Showing posts with label MAIL. Show all posts
Showing posts with label MAIL. Show all posts

Monday, February 6, 2012

Run ထဲကနေ G talk ပွားနည်း ( လွယ်ကူစွာပွားနည်း )

run ထဲကို ဒီ ကုတ်လေး "C:\Program Files\Google\Google Talk\googletalk.exe" /nomutex တွေပစ်ထည့်လိုက်တာနဲ့ ကြိုက်သလောက်ပွားလို့ရပါတယ် ။





Ok ပေးလိုက်တာနဲ့တင် တစ်ခုပြီး တစ်ခု ပွားထွက်လာမှာပါ ။




Saturday, February 4, 2012

G-Mail အကောင့် ဖောက်နည်း အသစ်

ကျွန်တော်လည်း စာရေးတဲ့ ဖက်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပြီ .. ဒီနေ့တော့ ကျွန်တော် G-Mail အကောင့်ကို ဘာကုဒ်မှ ထည့်စရာမလိုပဲ အလွယ်တကူ ဖောက်လို့ရမဲ့ နည်းလမ်းလေးကို ရေးပေးပါမယ် .. နောက်ပိုင်းတော့ အတက်နိုင်ဆုံး အားလုံးအတွက် အသုံးဝင်မဲ့ ပိုစ်တွေ ရေးပေးသွားနိုင်အောင်လည်း ကြိုးစားသွားပါမယ် .. အခုအကောင့် ဖောက်နည်းက အရင်တုန်းက G-Mail အကောင့် ဖောက်ရတာထက် လွယ်ပါတယ် .. ပုံစံလေးတော့ နည်းနည်း ပြောင်းသွားပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး အကောင့်တစ်ခု ဖောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ဖို့အတွက် ကျွန်တော် အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ ..

https://accounts.google.com/SignUp

အပေါ်က လင့်အတွင်း သွားပြီးပြီး ဆိုရင်တော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသလို အဆင့်ဆင့် သွားပြီး အလွယ်တကူ လုပ်ယုံပါပဲ ..

ကျွန်တော် အောက်မှာ နမူနာ ပုံစံ ဖြည့်ပြထားပါတယ် .. ဖြည့်ပြီး သွားပြီဆိုရင်တော့ Next Step ပေးလိုက်ပါ ..

အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Get started ကိုဆက်ပြီး နှိပ်လိုက်ပါ ..

အောက်ကပုံအတိုင်း G00gle Home Page ကိုရောက်သွားပြီ ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း G-Mail ကို Click ပေးလိုက်ပါ ..

အောက် ကပုံအတိုင်း ပေါ်လာပြီ ဆိုရင် Continue tore new look ကို ဆက်ပြီး Click ပေးလိုက်ပါ ..

ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့် တစ်ခုကို လွယ်လွယ် ကူကူနဲ့ ဖောက်လို့ ရသွားပါလိမ့်မယ် ..

အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Gtalk မှာ chat တဲ့အခါသုံးနေကြတဲ့ Burglish ကိုမြန်မာဘာသာသို့ ပြောင်းပေးတဲ့ ဆော့ဖ်ဝဲလ်



ကျွန်တော်တို့  Gtalk မှာ တယောက်နဲ့ တယောက် chat ကြတဲ့အခါ အများစုဟာ မြန်မာလိုလည်းမရိုက် ၊ အင်္ဂလိပ်လို လည်းမရိုက်ကြပဲ မြန်မာအသံထွက်ကို အင်္ဂလိပ်လို ရိုက်ကြပါတယ် ၊ အဲဒါတွေကိုတဖက်လူက ဘယ်လိုဘာသာပြန်ရမလဲဖြစ်နေကြတဲ့သူတွေအများကြီးပါ ။


အဲဒီအထဲမှာ ကျွန်တော်လည်းအပါအ၀င်ပါပဲ ။ အခုတော့ကျွန်တော်ကအဆင်ပြေသွားပါပြီ ။ ဒါကြောင့်ကျွန်တော့်လို ဖြစ်နေကြမယ့် မိတ်ဆွေများအတွက် ကျွန်တော့်လို အဆင်ပြေအောင် ဒီဆော့ဖ်ဝဲလ်လေးကိုတင်ပေးလိုက်တာပါ ၊ ဖရီးပေးထားတာဖြစ်တဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။ အဓိပ္ပါယ်မသိတဲ့ burglish ကို ပုံမှာပြထားသလို ရိုက်ထည့်လိုက်တာနဲ့ မြန်မာလိုဘာသာပြန်ပေးမှာဖြစ်ပါတယ် ။

Burglish to Myanmar Translator

Wednesday, September 28, 2011

G-talk ကိုစိတ်ကုန်လာတဲ့လူတွေအတွက်လာပါပြီ.....F-talk တဲ့

F-talk တဲ့ဗျ.........G-talk နဲ့တော့ခပ်ဆင်ဆင်ပဲဗျ

Facebook ကလုပ်ပေးထားတာပေါ့ဗျာ.......Facebook အကောင့်တွေနဲ့ပဲဝင်ရမှာသူက.......အားလုံးပဲသုံးချင်တယ်ဆိုရင်တော့

http://www.ftalkfb.com/

မှာဒေါင်းလိုက်နော်......အဆင်မပြေသူများရှိရင်ပြောကြပါခင်ဗျာဒီမှာပုံလေးတွေပါခင်ဗျာ....ကဲကဲအားလုံးပဲကလိပြီးရင်ချက်ကြမယ်နော်

မသိသေးသူများအတွက်သာရည်ရွယ်ပါသည်။.....

Facebook မှာ Password မေ့သွားတဲ့သူငယ်ချင်းများအတွက် Password ပြန်ယူနည်းလေးပါ.........

