Showing posts with label Laptop. Show all posts
Showing posts with label Laptop. Show all posts

Sunday, February 5, 2012

အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။



.


Screen size နှင့် အလေးချိန်..

Screen size က Laptop screen size ထက်ပိုပီး သေးငယ်ပါတယ်။ သူ့ကို ဈေးကွက်မှာ 9 လက်မ ကနေပီးတော့ 14 လက်မ ထိ တွေ့နိင်ပါတယ်။ Laptop Screen size ကိုတော့ ကျွန်တော်တို့ 14 လက်မ ကနေ 17 လက်မ ထိ တွေ့နိင်ပါတယ်။.Screen အရွယ်အစား ငယ်တာ ကြီးတာ အပြင်.နောက်ထပ် ကွာခြားသွားတာကတော့ ခရီးတခုကို သွားတော့မယ်ဆိုရင် အလေးချိန်က Netbook က 0.9 kg ကနေပီးတော့ 1.4 kg ထိပဲ့ရှိပါတယ်။Laptop မှာတော့ 1.4 kg ကနေပီးတော့ 5.4 kg ထိ ရှိပါတယ်။ဒါကတော့ အလေးချိန်နဲ့ Screen size အရွယ်အစားကို နှစ်ခု ယှဉ်ပြောပြတာပါ။

Processor နှင့် ဈေးနုန်း

Netbook မှာ အသုံးပြုတဲ့ Processor တွေကို low-end processor တွေကိုပဲ အသုံးပြုထားပီးတော့ Laptop မှာတော့ Higher-level- processor တွေထိ တွေ့နိင်ပါတယ်။ low-end processor ဆိုတာ အရင်က ထုတ်လုပ်ပီး ခုချိန် ခေတ်နောက်ကျနေပီဆိုတဲ့ Processor မျိုးကို ဆိုလိုတာပါ။ နားလည်လွယ်အောင်ရေးလိုက်တာပါ။ low-end processor ဆိုတာ ဥပမာ ဒီလို Processor မျိုးတွေပါ။
Intel Atom
AMD Athlon
Intel core 2 solo ဒီလို ပုံစံမျိုးတွေနဲ့ လာပါတယ်။
Netbook မှာ ဒီလို low-end processor တွေကို အသုံးပြုထားတာကြောင့် ဂိမ်းဆော့ဖို့ နဲ့ Entertainment တွေ အတွက်ကတော့ Laptop ကို မမှီနိင်စေတဲ့ အချက်တခု ဖြစ်စေပါတယ်။ Processor နိမ့်တာ နဲ့ အတူ ဈေးနုန်းကလည်း ကွာခြားသွားပါတယ်။ Netbook ကို ၀ယ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေါ်လာ 150 ကနေ 400 ၀န်ကျင်လောက် အထိ တွေ့နိင်ပီးတော့ Laptop မှာတော့ ဒေါ်လာ 2000 ကျော်ထိ တွေ့နိင်ပါတယ်။ ဈေးနုန်က Laptop တွေက ပိုမြင့်သလို Netbook မှာ မလုပ်ဆောင်နိင်တဲ့ ဂိမ်းဆော့မလား… Movies ကြည့်မလား Netbook ထက် သာတဲ့ စွမ်းဆောင်ရည်တွေကို Laptop မှာ ရရှိနိင်မှာဖြစ်ပါတယ်။

