်ရန် Click နှိပ်ပါ

Recently Updated များအတွက် http://www.55-88.com/index.html ယခုပေး ထား သော Link ကို Click နှိပ်ပါ

Wednesday, September 21, 2011

Photo to Cartoon



ဓါတ်ပုံအဖြစ် ရိုက်လာတဲ့ ဓါတ်ပုံလေးတွေကို ကာတွန်းရေးဆွဲထားသလို ပြုလုပ်နိုင်တဲ့ ဆော့ဝဲလ်လေးပါ။ ခက်ခက်ခဲခဲ နည်းလမ်းတွေ မပါပါဘူး။ Make Panel လေးမှာ လုပ်ရုံပါ။ Photoshop ကို ဖွင့်ပြီး လုပ်စရာ မလိုတဲ့အတွက် အဆင်ပြေမှာပါ။ ဒီမှာ Download လုပ်ယူပါ။

မြန်မာလက်ကွက် ကျင့်ရအောင်



KMD က ကိုမြတ်ခိုင် ပြုလုပ်ထားတဲ့ မြန်မာလက်ကွက် လေ့ကျင့်တဲ့ ဆော့ဝဲလ်လေးပါ။ ကွန်ပျူတာ မြန်မာလက်ကွက် လေ့ကျင့်နေတဲ့ သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။

မြန်မာ့ဖောင့်မျိုးစုံ



Cbox မှာ လာရောက်တောင်းဆိုထားတဲ့ မနှင်းရေ....။ မနှင်းလိုချင်တဲ့ မြန်မာ့ဖောင့် မျိုးစုံကို ဖော်ပြပေး လိုက်ပါတယ်။ ဖော်ပြပေးတဲ့ အချိန် နောက်ကျသွားတဲ့အတွက် နားလည်ပေးပါ။ ဒီတွင် Download လုပ်ယူပါ။

Data Recover



Cbox မှာ လာရောက် တောင်းဆိုထားသော ကိုနိုင်ရေ . . ။ မအားလပ်တာနဲ့ ဖော်ပြပေးတာ နောက်ကျ သွားပါတယ်။ နားလည်ပေးပါ။ အမှန်တော့ ကျနော် ဒီမှာ ဖော်ပြပေး ပြီးသား ဖြစ်သလို ဒီမှာလဲ ဖော်ပြပေး ခဲ့ပါတယ်။ ကဲ အခုလဲ အသစ်တစ်ခု ထပ်မံ ဖော်ပြပေး လိုက်ပါတယ်။ မိမိကွန်ပျူတာမှာ Shift + Delete ကြောင့်ပဲ ဖိုင်တွေကို ဖျက်မိဖျက်မိ၊ Formatting ကြောင့်ပဲ ဖျက်မိဖျက်မိ၊ အကြောင်းအမျိုးမျိုးကြောင့် ဖျက်မိတယ်ဆိုရင် ဒီဆော့ဝဲလ်လေးနဲ့ ပြန်ခေါ်ယူပါ။ ဒီတွင် Download လုပ်ယူပါ။

Flash Effect Maker Pro



ဟိုတစ်နေ့က Gtalk မှာ လာရောက်တောင်းဆိုထားတဲ့ ဆော့ဝဲလ်လေးပါ။ အချိန်မအားလပ်တာကြောင့် နောက်ကျမှ ဖော်ပြပေးမိပါတယ်။ အဲဒီအတွက်လဲ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကဲလိုချင်တဲ့ ဆော့ဝဲလ်လေးကို ဖော်ပြလေးလိုက်ပါတယ်။ ဒီတွင် Download ယူပါ။

ဒီဆော့ဝဲလ်လေး အသုံးဝင်ပုံကိုလည်း တောင်းဆိုသူရော တစ်ခြားစာဖတ်သူများ အနည်းငယ် ပြောပြလိုပါတယ်။ ဘလော့မှာ Banner တွေ၊ Flash Website တွေ၊ Slid show တွေ၊ Animation စာသားတွေ စသည် စသည်များဖြင့် စုံလင်စွာ ဖန်တီနိုင်သော ဆော့ဝဲလ်လေးပါ။ သုံးကြည့်ရင် ကောင်းမှန်းသိမှာပါ။

Logo ပြုလုပ်မယ်

ဒီနေ့ကတော့ အားလုံးအတွက် အသုံးဝင်တဲ့ AAA Logo 2008 ကို ဖော်ပြပေးပါမယ့်။ ဒီဆော့လေးရဲ့ အသုံးဝင်မှုတွေကတော့ ဒီဇိုင်းမျိုးစုံနဲ့ မိမိတို့ရဲ့ Logo များကို သတ်မှတ်ပြုလုပ်လို့ ရပါတယ်။ အင်မတန်မှ စိတ်ဝင်စားဖွယ် ကောင်းတဲ့ ဆော့ဝဲလ်လေးပါ။