Facebook မှာ Password မေ့သွားလို့ ကို့ရဲ့ Facebook ကိုဝင်မရလို့ အခက်တွေ့နေရတဲ့ သူငယ်ချင်းများ အတွက်ပါ........

ပထမ ဆုံး ဒီလင့်လေးကိုကလစ်ပါ....https://www.facebook.com/recover.php ဒါမှမဟုတ် Facebook login page မှာရှိတဲ့ Forgot your password ကိုကလစ်ပါ ပြီးရင်ပေါ်လာတဲ့ထဲ က Enter your email or phone number. အောက် Email or Phone အကွက်ထဲမှာ ကို့ရဲ့ Facebook မှာဝင်ထားတဲ့ Email address ကိုရိုက်ထည့်ပါ......

ပြီးရင် Search ကိုကလစ်ပါ.......ပြီးရင်ပေါ်လာတဲ့ ထဲကသင့်ရဲ့ Facebook account မှန်မမှန်စစ်ပြီး မှန်တယ်ဆိုရင် This Is My Account ကိုကလစ်ပါ.......



ပြီးရင်နောက်ထပ်ပေါ်လာတဲ့အထဲ က Send Codes and login to Gmail ကလစ်ပါ.....

ပြီးရင်သင့်ရဲ့ Facebookအတွက် အသုံးပြုထားတဲ့မေးလ် ထဲကို Facebook ကစာတစ်စောင်ရောက်လာပါလိမ့်မယ်....ထိုစာအားကလစ်လိုက်ပါပြီးရင်ပေါ်လာတဲ့ထဲက

You recently asked to reset your Facebook password. To complete your request, please follow this link: အောက်ကလင့်လေးကိုကလစ်ပါ

ထိုနောက်ပေါ်လာတဲ့ထဲမှာ သူငယ်ချင်းတို့လိုချင်တဲ့ Password ကိုထည့်ပြီး Change Password ကိုကလစ်လိုက်ပါ....


ကဲဒါဆိုရင်တော့ Password မေ့နေတဲ့ သူငယ်ချင်းတို့ရဲ့ Facebook အကောင့်လေး ပြန်ရပြီပေါ့......

ပျော်ရွှင်ပါစေ............

Gtalk တွင် မိမိ ဓာတ်ပုံများကို Auto ပြောင်းနေချင်ရင် ..

အခု ကျနော် ... Gtalk နဲ့ ဆိုင် တဲ့ ဆော့ဝဲ လေးတစ်ခုကိုပြော ပြ ပမယ် .
အဲ့ဒီ ဆော့ဝဲ ဟာ ... Gtalk လိုမျိုးပဲအသုံးပြုရတာပါ.
ဒါပေမဲ့ ထူးခြားချက်တွေကတော့ ....

မိမိGTalk မှဓာတ်ပုံများကို ... ... ...ကိုယ်ကြိုက်ရာ ဓာတ်ပုံရွေးပြီးAuto ပြောင်းနေပါပဲ။

ဘာမှ လဲ မခက်ပါဘူး ... အောက်မှာရှိတဲ့ Download Link လေးကို ဒေါင်းပြီး

Run လိုက်ရင် ရပါပြီ၊

Run ပြီးရင်တော့ Gtalk Shell Icon လေးကိုဖွင့်ပြီး.... အောက်က ပုံလေးတွေအတိုင်း လုပ်လိုက်နော်.

1.Shell ကိုနှိပ်လိုက်ပါ.2.ပြီးရင် Option ကိုထပ်နှိပ်လိုက်ပါ.

3.Add ကိုထပ်နှိပ်လိုက်ပါ.

4.မိမိဓာတ်ပုံရဲ့ ဖိုင်အမျိုးအစားကို ရွေးပါ.ပြီးရင် ဓာတ်ပုံရွေးပါ.(ဓာတ်ပုံရွေးရာတွင် တစ်ခါထဲ မိမိရွေးမည့် ဓာတ်ပုံများကို

Ctrl နဲ့တွဲနှိပ်ပြီး ဓာတ်ပုံကို ရွေးပါ.ပြီးရင် OPen လိုက်ပါ.

အခုလိုအားလုံး လုပ်ပြီးရငokကိုနှိပ်ပါ.ဒါဆို ရပါပြီ..မိမိရွေး ထားတဲ့

ဓာတ်ပုံတွေဟာ ..Auto ပြောင်းနေတာ ကိုတွေ့ရပါ လိမ့်မယ်.

Download Link >> GTALK SHELL

Download Link >> Gtalk Shell (New Link)

(ကျနော် Download Link နောက် တစ်ခု ထပ်တင်ပေးထားတာပါ.. ပထမ Linkက အဆင်မပြေ ကြလို့ပါ.)

အဆင်ပြေနိုင်ပါစေ..