Hardisk နှင့် Performance

HDD ကိုပြောရမှာတော့ ခုနောက်ပိုင်း မှန်းဆထားတဲ့ခေတ်တွေနဲ့ဆိုရင်တော့ Storage များတာ နည်းတာက အဓိကမကျသလို ဖြစ်အောင် Cloud Storage တွေ ပေါ်လာတာကိုတော့ သတိထားမိကြမယ်ထင်တယ်။ နောက်ပိုင်း Cloud storage တွေ ခေတ်တခေတ်ပေါ်လာရင်တော့ ဒီ Storage ရဲ့ ကွာခြားချက်တွေကို သိပ်သတိထားမိကြတော့မယ် မထင်ဘူး။ ခုတော့ သတိထားမိအောင် ပြောကြည့်ကြရအောင်။ Laptop မှာ HDD ကို RPM 5400 HDD တွေနဲ့ အတူတွေ့နိင်ပါတယ်။5400 RPM နဲ့ တည်ဆောက်ထားတဲ့ Laptop တွေက ဘာကို အားနည်းသွားသလဲ့ဆိုတော့ ကျွန်တော်တို့ program တခုခုကို ဖွင့်တာပဲ့ ဖြစ်ဖြစ် အခြား Drive တခုခုကို Access လုပ်တာပဲ့ ဖြစ်ဖြစ် နဲနဲ နှေးမှာ ဖြစ်ပါတယ်။ သိပ်တော့ မသိသာပါဘူး။ ပီးတော့ Laptop မှာ HDD ကို Storage 160 Gb ကနေ 600 Gb ထိ ရှိပါတယ်။ Netbook မှာတော့ အဲ့လို မဟုတ်တော့ဘူး Netbook မှာ SSD (Solid state drive) တွေနဲ့ တွေနိင်တာကိုတော့ တချက် သတိထားကြည့်လို့ ရပါလိမ့်မယ်။ SSD က HDD ထက်ပိုပီး Performance ပိုကောင်းပါတယ်။ ဘယ်လို ကောင်းလည်းဆိုတာကို ဒီအောက်က Video ဖိုင်လေးမှာ တချက်သတိထားကြည့်ပေးပါ။ဒါပေ့မယ် Netbook ရဲ့ Storage Drive ရဲ့ ၀င်ဆန့်မူကတော့ 8 Gb ကနေပီးတော့ 160 Gb ထိပဲ ရှိပါတယ်။ နောက်ထပ်တော့ Upgradation လုပ်လို့တော့ ရပါတယ်။




Operating System နှင့် RAM

OS ကိုတော့ ဒီနေရာမှာ ကွာသွားတာလေး တချက်ရှိတယ်။ ဒါကတော့ Laptop တွေမှာ စပီး ၀ယ်ယူကတည်းက ခုနောက်ပိုင်းမှာ အနည်းဆုံး Window 7 home Premium နဲ့ လာပါတယ်။ ပြောပြချင်တာကတော့ 7 ကို ကောင်းကောင်းသုံးလို့ ရတယ်ပေါ့။ အဲ့ Netbook မှာတော့ XP နဲ့ Linux ကိုပဲ့ ကောင်းကောင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း Netbook တွေမှာတော့ Vista ကိုပါ အသုံးပြုလို့ တော့ ရလာပါတယ်။ ဒီလို Operating system မြင့်သုံးလို့ရတာနဲ့ မရတာကဘာကြောင့် Laptop and Netbook မှာလာပီး ကွာခြားသွားတာလည်းဆိုရင် RAM ကြောင့် လည်းပါတယ်လို့ ဆိုလို့ရပါတယ်။ ဘာလို့လည်းဆိုရင် Netbook တွေက RAM တွေကို 1 Gb တွေပဲ့ ပါဝင်တာများပီး Laptop ကတော့ RAM ကို 2 Gb ကနေ စပါတယ်။ ဒါကြောင့်လည်း OS ပါကွားခြားသွားနိင်တာလို့ ဆိုလို့ရပါတယ်။

Multimedia Display and Disc Drive

Laptop့ကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းပဲ့ Video ကြည့်မယ် ဂိမ်းဆော့တာ တွေနဲ့ လူတယောက်တွက် Entertainment တွေကို စိတ်ကြိုက်လုပ်ဆောင်နိင်သလို Editing ပိုင်းတွေကိုပါလုပ်ဆောင်နိင်ပါတယ်။ ဘာလို့လည်းဆိုတော့ Graphics ကို အနည်းဆုံး 256 Mb ကနေ စပီးပါဝင်လာလို့ပါပဲ။ Netbook မှာတော့ Only basic Graphics capabilities ပဲပါဝင်မှာပါ။ နောက်တခုကတော့ Netbook မှာ CD/DVD Drive မပါပါဘူး။

Battery နှင့် ခရီးသွား..