လုပ်ဆောင်ရန် နည်းလမ်းများသည်လည်း လွယ်ကူပါတယ်။ စိတ်ဝင်စားသူများ ဒီတွင် Download ယူပါ။ Kegen ဖိုင်ပါ ထည့်ပေးထားပါတယ်။ အဆင်ပြေပါစေ။

DVD Styler Software (Portable)



Video ကားတွေကို DVD ပြုလုပ်ချင်သူများ၊ DVD ပုံစံဖြင့် သွင်းချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ DVD Styler လေးပါ။ ဒီဆော့ဝဲလ်က မိမိတို့ရဲ့ စက်ထဲကို Install လုပ်စရာ မလိုပါဘူး။ Portable Software လေး ဖြစ်လို့ပါ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။

Signature Software



မိမိတို့ရဲ့ ကိုယ်ပိုင် Signature ပြုလုပ်ချင်သူများအတွက် Signature Software လေး ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးစွဲ၍ ရအောင်လဲ Patch ဖိုင်လေးပါ ထည့်သွင်းပေးထားပါတယ်။ ဆိုက်ကတော့ သေးပါတယ်။ 1 MB ကျော်ကျော်သာ ရှိပါတယ်။ ဒီမှာ Download လုပ်ယူပါ။

All Video to VCD DVD



လိုအပ်မည့်သူများအတွက် All Video to VCD SVCD DVD Creator & Burner 4.2 လေး ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်က ဘာတွေသုံးလို့ရလဲ ဆိုတာကတော့ မြင်တာနဲ့ သိသာပါတယ်။ ဒီမှာ Download လုပ်ယူပါ။

Frame Photo Editor



Photo တွေအတွက် အလှဆင်ဖို့ Frame တွေ ရှာကြည့်တာ စိတ်တိုင်းကျကို မတွေ့သေးဘူး။ ရလာတော့လဲ ရက် ၃၀ ပဲသုံး။ အကြာကြီးမရဘူး။ Full Version ကို ရှာရတာ ကြာတော့ ငြီးငွေ့မိသလို ဖြစ်လာတယ်။ တော်တော်နဲ့ မရဘူး။ တစ်ချို့က Crack file တွေ။ တစ်ချို့က Patch ဖိုင်တွေ။ သုံးကြည့်တော့ အဆင်မပြေဘူး။ မိမိရဲ့ Window XP SP3 ကြောင့်။

ချားတူးကို လံနေတာပဲ။ Window XP SP3 က။ ဘာတင်တင် လက်မခံတာက များနေတယ်။ SP2 တုန်းက အဆင်ပြေတယ်။ Window ပဲ ပြန်ချရမလို ဖြစ်နေတယ်။ ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်းပဲ Photo Frame Software ကောင်းလေး ရခဲ့တယ်။ လိုင်စင်နဲ့။ အပြည့်သုံးလို့ရတယ်။ လိုအပ်ရင် ယူပေါ့။ Download လုပ်ယူပေတော့။

Picasa 3.6 အသုံးဝင်မှု



Google ပေး ဆော့ဝဲလ်ထဲက မိမိ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်လေးတစ်ခုကို ညွှန်းချင်ပါတယ်။ Picasa Software လေးပါ။ Photo Viewer ဆိုပေမယ့် အသုံးတည့်တာတွေ များပါတယ်။

၁) Web ပေါ်ကို ဓါတ်ပုံတင် Upload လုပ်လို့ရခြင်း၊
၂) မိမိစက်ထဲတွင် ရှိသော ဓါတ်ပုံများကို Email ပေးပို့နိုင်ခြင်း၊
(ပို့ချင်သည့် ပုံများကို Upload လုပ်စရာမလိုသည့်အတွက် လျင်မြန်မှုက ပြောမပြနိုင်အောင်ပင်)
၃) Print ထုတ်ရာတွင် အထူးကောင်းမွန်ခြင်း၊
၎) Export လုပ်နိုင်ခြင်း၊
၅) Blog ကို တန်းတင်နိုင်ခြင်း၊
၆) Collage ခေါ် ပုံများကို ဖြတ်ညှပ်ကပ်လုပ်နိုခြင်း၊
၇) Movie လုပ်နိုင်ခြင်းနှင့် Youtube ကို တင်နိုင်ခြင်း၊
၈) Goolge Earth တွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း၊

မိမိ အကြိုက်ဆုံးကတော့ စက်ထဲမှာ ရှိသမျှ ပုံများကို တစ်စုတစ်စည်းတည်း ရှာဖွေ ကြည့်ရှုနိုင်ခြင်းပင် ဖြစ်ပါတယ်။ ပုံကိုလဲ အကြီးချဲ့ ကြည့်စရာ မလိုပဲ ကြည့်နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် အရေးတယူ ရေးသားလိုက်ရပါတယ်။ သုံးရင်း သုံးရင်း သုံးရမည့် နည်းလမ်းများကို သိလာပါလိမ့်မယ်။ စိတ်ဝင်စားရင် Picasa 3.6 ဒေါင်းယူပါ။