Gmail မှ GSM သို့ mail ပို့ခြင်း

ခေတ်မှီတိုးတက်လျက်ရှိသောယနေ့ခေတ်တွင် Email ဆက်သွယ်မှုသည်လွန်စွာအရေးပါလျက်ရှိရာ Gmail နှင့် အခြား Office mail များမှ GSM phone များသို့ SMS စနစ်ဖြင့် Message ပို့နိုင်မည့်စနစ် ဖြစ်ပါသည်။ GSM phone မှလည်း email သို့ အပြန်အလှန်ပို့ဆောင်နိုင်သော စနစ်ဖြစ်ပါသည်။ Mail Filter ပြုလုပ်၍ လူကြီးမင်းတို့၏ Gmail နှင့် Office Mail များကို Internet Access အသုံးပြုစရာမလိုပဲ လူကြီးမင်းတို့၏ Mobile phone များမှ Mail များကိုစစ်ဆေးနိုင်မည့် Email Alert စနစ်ကိုလည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Email2 SMS အသုံးပြုရာတွင် Email မှ GSM သို့ SMS တစ်စောင်ကို ကျပ် ၁၀၀ ကုန်ကျမည်ဖြစ်ပြီး GSM မှ Email သို့ SMS ပို့ရာတွင် ကျပ် ၁၀၀ ကုန်ကျမည် ဖြစ်ပါသည်။
Email မှ GSM သို့ message ပို့ရန်
(၁) Email မှ GSMဖုန်းသို့ Message ပို့ရန် Email ပို့မည့်သူသည် Member ဖြစ်ရပါမည်။
(၂) မိမိ၏Email မှ To နေရာတွင် email2sms@etmsms.com ကိုရိုက်ပါ။
(၃) Subject နေရာတွင် မိမိပို့မည့် GSM ဖုန်းနံပါတ်ကိုရိုက်ထည့်ပါ။
(၄) Message Box တွင် မိမိရိုက်လိုသော စာများအား ရိုက်ထည့်ပါ။ တစ်ကြိမ်
လျှင် စာလုံးရေ (၁၆ဝ) လက်ခံပါသည်။ ¤င်းထက်ကျော်လွန်သွားပါက
နောက်တိုး Message ၂, ၃, . . .စသည်ဖြင့်သတ်မှတ်သွားမည်။ (ပုံ ၄-၁)

မှတ်ချက် ။ ။ နိုင်ငံခြား ဖုန်းနံပါတ်ရှေ့တွင် ( + ) ထည့်ပေးရန်။ မိမိပို့ချင်သော ဖုန်းနံပါတ်များကို ( , ) ခံပြီးရိုက်ရန်။
GSM မှ Email သို့ message ပို့ရန်
GSM ဖုန်းမှ မည်သည့် Email လိပ်စာသို့ မဆို SMS ဖြင့် emailပို့နိုင်သည်။
(1) ပေးပို့မည့်သူသည် member ဖြစ်ရပါမည်။
(2) မိမိဖုန်း၏ Menu Option ကိုသွားပါ။
(3) Create Message ကိုရွေးပါ။
(4) Text Message ကိုရွေးပါ။
(5) Message Box ၌ +yinkhaing@gmail.com happy Birthday ဟုရိုက်ပါ။
(6) Send Ph: နေရာ၌ 5195333 ကိုရိုက်၍ ပေးပို့နိုင်ပါသည်။

http://www.etmsms.com/pg/sub%20pg/e1-1.jpg

Gtalk,Gmail & Facebookအသုံးပြုနည်း

။ Gtalkကို နှစ်ကောင့်အထက်ဖွင့်ချင်သူများအတွက်

၂။ Gtalk custom message အလန်းတွေ

၃။ Gtalkမှာသေခန်းပြတ်blockနည်း

၎။ Creating Group in Gmail

5 မိမိပို့ လိုက်တဲ့ Email ကို လက်ခံတဲ့သူကဖတ်မဖတ်သိချင်ရင်

6 G-talk မှာဘာသာပြန်လေးတွေထည့်ချင်သူများအတွက်

7 gmailဖောက်ထွင်းမူမှကာကွယ်ရန်အပိုင်း(၁)

8 Pink colour G-talk

9 အခိုးခံရသော သင်ရဲ့Gmailကို ပြန်လည်ရယူခြင်း

10 G Talk မှာပုံတွေအလိုလိုပြောင်းစေတဲ့ Gtalk Shell

11 ကိုယ့် Gmail ကို သူများဝင်သုံးနေသလားစစ်ကြမယ်ဗျာ

12 Ning Websiteများမှ check out နှင့် လှုပ်ရှားမှု့အသိပေး email များကို folder ခွဲထားနည်း

၁၃ Chatting သင်္ကေတများ

14 မိမိနားထောင်နေသော သီချင်း Gtalk staus တွင် ပေါ်အောင်လုပ်နည်း

15 Mail ထဲကမဟုတ်ပဲ Gtalk Off Line Login လုပ်ကြရအောင်

၁၆ Gmail sign in မှာမိမိ နာမည်မကျန်ခဲ့အောင်

၁၇ Gtalk ထဲမှာ Gmail မသုံးပဲ ပုန်းရအောင် ...

၁၈ Google Plus အားစတင်လေ့လာကြည့်ခြင်း ( ၁ )

၁၉ Google Plus အားစတင်လေ့လာခြင်း ( ၂ )

၂၀ Gmail.များဖောက်ထွင်းမူမှကာကွယ်ရန်

၂၁ အဖွဲ့ဝင်များအား Connection ကျနေစဉ် G talk, G mail ဖွင့်နိုင်စေရန်ရည်ရွယ်ကာပို့ခြင်းဖြစ်သည်

၂၂ Gmail နှင့်တူသော Blumail

၂၃ G mail တွင် attachment နဲ့မဟုတ်ဘဲ ပုံပို့ နည်း

၂၄ Email အကောင့်မရှိဘဲ Email ပို့နည်း

၂၅ ဂျီမေးနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ & ဘာတွေလုပ်လို့ရလဲ

၂၆ G-talk password ကိုခိုးနိုင်တဲ့ အကြောင်းလေး

၂၇ Google+ Preview

28 Google translater ဖြင့် ၅၈ ဘာသာ ဘာသာပြန်ဆိုနိုင်

29 ကိုယ်ပိုင် *group* လေးလုပ်ပြီး chat ကြမယ်နော် ...........