Battery က ကျွန်တော်တို့ နိင်ငံတွက်တော့ ပိုပီးအရေးပါတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီနေရာမှာတော့ Netbook battery တွေက ပိုပီး သုံးဆောင်လို့ ရနိင်မယ့် ကြာချိန်ပိုများပါတယ်။ Netbook battery တွေက ၈ နာရီနှင့် အထက်ထိတွေ့နိင်ပီး… Laptop တွေမှာတော့ ၃ နာရီကနေ ၆ နာရီကျော်ထိပဲ့တွေနိင်ပါတယ်။ ခရီးသွားရင်း သုံးဆောင်မယ် ဆိုရင် Netbook က Laptop ထက်ပေါ့ပါးပီး…အချိန်ကြာရှည်ပိုပီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Laptop နဲ့ Netbook ရဲ့ ကွာခြားချက်လေးတခုရှိပါသေးတယ် ။ ဒါကတော့ Netbook က Network ကို အသားပေးပီး ထုတ်လုပ်ထားတာပါပဲ့။ ကျွန်တော် Netbook နဲ့ Laptop ရဲ့ ကွာခြားချက်တွေကို အတော်အသင့်ပြောပီးပါပီ.။ဒီပိုစ်နဲ့ သက်ဆိုင်တဲ့ ပိုစ့်လေးကို ဆက်စပ်မိအောင် ဖတ်စေချင်ပါတယ် ။ အဲ့ ပို့စ်ကတောံ Notebook နှင့် Laptop ရဲ့ ကွာခြားချက်များ ဖြစ်ပါတယ်။ ဒီလင့်မှာ ကျွန်တော် ဖော်ပြပေးပြီးသားပါ။

Laptop အကြောင်း သိကောင်းစရာ






ကျွန်တော် ဒီအကြောင်းအရာကို မြန်မာမိသားစုဖိုရမ်မှာ တင်ထားတာရှိပါတယ်။ ကျွန်တော် စရေးပြီး အပိုင်းတွေကို ၂ ထိပဲ့ ရေးထားပါသေးတယ်။ ဒါပေ့မယ်ဆိုဒ်တိုင်းမှာ လိုလိုရောက်နေပြီး ဖတ်ပြီးသူတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော် အပိုင်းသုံးထိ ဒီဆိုဒ်မှာ ဆက်ရေးပေးသွားပါ့မယ်။ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။
အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?


အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။

(က)Laptop တလုံးမှာ များသောအားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ တွေ့နေပေ့မယ် မသုံးဖြစ်တာတွေ အသုံးမတည့်တာတွေနဲ့ ပဲ့ ပါလာတဲ့ အပိုင်းတွေကို သေသေချာချာ ဂဂဏဏ သိဖို့ ဘယ်သူမှ တော်ယုံ မကြိုးစားကြည့်ကြဘူး။ ဒီလိုပဲ့ ထားထားမိကြတယ် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့ ဘူးပါတယ်။ နောက်ပိုင်း ကိုယ်ကိုတိုင် သတိထားမိလာမှ လေ့လာဖြစ်တာပါ။ ကဲ့ထားပါတော့ ကိုယ်မြန်မာလူမျိုးတွေ မြန်မာလို ဖတ်ချင်သူတွေ အကြမ်းဖျင်းတော့ အနည်းဆုံးနားလည်သွားနိင်အောင် ကြိုးစားရေးပါမယ်။

Tochpad

Tochpad ကိုတော့ လူတိုင်း သိပီးသားပါ အခေါ်အဝေါ်ကို ရင်းနှီးသူလည်း ရှိသလို မရင်နီးသူလည်း ရှိမယ်ထင်ပါတယ်။ သူကို နောက်တမျိုး trackpad လို့လည်းခေါ်သေးသလို pointing device လို့လည်းခေါ်ပါတယ်။ သူကတော့ Mouse နေရာမှာ အစားထိုးသုံးဖို့ ဖန်တီးထားတာပါ။.သူနဲ့ သဘောတရား ဆင်တူတာတွေ ထပ်ရှိပါသေးတယ်။ သူတိုကတော့ ခု ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ တွေ့နေရတဲ့ Multi-touch screen , Touchscreen, tablet တို့မှာ ထိတွေ့မိကြဦးမှာပါ။Touchpad ကို (The touch pad is a built-in substitute for a mouse on laptops.) ဒီလို အဓိပါယ် ဖွင့်ဆိုထားတာတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။