ကျေးဇူး Driver Scanner

မနေ့တစ်နေ့က မိတ်ဆွေတစ်ယောက်ရဲ့ စက်ကို သွားကြည့်ပေးဖြစ်တယ်။ Window က တော်တော်ကို သုံးမရအောင် ဖြစ်နေတယ်။ နည်းမျိုးစုံနဲ့ ပြင်ကြည့်မိတယ်။ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်ပြီမို့ နောက်ဆုံး Window ပြန်တင်ခဲ့ရတယ်။

Window တင်ပြီးတော့ စက်ရဲ့ On Board နဲ့ ပတ်သက်တဲ့ အခွေတွေ တောင်းတော့ မရှိတော့ဘူးတဲ့။ ရှာတာ မတွေ့တော့ဘူးတဲ့လေ။ စိတ်လေသွားတယ်။ Graphic ရယ်၊ Sound ရယ်၊ Network တွေ မရနိုင်ဘူးလေ။ အခွေမရှိရင်။ ဒါနဲ့ မိမိလဲ ဆော့ဝဲလ်တစ်ခု သွားစဉ်းစားမိတယ်။

Driver Scanner ပါပဲ။ ဒီဆော့ဝဲလ်က မိမိဝယ်ထားတဲ့ အခွေမှာ ပါပေမယ့် တစ်ကြိမ်မှ မစမ်းဘူးသေးဘူး။ Network ကို အရင်ဆုံး တစ်ခြားစက်က အင်တာနက်သုံးပြီး ရှာထည့်လိုက်တယ်။ ပြီးတော့ စက်ကို အင်တာနက် ချိတ်လိုက်တယ်။ အခုသုံးမယ့် ဆော့ဝဲလ်က အင်တာနက် မရှိရင် အသုံးမ၀င်ဘူးလေ။ အင်တာနက်ရမှ Install လုပ်လိုက်တယ်။


Install ပြီးသွားတော့ Update လုပ်ရမှာတွေ၊ Install လုပ်ဖို့လိုတဲ့ Graphic ၊ Sound စတာတွေ ပေါ်လာတယ်။ ပြထားတဲ့ အဆင့်တွေအတိုင်း Download လုပ်ခိုင်းတယ်။ ပြီးရင် အင်စတောတွေ လုပ်လိုက်တယ်။ စက်က အိုကေသွားတယ်။ သက်ပြင်းရှည်ကြီး ချနိုင်တော့တယ်။

စာဖတ်သူများလဲ မိမိတို့တွေရဲ့ စက်တွေမှာ Software တွေ Update လုပ်ဖို့နဲ့ Window တင်ပြီးရင် ကြုံတွေ့ရတဲ့ အခက်အခဲတွေ ပြေလည်စေဖို့ ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်တစ်ခု ဖြစ်ပါတယ်။ စိတ်ဝင်စားရင်ဖြင့် Download လုပ်ယူပါ။

Google Earth

Google Map မှာ အသစ်တိုးပြီး လုပ်ဆောင်ထားတာကတော့ 3D earth ပါ။ Google Earth Pro ဆော့ဝဲလ်နဲ့ ကြည့်စရာ မလိုတော့ပဲ Google ကနေ တိုက်ရိုက်ကြည့်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ လွယ်ကူတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။



စိတ်ဝင်စားတယ်ဆိုရင်တော့ Google Earth Plugin လေးကို ဦးစွာ Install လုပ်ပါ။ IE မှာ မိမိတို့ သုံးနေတဲ့ Proxy ကို မှန်ကန်အောင် ထည့်ထားရပါမယ်။ တစ်ချို့က Mozilla သုံးတဲ့အတွက် IE မှာ Proxy မထည့်ထားတာများ တွေ့ရပါတယ်။

ပြီးလျှင် www.google.com ကို ဖွင့်။ Maps ကို ရွေးချယ်ရပါတယ်။ ညာဘက်အစွန်းတွင် Earth ဆိုတာ ရှိပါတယ်။ နိုပ်လိုက်ရင် Google Earth 3D မြင်ကွင်းကို ကြည့်ရှုနိုင်ပါပြီ။