30 Gtalk သုံးရတာ connection ကြောင့်အခက်အခဲဖြစ်နေသူတွေအတွက်

31 G-talk မှ မြန်မာနိုင်ငံရှိ ဖုန်းများသို့ မက်ဆေ့ပို့ရန်

32 ကဲ G-Talk Poxyနဲံ့ကျော်ဖွင့်နည်း

33 Gmail.အတုအယောင် ၀က်ဘ်စာမျက်နှာတွေ သတိထားသင့်

34 G-Mail Account Lock ကျသွားလျှင်ဖြေ၇ှင်းနည်း

35 မိမိပို့ လိုက်တဲ့ Email ကို လက်ခံတဲ့သူကဖတ်မဖတ်

36 Google Home page တွင် မိမိစိတ်ကြိုက်နောက်ခံပုံများဖြင့် အသုံးပြုနိုင်ပြီ…

37 G talk အကောင်.လုပ်နည်း

38 Gmail auto reply လေးလုပ်ကြရအောင်

39 G-mail Account သစ်တွင် Account ဟောင်းမှလူများပြန်ထည့်ချင်လျှင်

40 Gtalk အစိမ်းလေးနော်

41 Gmail Inbox ကိုfilter ခွဲထားမယ်

42 Gtalk Shortcuts လေးတွေ မှတ်ထားကြမယ်

43 ဘယ်နိုင်ငံကမေးပို့တာလဲ

44 Gtalk မှာ Function များ၏အလုပ်လုပ်ပုံ

45Gtalk မှာ Font Change ချင်ရင်

46 Gtalk မှာစကားပြောနေရင်း အသံတိုးတိုးလေးကြားရတဲ့ အခါ (သို့) ကိုပြောတဲ့ အသံကတိုးနေတဲ့အခါ

47 Gtalk မှာ chat ထားတာတွေ မ Save ချင်ရင်

48 Mail ထဲကမဟုတ်ပဲ Gtalk Off Line Login လုပ်ကြရအောင်

49 G-Talk ကနေ မိမိကြိုက်နှစ်သက်ရာသီချင်းတောင်းဆို နားဆင်နိုင်သော အွန်လိုင်း ရေဒီယိုအစီအစဉ်

50 Gtalk ကတဆင့် ပါဠိ- မြန်မာ- အင်္ဂလိပ် အဘိဓာန်

51 Gtalk က လိုတရအိုးလေးကို နှိုက်ကြည့်မယ်

52 Gmail ၏ အစွမ်းထက်နည်းလမ်း ( 41 )

53 Gtalk Translation အကောင့်လေးတွေပါ

54 Gtalk ကနေ သိချင်တာလေး မေးမယ်

55 Gmail တွင် ပို့ပြီးသား Mail ပြန်ဖျက်ချင်ရင်....

56 ဂျီတော့မက်ဆေ့ခ်ျ အလန်းများ စုစည်းများ(၂ )

57 GTalk မှာ Webcam နဲ.စကားပြောဖို့

58 Twitter နဲ့  Facebook ကို Gmail ထဲမှာ သုံးမယ်

59 gtalk မှာချက်ရင်းသီချင်းနားထောင်ချင်ရင်

60 G talk - Pink Color

61 Gmail စတိုင် အသစ်

62 ကျားပေါက် G-mail မှာ ပို့ထားတဲ့ message ကိုပြန်လို့ဖျက်တဲ့နည်းတစ်ခု၊ အသုးံဝင်မယ်လို့ထင်ပါတယ်

63 မိမိတို့ချစ်သူ gmail.comအကောင့်ထဲကို ၀င်လာသမျှ မေးလ်တွေကို ကိုယ့်ရဲ့ အကောင့်ထဲရော ထပ်တူ ၀င်အောင် လုပ်နည်းလေးပါ

64 မိမိပုံနှင့် Gmailနောက်ခံလုပ်လိုသူများအတွက်..

မိမိအသုံးမပြုချင်တဲ့ Gtalk,Gmail အကောင့်ဖျက်နည်း

ကိုယ်ဖျက်ဖြစ်ချင်တဲ့ အကောင့်ကို sign in လိုက်ပါ

အဆင့်(၁) Settings မှာကလစ်နှိပ်လိုက်ပါ............



အဆင့်(၂) Accounts and import မှာကလစ်နှိပ်လိုက်ပါ

အဆင့်( ၃) Other Google Account settings မှာကလစ်နှိပ်လိုက်ပါ



အဆင့်(၄) My products.Edit မှာကလစ်နှိပ်လိုက်ပါ



အဆင့်(၅) စာတွေကများတယ် လေးထောင့်ကွက်ထဲကစာတွေကိုပဲကလစ်နှိပ်လိုက်ပါ



အဆင့်(၆)ဒီနေရာမှာတော့ကြည့်လိုက်ပါ နံပါတ်(၇) မှာသုံးမျိုးပြထားတယ်

နံပါတ်(၈)မှာနှစ်မျိုးပြထားတယ်အဲတာတွေတော့ ဆူးလည်းနားမလည်းဘူး :D

အားလုံးကိုသံယောစဉ်ပြက်ချင်ရင်တော့ (၇) နှင့်(၈) မှာအားလုံးကိုအမှန်ခြစ်ပေးလိုက်ပါ

ပြီးရင်နံပါတ်(၉)မှာကိုယ်ဖျက်မည့်အကောင့်password:ရိုက်ထည့်လိုက်ပါ...