eSATA




ဒီအကြောင်းအရာကို ကျွန်တော် စပီးရေးတဲ့ ဆိုဒ်ဖြစ်တဲ့ မိသားစုဖိုရမ်မှာ ချန်ထားခဲ့ပါတယ်။ ဒီချန်ထားခဲ့တယ်ဆိုတာကလည်း ကျွန်တော် စာမူအတွက်မို့ ချန်ထားခဲ့တာပါ။ ခု ဒီနေရာမှာ ဖော်ပြပေးလိုက်ပါတယ်။ eSATA ဆိုတာ External Serial Advanced Technology Attachment ဒါမှမဟုတ် eSATA ကို SATA technologies တွက် external interface လို့ သတ်မှတ်ပါတယ်။ HDD (Hard Disk Drive ) တွက် ATA နေရာမှာ အစားထိုး ၀င်လာတဲ့ SATA တွေရဲ့ next generation internal bus interface ပါ။ သူရဲ့ အားသာချက်တွေကို အနည်းအကျဥ်းဖော်ပြပေးပါဦးမယ်။ eSATA က USB တို့ Firewire တိုနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ သူရဲ့ transfer rates က USB 2.0 and FireWire 4000 ထက် သုံးဆ ပိုမြန်ပါတယ်။ USB 3.0 နဲ့ဆိုရင်တော့ တမျိုးဖြစ်နိုင်ပါတယ်။ eSATA က ပုံမှာ မြင်တဲ့ အတိုင်းပါပဲ့။ သူကို eSATA cables နဲ့ ချိတ်ဆက် အသုံးပြုရပါတယ်။ ဒီတော့ eSATA cables ရဲ့ အရှည်နဲ့ မြန်နူံးလေး အကြမ်းဖျင်းကို ကျွန်တော် ဖော်ပြပါဦးမယ်။ အကျယ်သိချင်ရင် How to buy a laptop and Knowledge ဆိုတဲ့ စာအုပ်ထွက်လာတဲ့ အချိန်မှာ စာဖတ်သူများ စောင့်ဖတ်နိုင်ပါတယ်။ eSATA cables က အပေါက်ဝ တော်တော်လေး ကျဉ်းပြီး.. အရှည်က 6.56 feet (2 meters) ရှိပါတယ်။ သူကို Desktop မှာ တွဲသုံးတဲ့ HDD တို့ USB တို့ နဲ့ တွဲသုံးနိုင်ပါတယ်။ တော်တော်လေးကောင်းပါတယ်။ External HDD မဟုတ်ပဲ့ internal HDD တွေကို ဒီ eSATA ကနေ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Desktop တွေမှာတောံ eSATA မပါပါဘူး။ တပ်ပြီးသုံးချင်တယ်ဆိုရင် PCI card ဆိုဒ်ပြီး အသုံးပြုလို့ရပါတယ်။ Laptop တိုင်းလည်း မပါပါဘူး။ ပါတဲ့ Laptop ကလည်း ဈေးကြီးပါတယ်။

fingerprintreader reader


Fingerprintreader ကိုတော့ Laptop တိုင်းမှာတော့ မပါဝင်ပါဘူး။ ပါဝင်တဲ့ Laptop တွေလည်း ရှိသလို မပါတာတွေလည်းရှိပါတယ်။ သူကတော့ လက်ဗွေရာကို Scan ဖတ်ပီးတော့ စက်ကို Password ပေးလို့ ရပါတယ်။ fingerprintreader ကို touchpad ရဲ့ ညာဘက်ဘေးလေးနားမှာ တွေ့နိင်ပါတယ်။
.
Wirelessswitch (on / off)