Flag Animation



အလံတွေ လေထဲလွှင့်နေသလို လုပ်တဲ့ ဆော့ဝဲလ်ကို လိုချင်လို့ ရှာနေတာ တစ်ပတ်လောက်ရှိပြီ။ အင်တာနက်ကလဲ ကောင်းကောင်း မရတာနဲ့ Photoshop မှာ လုပ်ကြည့်သေးတယ်။ ထင်သလောက် ကောင်းမွန်စွာ မရရှိဘူး။ adobe premiere တို့နဲ့ လုပ်နည်းတွေတော့ တွေ့တယ်။ ဒီထက် ကောင်းကောင်း မွန်မွန် ဖြစ်ပေမယ့် ကိုယ့်က မလုပ်တတ်တော့ ခက်ပြန်။

ဒါပေမယ့် သည်းကြီးမဲကြီး ရှာလိုက်တာ တွေ့တယ်။ Trail Version ဖြစ်နေလို့ ဒုက္ခရောက်ရပြန်တယ်။ အခုတော့ အဆင်ပြေသွားပြီ။ Crack ဖိုင်ကို သီးခြားရှာပြီး သုံးလိုက်တယ်။ စာဖတ်သူများလဲ လိုအပ်လို့ရှိရင် သုံးစွဲနိုင်အောင် ဖော်ပြလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Install လုပ်ပြီး မသုံးပဲ အရင်ဦးစွာ ပိတ်ထားပါ။ Folder ထဲမှာ ပါတဲ့ Patch file လေးကို C: အောက်က Program Files ထဲက Pegtop ဆိုတဲ့ ဖိုင်ထဲကို Past ချပြီး Run လိုက်ပါ။ ပြီးရင် Patch Bottom ကို Click လိုက်ရင် အမြဲတမ်းသုံးစွဲနိုင်ပါတယ်။

အင်္ဂလိပ်စကားပြောခိုင်းမယ်


ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။

ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။

Tuesday, September 20, 2011

USB သော့ခတ်လိုလျင်

USB Password ထည့်ချင်ရင်

ဒီမှာ ဒေါင်းလို့ ယူပါ။ ဒေါင်းလို့တဲ့ချိန်မှာ နည်းနည်းစောင့်ရလိမ့်မယ်။ ပြီရင်
USB ထဲမှာ install လုပ်လိုက်ပါ။

install ပြီလို့ဆိုရင် box တစ်ခုပေါ်လာမည် အဲမှာ password ရိုက်ထည့်ပြီ OK နှိပ်ရုံပါပဲ။ သုံးလိုရပါပြီး

အဆင်မပြေဘူးဆိုရင် မေးမြန်နိုင်ပါတယ်။
ကျေးဇူးတင်လျက်

Adobe After Effects CS4


ဒါလေးကတော့ နောက်ထွက်လေးပါ . နင်းကန် စွတ်ပေးနေလို့ ကွန်ပျူတာမှာ မဆံ့ရင်လဲ DVD နဲ့သာ burn ထားကြဗျာ .. ဟုတ်ပြီလား program ဆိုတာ တစ်ကယ်လိုရင် မရှိတော့ဘူး .
Adobe After Effects CS4 software, you can create compelling motion graphics and blockbuster visual effects with flexible tools that help save you time and deliver unparalleled creative power.

ကဲအောက်မယ် ထုံးစံအတိုင်း

Download rapidshare
http://rapidshare.com/files/138453062/A.CS.a.A.E.part01.rar
http://rapidshare.com/files/138453863/A.CS.a.A.E.part02.rar
http://rapidshare.com/files/138454761/A.CS.a.A.E.part03.rar
http://rapidshare.com/files/138455612/A.CS.a.A.E.part04.rar
http://rapidshare.com/files/138456391/A.CS.a.A.E.part05.rar
http://rapidshare.com/files/138457278/A.CS.a.A.E.part06.rar
http://rapidshare.com/files/138458086/A.CS.a.A.E.part07.rar
http://rapidshare.com/files/138458802/A.CS.a.A.E.part08.rar
http://rapidshare.com/files/138459550/A.CS.a.A.E.part09.rar
http://rapidshare.com/files/138460365/A.CS.a.A.E.part10.rar
http://rapidshare.com/files/138461119/A.CS.a.A.E.part11.rar
http://rapidshare.com/files/138461937/A.CS.a.A.E.part12.rar
http://rapidshare.com/files/138462729/A.CS.a.A.E.part13.rar
http://rapidshare.com/files/138463478/A.CS.a.A.E.part14.rar
http://rapidshare.com/files/138464242/A.CS.a.A.E.part15.rar
http://rapidshare.com/files/138464972/A.CS.a.A.E.part16.rar
http://rapidshare.com/files/138465778/A.CS.a.A.E.part17.rar
http://rapidshare.com/files/138466571/A.CS.a.A.E.part18.rar
http://rapidshare.com/files/138467352/A.CS.a.A.E.part19.rar
http://rapidshare.com/files/138467825/A.CS.a.A.E.part20.rar

Password
www.rapidgamez.com


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Eagle Belt Buckles