နံပါတ်(၁၀)Delete GoogleAcccuntမှာကလစ်နှိပ်ပြီးဖျက်ပြစ်နိုင်ပါပြီ။



Thursday, September 22, 2011

ဂျီတော့ခ် (ဂျီမေးလ်) အဟက်မခံရအောင်(၁)

ဂျီတော့ခ် သုံးသူ အများစုဟာ အင်တာနက်ဆိုင်မှာ သုံးကြတာများပါတယ်။
ကိုယ်သုံးမလို့၊ ဝင်မလို့ လုပ်တဲ့အခါ ရှေ့ ကသုံးသွားတဲ့ သူတွေရဲ့ ဂျီမေးလ် လိပ်စာ တွေ ပေါ်နေတာမျိုးတွေလည်းတွေ့ ရတတ်ပါတယ်။
ကိုယ်သုံးပြီးတဲ့ အခါမှာ ဒီလိုကျန်ခဲ့မှာ စိုးလို့ သေချာ sign out လုပ်၊ နာမည်နေရာမှာ
a,b,c,d တွေရိုက်ထည့်ပြီး ထွက်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီနည်းကလည်း လုံခြုံမှုမရှိဘဲ ကိုယ့်နောက်လူက ပြန်ရှာရင် တွေ့ ရနိုင်ပါတယ်။
ကိုယ့်ဂျီတော့ခ် ဝင်ခဲ့ရင်လည်း ကိုယ့်ဂျီမေးလ် လိပ်စာကို သူများ မသိအောင်
ဘယ်လိုဖျက်မလဲ ဆိုတာ ကိုအွန်လိုင်းမှာမေးလာကြလို့ တွေ့ မိသလောက်ပြောပြလိုက်ပါတယ် ။
အလုံးဆုံတော့မဟုတ်ဘူးပေါ့ဗျာ။

1. အရင်ဆုံး Start ထဲက Run ကိုနှိပ်ပါ။ သို့မဟုတ် Windows+R ကိုတွဲဖိပါ။
2. Run box ကျလာရင် Regedit ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။ Box ကျလာပါလိမ့်မယ်။
3. ထိုbox ထဲမှာ folder ငါးခု တွေ့ပါလိမ့်မယ်။ ထိုfolder ငါးခုထဲက ဒုတိယမြောက်
HKEY-CURRENT-USER ဘေးက + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မယ်။
4. Software ကိုရှာပါ။ တွေ့ရင် Software ဘေးက + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
5. Google ကိုရှာပါ။ တွေ့ပါက Google ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
6. Google talk ကိုရှာပါ။ တွေ့ပါက Google talk ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
7. Account ကိုနှိပ်ပါ။ Gmail address တွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ မိမိ ဂျီမေးလ် ဝင်ခဲ့တယ် ဆိုရင်တော့ မိမိ gmail address နာမည် ပေါ်နေပါလိမ့်မယ်။
မိမိ နာမည်ပေါ်မှာ Rioght ကလစ်နှိပ်၊ delete ကို နှိပ်ပါ။ Name/Type/Date တို့ အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်မှာ Right ကလစ်နှိပ်ပြီး delete လုပ်လိုက်ပါ၊
ထိုနည်းနဲ့ဆိုရင်ကိုယ့်ရဲ့ ဂျီမေးလ် လိပ်စာ ကျန်ခဲ့စရာ မရှိတော့လို့ စိတ်ပူစရာ မလိုတော့ပါဘူး။ ကိုယ့်ရဲ့ account ထဲမှာလည်း မလိုအပ်ဘဲလူများလာတာမျိုးမဖြစ်စေတော့ပါဘူး။

အဆင်ပြေကြပါစေ။

မိမိပို့ လိုက်တဲ့ Email ကို လက်ခံတဲ့သူကဖတ်မဖတ်



Email တစ်စောင်ကို ပို့လိုက်လျှင် ၊ မိမိပို့လိုက်သော Email ကို အခြားသူမှဖတ်၊မဖတ်ကိုလွယ်ကူစွာမသိနိုင်ပါဘူး။ ယခုမှာကတော့ Email တစ်စောင်ကို အခြားသူတစ်ယောက်ထံ ပို့လိုက်ပါပြီးရင်၊၎င်း Email ကိုဖတ်၊မဖတ်၊ ဖတ်ရှုသည့်အချိန်၊ နေရာ
(IP Address + Geo Location)၊ ဖတ်ရှုသည့်အကြိမ် အရေအတွက်၊ မည်မျှကြာကြာဖတ်ရှုသည်၊
အသုံးပြုသည့် Browser Details စတဲ့ Statistics ကိုလွယ်ကူစွာ သိရှိနိုင်ပါတယ်။
ကဲစိတ်ဝင်စားရင်ဆက်ဖတ်ရအောင်။

ပထမဆုံး အသုံးပြုလိုသည့် (From Email Account) နှင့် Didtheyreadit.com မှာသွားပြီးတော့ Account တစ်ခုကို Register လုပ်ရပါမယ်။ (Name Display in Emailနေရာမှာ အသုံးပြုနေကျ နာမည်ကိုပဲရေးပါ။ နာမည်ပြောင်းရေလျှင် Email လက်ခံမည့်သူက ပို့နေကျလူဆိုရင်နာမည့်ပြောင်းလိုက်တဲ့ အတွက် သံသယဝင်သွားနိုင်ပါတယ်။) Register လုပ်ပြီးလျှင် မိမိအသုံးပြုသည့် Email ကိုဖွင့်ပါ။သင်၏ Gmail Account ကိုဖွင့်ပါ။ ပြီးလျှင် Compose Mail(သို့မဟုတ်)Forward Mail ကို ဖွင့်ပြီးလျှင် ပို့လိုသည့် Email ပိုင်ရှင် Account (To Address) ကို ရေးပါ။(Account လုပ်ထားသော Didtheyreadit.com မှာလည်း သွားရောက်ပြီးတော့ တိုက်ရိုက်ပို့နိုင်ပါတယ်။)