ဒီ wirelessswitch ရဲ့ အားသာချက်ကတော့ သူကို Off လုပ်ထားမယ် ( အင်တာနက်မသုံးတဲ့ အချိန်) ဆိုရင် battery life ကို သက်သာစေမှာပါ။ မိမိ ပတ်ဝန်းကျင်မှာ Wireless လွှင့်ထားတာတွေ ရှိမယ်ဆိုရင် အလွယ်တကူ ဖမ်းယူနိင်ပါတယ်။ ဘယ်လို ဖမ်းယူရမလည်း ဆိုတာကို ဒီလင့်မှာ MS က ရှင်းပြထားတာ ရှိပါတယ်။ သွားဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ဒီထက်ပိုပီး အကျယ်တ၀င့် သိချင်တယ်ဆိုရင်တော့ ဒီလင့်မှာဖတ်နိင်ပါတယ်။

USB Port (USB=Universal Serial Bus)




USB port ကိုတော့ လူတိုင်းရင်းနီးပီးသားပါ ။ keyboards, mice(mouse), printers, scanners တွေကို ချိတ်ဆက် အသုံးပြုနိင်ပါတယ်။ နောက်ထပ် Extra HDD တွေကိုပါ တွဲသုံးနိင်ပါသေးတယ်။HDD တို့ Stick တို့  ထဲ့မှာ ရှိတဲ့ Data တွေကို Transfer လုပ်နိင်သလို နောက်ထပ် Yota လို အင်တာနက် ချိတ်တဲ့ ပစ္စည်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိင်ပါတယ်။

SD (Secure Digital) Card reader



Secure Digital card reader ကို ကျွန်တော်တို့ အသုံးပြု နဲကျပါတယ်။ သူကို ဘယ်လိုချိန်တွေမှာ သုံးလည်းဆိုရင် ကင်မရာမှာ ပါတဲ့ SD card တို့ Mobile Phone တို့ကို တိုက်ရိုက်ချိတ်ဆက်ပီး အသုံးပြုနိင်သလို သူကို Laptop ၀ယ်တဲ့ချိန်မှာ မပါလာခဲ့ဘူးဆိုရင် USB Port ကနေ တွဲသုံးလို့တော့ ရပါတယ်။ ဗဟုသုတ အဖြစ်ထည့်ရေးလိုက်တာပါ။ အဲ့လိုမှ မဟုတ်ဘူး SD Card reader(မပါလာခဲ့ရင်) ကို သုံးချင်တယ်ဆိုရင်တော့ External Media reader ကို ၀ယ်ပီး အသုံးပြုနိင်ပါတယ်။
ဒီနေ့တော့ ဒီပိုစ့်လေးကို ပြန်ပီး အသက်သွင်းပါ့မယ် စာမေးပွဲရှိနေလို့ ရေးလက်စ တွေ ကျွန်တော် ခဏထားထားတာ ကြာသွားတယ်။ နောက်ထပ်လည်း ကျွန်တော် Hardisk တခုလုံးကို Format ချလိုက်တော့ ရေးလက်စ စာတွေ အုပ် ၄၀ ကျော်လောက်ပါသွားတယ် :S ။ နှမြောတာတော့ ပြောမနေတော့ဘူး။. ဘာပဲ့ ဖြစ်ဖြစ် ဒီ ပို့စ်ကို ကျွန်တော်သိသလောက်လေး ထပ်ပီး မျှဝေးရင်း အပီးသတ်ရေးဖို့ ကျွန်တော်ကြိုးစားရေးပါ့မယ်။


ExpressCard slot:




ဒီကောင်လေးကိုတော့ အများအားဖြင့် Peripheral Device တွေနဲ့ ချိတ်စက်ပီး အသုံးပြုတဲ့ အခါမှာ ဒီ Slot ကို သုံးပါတယ်။ Peripheral Device ဆိုတာဘာတွေလည်းဆိုတော့ ကျွန်တော်တို့ computer printers, image scanners, tape drives , microphones, loudspeakers, webcams, and digital cameras တွေကိုဆိုလိုတာပါ။ ဒီ Slot တွေက ခုနောက်ပိုင်းထွက်လာတဲ့ Slot တွေနဲ့ အရင်က Slot တွေတောင် မတူတော့ပါဘူး။ ခုနောက်ပိုင်း ၂၀၀၈ နောက်ပိုင်းမှာ ထွက်လာတဲ့ Laptop နဲ့ တွဲပီးထွက်လာတဲ့ Slot တွေက ဟိုး အရင်က ထွက်ရှိပီးသား Laptop မှာတဲ့ Slot တွေ ထက် ပိုပီး ကောင်းလာတယ်လို့ ဆိုရမယ်။ ဘာလို့လည်းဆိုရင် အရင်က ထွက်လာတဲ့ Slot တွေမှာ Peripheral Device နဲ့ ချိတ်ပီးအလုပ်လုပ်တဲ့ အချိန်မှာ စက်ကို လေးသွားတာတို့ ဟန်းသွားတာတို့တွေ နဲ့ နောက်ထပ် Volt အားတွေကိုပါ ချွေတာ အသုံးပြုနိင်အောင်လို့ digital demands တွေနဲ့ ခု ဒီ Slot တွေမှာ ဖွဲ့စည်းပီး တည်ဆောက်ထားပါတယ်။