အဓိကကျတဲ့ အချက်ကိုပြောပါ့မယ်။ ရေးလိုက်တဲ့ Email Account ရဲ့ နောက်ကကပ်လျှက် .didtheyreadit.com ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။
ဥပမာ ပို့လိုသည့် Email Accountကyourfriend@gmail.com ဖြစ်လျှင် ၎င်း Account ၏ နောက်ကပ်လျှက်မှာ .didtheyreadit.com ကိုပေါင်း၍ yourfriend@gmail.com.didtheyreadit.com ဟူ၍ အထက်ပါပုံတွင် ပြထားသည့်အတိုင်း ရေးရပါမယ်။ (Account ၏နောက်မှာ ကပ်လျှက်ရေးလိုက်သော .didtheyreadit.com ကို တစ်ဖက်လူအနေနဲ့ မြင်ရမှာ မဟုတ်ပါဘူး။) ပြီးလျှင် သင်ရေးလိုသည့် Text နှင့် Attachments များကို ရေး၍ ပုံမှန်အတိုင်း Send ကို Click နှိပ်၍ ပို့လိုက်ပါ။
တစ်ဖက်လူမှ သင်ပို့လိုက်သော Email ကိုဖတ်သည်နှင့် ဖတ်သည့်အချိန်၊ မည်မျှကြာကြာဖတ်သည်၊ဖတ်သည့်နေရာ၊IP Address, Geo Location (Approximately), အသုံးပြုတဲ့ Browser Details စတဲ့ Statistics ကို Didtheyreadit.com မှသင့်ထံသို့ Reportလုပ်ပါလိမ့်မယ်။ဖတ်သည့်အကြိမ်တိုင်း သင့်ထံသို့ Report လုပ်ပါလိမ့်မယ်။ Didtheyreadit.com မှာ Free Account အနေနဲ့ တစ်လကို 10 စောင် Free ပို့နိုင်ပါတယ်။ Report Statistics ကို Notification Option မှာ သွားရောက် ပြုပြင်နိုင်ပါတယ်။ Desktop Email Client များဖြစ်တဲ့ Microsoft Outlook , Thunder Bird စတဲ့ Client များနဲ့လည်း တွဲဖက်၍ ပို့လိုက်တဲ့ Email တိုင်းကို Report ပြုလုပ်ပေးရန် အသုံးပြုနိုင်ပါတယ်။

အဆင်ပြေကြပါစေဗျာ။

Facebook တွင်အသစ်တင်သမျှကို Gmail ကနေကြည့်ရအောင်




Facebook သုံးသူများအတွက်ပါ။ မိမိရဲ့ Facebook ကို မိမိရဲ့ Gmail window မှာကြည့်နိုင်ပါတယ်။ သူငယ်ချင်း။တစ်ယေက်ယောက်က အသစ်တင်တာနဲ့ သင့်ရဲ့ Gmail window ထဲက Facebook gadget မှာတန်းဝင်လာမှာပါ။ အသစ်မတင်လျှင် ယခင်တင်ပြီးသား အကြောင်အရာများ ပေါ်နေမှာပါ။
Gmail မှာ Facebook gadget တင်ရန် သင့် Gmail ကိုဖွင့်ပါ။ ထို့နောက် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Setting ကိုနှိပ်ပါ။ Gadgets ဆိုတဲ့ menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကိုသွားပါ။ ထို့နောက် Add any gadget by URL ကို Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs menu ရဲ့အောက်ဆုံးမှာရှိပါတယ်။ ပြီးလျှင် Gadgets menu ကို Setting menu ရဲ့အောက်မှာတွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add a gadget by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်က စာကြောင်းကို copy ကူးပြီးထည့်ပါ။

http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml



ပြီးလျှင် Add ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး Facebook window လေးက သင့် Gmail ရဲ့ဘယ်ဘက် side bar မှာပေါ်လာပါလိမ့်မယ်။ သင့် Facebook account နဲ့ log in လုပ်လိုက်ပါ။ သင့် Gmail window မှနေပြီး သင့် Facebook status ကိုအလွယ်တကူ ကြည့်နိုင်ပါပြီ။

Facebook မှာ mp3 သီချင်းတင်ရအောင်(၂)

FaceBook မှာသီချင်းတင်တာအရင်ပို့ စ်အနေနဲ့ တင်ပြခဲ့ပါတယ်။ဒါပေမဲ့သူကပိုက်ဆံတောင်းပြီး။
Free User ကို ၁၀စက္ကန့် ဘဲနားထောင်ရအောင်လုပ်လာပါတယ်။
ကျွန်တော်တို့ ကလည်း ဖရီးသမားတွေဆိုတော့အဆင်မပြေကြပါဘူး။ဒီတော့လိုက်ရှာရင်း
နဲ့ ကျွန်တော်လိုဖရီးသမားတွေနဲ့ အဆင်ပြေတဲ့ဆိုဒ်လေးတစ်ခုကိုရလို့ ပြောပြလိုက်ပါတယ်။
အသုံးပြုနည်းကိုပြောပြပါ့မယ်။ ပုံအကြီးကြည့်ရန်ကလစ်နှိပ်ပါ။

ပထမဦးစွာ https://posterous.com/register ဒီနေရာလေးကို သွားပြီးရီဂျစ်စတာလုပ်လိုက်ပါ။



ပြီးရင် youre almost there ကိုကလစ်ပါ။



ရီဂျစ်စတာပြီးဆုံးပါကအောက်ကပုံအတိုင်းမိမိအကောင့်ကိုမြင်ရပါ့မယ် အဲ့ဒီမှာမျှားပြထားတဲ့အတိုင်း
Post by Email ကိုကလစ်ပါ





ပြီးရင်ဖေ့ဘွတ်ပေါ်မှာတင်ပြမှာဖြစ်တဲ့အတွက် Post by web ကိုကလစ်ပါ။


ပြီးရင် သီချင်းတင်မှာဖြစ်တဲ့အတွက် Media ဆိုတဲ့အပေါ်မျှားအတိုင်းကလစ်ပါ။


ထိုအခါဘလော့က်စ်တစ်ခုပေါ်လာပါလိမ့်မယ်။




ထိုအခါအများကိုနားညည်းစေချင်တဲ့သီချင်းကိုလိုက်ရှာပါ။ပြီးရင်openကိုနှိပ်ပါ
သီချင်းကို upload တင်ပါ့လိမ့်မည်ပြီးဆုံးသည်အထိစောင့်ပေးပါ။



သီချင်းတင်ပြီးပါက။အများကိုနားညည်းစေဖို့ ရန် Publish ကိုနှိပ်ပါ။
သိမ်းထားလိုပါက Save ကိုနှိပ်ပါ။





ပြီးရင်မိမိတင်သောသီချင်းပေါ်လာပါလိမ့်မယ်။သူများနားညည်းမညည်းကိုသေသေချာချာသိရန်
Play ခလုပ်နှိပ်ပြီးကိုယ်အရင်နားညည်းခံပါ။



သေသေချာချာနားညည်းဖိပြီဆိုရင်ဖေ့ဘွတ်ကသူငယ်ချင်းတွေနားညည်း
ဖို့ ရန်သီချင်းအောက်ကဖေ့ဘွတ်အိုင်ကွန် Like ကိုနှိပ်ပါ။ထိုသို့ မနှိပ်ခင်မိမိဖေ့ဘွတ်အကောင့်ကို
ဖွင့်ထားရမှာဖြစ်ပါတယ်။ထိုအခါဖေ့ဘွတ်မှာအများသူငါနားညည်းစေရန်အတွက်။လုပ်ဆောင်ပါ
လိမ့်မယ်။ပြီးဆုံးပါကမိမိဖေ့ဘွတ်အကောင့် ကိုရီလုပ်လုပ်လိုက်ပါအများသူငါနားညည်းစေမဲ့သီချင်း
မိမိပရောဖိုင်းမှာရောက်ရှိနေပါလိမ့်မယ်။

အဆင်ပြေကြပါစေဗျာ။

facebook သုံးသူတွေအတွက်ပါ

ကျွန်တော်တို့ internet ကို ဆိုင်မှာသုံးနေရင်းနဲ့ လိုင်းကျသွားရင် လုပ်သင့်တဲ့အလုပ်တွေ ရှိပါတယ်။ အဓိက ကျွန်တော်ပြောချင်တာက facebook သုံးသူတွေအတွက်ပါ။ သုံးနေရင်းနဲ့လိုင်းကျသွားရင် Log out လုပ်ရတာ အခက်အခဲတွေ့နိုင်ပါတယ်။ အဲဒီအခါ ဘာလုပ်မလဲ။ ကျွန်တော်တို့ရဲ့ Browser က facebook နဲ့ပတ်သတ်တဲ့ data တွေ(email, password) ကို cookies အဖြစ်နဲ့သိမ်းထားပါတယ်။ အဲဒါတွေကိုရှင်းခဲ့ရပါမယ်။ Firefox Browser ရဲ့ menu bar က Tools အောက်က Options ကိုရွေးလိုက်ပါ။ ပြီးရင် Privacy ဆိုတဲ့ tab ကို ပြောင်းလိုက်ပါ။ ဒီလိုတွေ့ရပါမယ်။



Firefox will ဆိုတဲ့ drow down list box မှာ Use custom settings for history ကိုရွေးလိုက်ပါ။ ဒီလိုတွေ့ရပါမယ်။




အဲဒီမှာ Show Cookies ကို click လိုက်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။




အဲဒီထဲမှာ ကိုယ်ရှင်းချင်တဲ့ site ကိုရွေးလိုက်ပါ။ ဒီနေရာမှာတော့ facebook.com ပေါ့။ select လုပ်ပြီး Remove Cookies ကို click လုပ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ facebook data တွေအတွက် စိတ်ချရပါပြီ။



အဆင်ပြေကြပါစေဗျာ။


Tuesday, September 20, 2011

အွန်လိုင်းမှာ ရှိ/မရှိ



Gtalk က လာရောက်တောင်းဆိုသူရေ .... ။ ဘလော့တွေမှာ မိမိပြုလုပ်ထားသလို အွန်လိုင်းမှာ ရှိ/မရှိ ပုံစံလေး လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။


၁) http://www.google.com/talk/service/badge/New ကို ဖွင့်ပါ။

၂) Gmail account နှင့် Sign in ၀င်ပါ။ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။



၃) အောက်ဆုံးတွင် ကုဒ်များရှိပါတယ်။ ကော်ပီကူးပီ မိမိတို့ရဲ့ ဘလော့ HTML မှာ ထည့်လိုက်ရင် အိုကေမှာပါ။

Gtalk တွင် Music Name ဖော်နည်း

မိမိသီချင်းနားထောင်နေတာကို Gtalk မှာ ပေါ်ချင်တယ်လို့ မေးလာတဲ့ စာဖတ်သူအတွက် ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။ သီချင်းကို Window Media Player နဲ့ ဖွင့် နားထောင်ရပါမယ်။ Window Media Player ဘယ် Version နဲ့ အဆင်ပြေမလဲတော့ သေချာမသိပါဘူး။

မိမိ အသုံးပြုနေတဲ့ Window Media Player က Version 11 ပါ။ ကျန်တဲ့ Version တွေမှာ လုပ်လို့ မရတာမျိုး ဖြစ်မှာစိုးလို့ ကြိုတင်ပြောကြားထားခြင်း ဖြစ်ပါတယ်။ လုပ်နည်းကတော့