HDMI connector: (HDMI (High-Definition Multimedia Interface)



HTMI လို့ ပြောလိုက်ရင်တော်ယုံမသိကြဘူး။ သူ့ကို ဘယ်လို အသုံးပြုတယ်ဆိုတာကိုတော်ယုံ မသိကြဘူး။ ဒီ HTMI ကို ကျွန်တော်တို့ Home Therater တွေမှာ ချိတ်ပီး အသုံးပြုနိင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်တွေမှာ ၆၄ လက်မလောက် TV ကြီးရှိတယ်ဆိုရင် ဒီ HTMI slot နဲ့ TV ကို ချိတ်ဆက်ပီး Therater လိုပဲ့ အိမ်မှာ ကွန်ပျူတာနဲ့ ချိတ်ပီး အေးဆေး ကြည့်နိင်ပါတယ်။ မိသားစုလိုက်ပျော်ပျော်ပါးပါး တခုခု လုပ်စားတဲ့ချိန်တွေမျိုးမှာစို TV အကြီးကြီး ရှိမယ်ဆိုရင် ချိတ်ဆက်ပီး မိသားစုလိုက်ကြည့်လို့ ရပါတယ်။ သူကတော့ Single Cable ပေါ်မှာပဲ့ အလုပ်လုပ်ပီးတော့ Video Format တွေကို ထုတ်ပေးနိင်ပါတယ်။ နောက်ထပ် HDD . Blu-ray , PC တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပီးလည်း အသုံးပြုလို့ ရပါသေးတယ်။ ဒီထက်ပိုပီး အကျယ်သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားပီး ဖတ်ကြည့်ပေးပါ။

Firewire/IEEE 1394 port:



သူကတော့ serial bus interface standard ပါ။ သူ့ကို high-speed communications and isochronous မှာ PC တွေတွက် အသုံးပြုပါတယ်။ ဒီ Slot ကို ကျွန်တော်တို့ Sony ထုတ် Laptop တွေမှာ အများဆုံး တွေ့နိင်ပါတယ်။ အရင်က Desktop တွေမှာလည်း ဒီ Slot ကို တော်တော်များများတွေ ဘူးကြမှာပါ။ဒီထက်ပိုပီး သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားဖတ်ကြည့်ဖို့ကို တိုက်တွန်းလိုပါတယ်။ English လို ဖတ်ဖို့ကို မကြောက်ပါနဲ့။ ကျွန်တော် Dictionary တွေကိုလည်း ဒီလို ပြန်ညွှန်းစာတွေကို ဖတ်တဲ့ချိန်မှာ အသုံးပြုလို့ရအောင်နဲ့ English Language တွေကိုလေ့လာတဲ့နေရာမှာ သုံးဖို့ ဒီနေရာမှာတင်ပေးထားပါတယ်။

DVI connector:



Digital video connector ကို ကျွန်တော်တို့ Monitor ( LCD) နဲ့ HD TV တွေနဲ့ ချိတ်ဆက်ပီး အသုံးပြုနိင်ပါတယ်။ တကယ်လို့ သူကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီတိုင် VGA Card မှာ တပ်ပီး သုံးသလို သုံးလို့ မရပါဘူး။ ကြားတည်းမှာ Swich ခေါင်းတခု ခံပီးမှ အသုံးပြုလို့ ရပါမယ်။

VGA connector:


VGA ခေါင်းကိုတော့ အထွေအထူးပြောစရာမရှိပါဘူး။ Laptop ဘေးမှာ LCD တခု ရှိတယ်ဆိုရင် ကျွန်တော်တို့ Laptop က ကြည့်ရတာသေးနေတယ် အနေကျဉ်းကျပ်နေတယ်ဆိုတဲ့ချိန်မျိုးမှာ ဒီခေါင်းနဲ့ VGA connector နဲ့ ချိတ်ပီး Desktop မှာပါ Laptop က လုပ်ဆောင်နေတာတွေကို ၂ နေရာမှာ တပြိုင်တည်းကြည့်နေနိင်ပါတယ်။

RJ-45/Network jack: with (RJ-11/Phone jack)






ဒီ Port လေးကိုတော့ တွေ့ဘူးမှာပါ။သုံးလည်း လက်ရှိသုံးနေကြတာပါ။ သူ့ကတော့ အင်တာနက်နဲ့ Network ကို အဓိကထားပီး အလုပ်လုပ်ပါတယ်။ ကွန်ပျုတာတိုင်းမှာ ပါပီးသားပါ။ မပါတာက RJ 11 ခေါင်းပဲ့ ..သူကတော့ ကျွန်တော်တို့ အိမ်က ကြိုးဖုန်းတွေမှာ အသုံးပြုပါတယ်။ ဖုန်းခေါင်းပေါက်ကို ၀င်ပီး Phone တွေကို ချိတ်ဆက် အသုံးပြုတာတော့ ဟုတ်ပါတယ်။ ဒီမှာ ဘာလို့ပါလာတာလည်းဆိုရင် ကျွန်တော်တို့ ဒီ RJ 11 ခေါင်းကလည်း တကယ်တော့ Network ချိတ်ဆက်ပီး အသုံးပြုလို့ ရတာတွေကြောင့်ပါ။ သူ့ကို Wide area network ထိ အသုံးပြုလို့ ရနိင်ပါတယ်လို့ ကကကွန်က ထုတ်တဲ့ စာအုပ်ထဲ့မှာ ဖတ်ဘူးပါတယ်။ အဲ့စာအုပ်ကို ဖတ်ကြည်ချင်တယ်ဆိုရင် Network စာအုပ်များထဲ့မှာပါပါတယ်။

ဖြည့်စွက်ချက် အနေနဲ့ eSATA ကိုပါ အကြမ်းဖျင်းဖော်ပြပေးလိုက်ပါတယ်။

အပိုင်း ၁ ကိုတော့ ဒီနေရာမှာပဲ့ နိဂုဏ်းချုပ်ပါတယ်။ အပိုင်း ၂ နဲ့ ၃ ကို နောက် ရက်မှာ ဆက်တင်ပေးပါမယ်။ကျွန်တော် Flash အကြောင်းကိုလည်း အပိုင်း ၄ ပိုင်း ခွဲရေးထားတာ ရှိပါတယ်။ အပိုင်း ၃ ပိုင်းကတော့ ရေးပြီးသားပါ။ အပိုင်း ၃ ထိ လည်း မြန်မာမိသားစုမှာ ရေးပြီး ဖော်ပြပေးခဲ့ဘူးပါတယ်။ ဒီ ၃ ပိုင်း လုံးလည်း ဆိုဒ်တော်တော်များများမှာ တွေ့နေရပါတယ်။ Credit မပေးတဲ့ ဆိုဒ်တော့ အတော်များပါတယ်။ ဒါပေ့မယ် စိတ်ထဲ့တော့ မရှိပါဘူး။ ကိုယ်တကယ် မတက်ပဲ့နဲ့ တက်ချင်သလို နာမည်ကြီးချင်သူတွေတွက်တော့ စေတနာ အကျိုးပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ Flash ခရီးစဉ်ဆိုတဲ့ Flash Songs လုပ်နည်း အသေးစိတ်ကိုလည်း ကျွန်တော် ဒီမှာပဲ့ လာပြီး အပိုင်း ၄ အဆုံးသတ်ထိ ဖော်ပြပေးပါမယ်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Eagle Belt Buckles