(၁) Window Media Player မှာ Tools ကနေ Options ကို ဖွင့်ပါ။
(၂) Plug-ins ကို ရွေးပါ။
(၃) Background ကို ရွေးပါ။ ညာဘက်တွင် Google Talk Music Plugin ဆိုတာ ရှိပါတယ်။ အမှန်ခြစ်ပေးပါ။
(၄) Gtalk တွင် Show Current Music Track ကို ရွေးချယ်ပါ။

မိမိနားထောင်နေသည့် သီချင်းနာမည်ပေါ်လာပါလိမ့်မည်။ အဆင်ပြေပါစေ။

အင်တာနက်ဆိုင်မှာ အီးမေလ်း အသုံးပြုသူများအတွက် လုံခြုံမှုရှိစေရန်

ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ ကျွန်တော်တို့
အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာစိုးလို့ လျှောက်ရိုက်ပြီး ထွက်တတ်ကြပါတယ်။

ကျွန်တော်တစ်နေ့ကregistery ထဲဝင်ကလိရင်းနဲ့ တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user
တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့ ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကို
မှတ်မှာပေါ့နော် ) ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေHKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။
ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေး
ခဲ့ရင် ပိုကောင်းတာပေါ့ ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username
တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံပြီပေါ့ ။
မော်ဇီလာမှာ တစ်ချို့တစ်လေ က ပတ်စ်ဝပ်တွေကျန်တာတွေရှိပါတယ်။ အဓိက ဆိုက်ဖာ ကာဖေးတွေမှာ ဖြစ်တတ်ပါတယ်။ အများသုံးလေ။ ဒါကြောင့် ကိုယ့် ၀င်တဲ့ ၀က်ဆိုက်မှာ ကိုယ့်အကောင့် ကျန်တာတို့ မဖြစ်အောင်။ ဂျီမေးလ် နဲ့အခြားအရေးကြီးဆိုက်တွေ မှာ လုံခြုံမှုရှိအောင် အသုံးပြုပြီးတိုင်း၊ ဘရောက်ဇာမပိတ်ခင်မှာ ကိုယ်ဘာဝက်ဆိုက်တွေ ဖွင့်ထားခဲ့တယ် ဆိုတာ scholl bar မှာ မတွေ့ရအောင်။ အသုံးပြုပြီးတိုင်း Ctrl+Shift+Del ကို နှိပ်ပါ။
အားလုံးကို ဖျက်ဖို့ ကလစ် အကုန်ပေးပါ ဒါပြီးရင် Clear Private Data ပေးလိုက်ပါ။ နောက်လူက ဘာမှ မသိနိုင်တော့ပါဘူး ။
နောက်တစ်ချက်က မော်ဇီလာမှာ အသုံးပြုခဲ့တဲ့ ပတ်စ်ဝပ်များ ကို သေချာ အသုံးပြုပါ ပတ်စ်ဝပ်ဆေ့ဖ်မှာလား ဆို No ဘဲပေးပါ။ ဒါမှ မယုံကြည်သေးရင် မော်ဇီလာက Tools——–> Option——> Security——–>
Savepassword ဆိုတာရှိပါတယ်။ အဲ့ဒီမှာ ကိုယ့်ပတ်စ်ဝပ်က ကျန်မကျန်ကြည့်လို့ရပါတယ်။ မာစတာ ပတ်စ်ဝပ်ခံထားရင်တော့ ကြည့်လို့မ၇ပါဘူး။ မာစတာ ပတ်စ်ဝပ်ရှိမှ သိနိုင်ပါတယ်။ ဒါကတော့ သေချာပြန်စစ်ဘို့လိုမယ့်အချက်လေးတွေပါ။ ဖိုရမ်တွေဝင် ရင်ပိုဆိုးပါတယ်။ ကိုယ့် အကောင့်နဲ့တခြား သူတွေက ၀င်ပြီး မဟုတ်တာတွေ စွတ်လုပ်သွားရင် ကိုယ်ဘဲ နာမည်ပျက်မှာပါ။ ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် မဖြစ်ရအောင် ကျွန်တော်ပြောတာလေးကို သေချာလုပ်ပေးကြဘို့ ပြောလိုပါတယ်

Gmail အကောင့်ဖွင့်နည်းအသစ်လေးပါ...

Gmail account တွေကိုဒီလိုဖွင့်လို့ရနေပြီနော်... ပထမဆုံး www.gmail.com သို့သွားလိုက်ပါ......


ပေါ်လာတဲ့ထဲက Learn how ကိုကလစ်ပါ။


START THE INTERVENTION ကိုကလစ်ပါ။


ပြီးရင် ENTER YOUR CONTACT INFO အောက်မှာ သင်လက်ရှိသုံးနေတဲ့ Gmail address နဲ့ သင့်နာမည်ကိုထည့်ပေးပါ.. ENTER YOUR FRIEND'S CONTACT INFO အောက်မှာ သင့်အကောင့်ထဲမှာရှိတဲ့ သင့်သူငယ်ချင်းနာမည်နဲ့ Gmail address ကိုထည့်ပေးပါ။ ပြီးရင် NEXT ကိုကလစ်ပါ။

အပေါ်ကပေါ်လာတဲ့ထဲက SEND ကိုကလစ်ပါ။ပြီးရင်သင်၏မေးထဲသို့ စာတစောင်ဝင်လာပါမည်။ ထိုစာအားကလစ်ပါက အောက်ပါအတိုင်းထပ်မံပေါ်လာမည်။



ပေါ်လာတဲ့ထဲက Switch to Gmail ကိုကလစ်ပြီး သူငယ်ချင်းတို့လိုချင်တဲ့ Gmail account အသစ်ကို ပြုလုပ်နိုင်ပါပြီ။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Eagle Belt Buckles