Showing posts with label BLOG. Show all posts
Showing posts with label BLOG. Show all posts

Friday, September 23, 2011

Blog မှာ Membuat Text Area ပြုလုပ်နည်း

Blog မှာ Membuat Text Area ကို တည်ဆောက်နည်းလေးကိုတင်ပြမှာဖြစ်ပါတယ်။ ကျွန်တော် အရင်းက Post တွေမှာတော့ အသုံးပြုခဲ့ပါတယ်။ အခုလို့ Auto Selected ကလေးနဲ့ တင်ပြချင်တဲ့သူငယ်ချင်းများအတွက် အောက်ပါ code တွေကို အသုံးပြုနိုင်ပါတယ်။ကျွန်တော်အောက်မှာ ပုံစံနှင့် code ပါ တခါတည် တင်ပြလိုက်ပါတယ်။ height, rows, cols နှင့် Width ကတော့ မိမိစိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။







Mouse Pointer လှလှလေတွေထည့်နည်း

ကျွန်တော် Mouse Pointer ထည့်နည်းကို စာနဲ့ထည့်နည်းကို အရင်းက တင်ပြခဲ့တာရှိပါတယ်။ အခုကတော့ ဆိုဒ်ကနေ Auto ယူထည့်တဲ့နည်းလေးဖြစ်ပါတယ်။ မိမိစိတ်ကြိုက်ပုံလေးတွေကိုနိုပ်လိုက်ရင် သူ့ရဲ့code ကို ပေးပါလိမ့်မယ်။ ယူပြီထည့်လိုက်ယုံပါဘဲ။အတော်များလည်သိကျပါတယ်။ ကျွန်တော်ဆိုဒ်မှာ လာဖတ်တဲ့ သူငယ်ချင်းများထဲမှာ မသိသေတဲ့သူငယ်ချင်းများရှိရင် အသုံးပြုလို့ရအောင် တင်ပြပေးလိုက်တာပါ။

1. ဒီဆိုဒ်မှာ http://www.totallyfreecursors.com/category.cfm/id/67/Alphabet.htm အရင်ဝင်လိုက်ပါ။ မိမိထည့်ချင်တဲ့ အမျိုးအစားအလိုက် ရွေးချယ်လိုက်ပါ။
2. မိမိရွေးချယ်လိုက်တဲ့ အမျိုးအစားနဲ့ပတ်သက်ပြီ အများကြီး ကျလာပါမည်။ မိမိအသုံးပြုချင်တဲ့ တစ်ခုပေါ်မှာ click လိုက်ပါ။ ပြီရင် HTML code ကျလာပါမည်။ copy လုပ်လိုက်ပါ။
3.မိမိ Blog မှ Layout ကို click လိုက်ပါ။ Page Elements မှာ Add a Gadget ကို click လိုက်ပါ။ HTML/JavaScript မှာ အခုဏ copy ကူးထားတာကို ထည့်လိုက်ပါ။
4. Save ကိုနိုပ်လိုက်ပါ။ ပြီပါပြီ

Blog Speed အရမ်းနှေးနေလာ?

ကျွန်တော် ဒီနေ့တော့ ဘလော့လ်တွေ ဘာတွေကြောင့်လေးနေတယ်။ ဖွင့်ရင် အရမ်းကြာနေတယ်ဆိုတာကို တင်ပြပေးပါမည်။ ကိုညီနေမင်းလည် တင်ပြခဲ့တာ ကျွန်တော်ဖတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဆိုဒ်တွေကို အဓိက Speed နှေးစေတာကတော့ JavaScript (Js)ဖိုင်တွေနဲ့ CSS (Cascading Style Sheets)တွေရဲ့ upload Link တွေကြောင့် လေးလံကျတာ အဖြစ်များပါတယ်။ နောက်နှေးစေတာက picture ဆိုဒ်တွေကြောင့်ဖြစ်စေပါတယ်။ ကျွန်တော်အရင်က Js နှင့် CSS တွေကို upload တင်ရင် www.ripway.com နှင့် www.hostfile.com မှာ အတင်များပါတယ်။ ဒါပေးမဲ့ အဲဒီ Link တွေက Anti-virus နဲ့ညှီတဲ့အခါရှိသလို တစ်ခါတစ်လေ upload ဆိုဒ်က error ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဆိုဒ်က တော်တော်နဲ့ ပွင့်မလာပါဘူး။ ဒါနဲ့ဘယ်မှာ ကြာနေတယ်ဆိုတာ မိမိတို့ ရဲ့ဘယ်ဘက်ထောင့်မှာ ကြည့်က တွေ့မြင်နိုင်ပါတယ်။ ဒါနဲ့ Layout မှာ မိမိရဲ့ js နှင့် css link တွေကို https://sites.google.com မှာ ပြောင်းတင်ပြီ ကျွန်တော်ပြန်ပြင်လိုက်တော့မှ မြန်သွားတယ်။ ဒါကြောင့် မိမိတို့ ဆိုဒ်တွေ လေးလံနေတယ်ဆိုရင် js နှင့် css link တွေနဲ့ picture ဆိုဒ်တွေကို ပြန်ပြင်ပါ။ နောက်ပြီ မိမိဆိုဒ်မှာ flash တွေအ၇မ်းထည့်တာတို့မှ ရှောင်ကျင်ပါ။ ကျွန်တော်တော့ အခုနောက်ပိုင်း Jss နှင့် css link တွေကို https://sites.google.com မှာ တင်ပါတော့တယ်။ ဘယ်လိုတင်လဲသိချင်က မေးမြန်နိုင်ပါတယ်။ မိမိ Blog ဘယ်လောက် Speed မြန်လဲဆိုတာ စမ်းနိုင်ရန် အောက်မှာဆိုဒ်တွေကို တင်ပြပေးလိုက်ပါတယ်။ မိမိဆိုဒ်ဖွင့်လို့ လေးလံနေရင်လည် အောက်က ဆိုဒ်တွေမှာ စမ်းလိုက်ပါ။ ဘယ်လင့်က error ပြနေတယ်ဆိုတာ တွေ့ရပါမည်။ ကျေးဇူးတင်ပါတယ်

http://tools.pingdom.com/fpt/
http://www.netmechanic.com/cobrands/MarketingTips/load_check.htm
http://www.linkvendor.com/seo-tools/speedtester.html
http://www.robertjsteiner.com/seo_free_tools.php

Wednesday, September 21, 2011

Banner Maker



ဘလော့များတွင် အလှဆင် တပ်ဆင်ရန်အတွက် Banner ပြုလုပ်တဲ့ ဆော့ဝဲလ်လေး ဖော်ပြပေးလိုက်ပါတယ်။ Banner ပြုလုပ်ရာမှာ လွယ်ကူ ရှင်းလင်းပြီး Gif ဖိုင်များပါ ဖန်တီးလို့ ရပါတယ်။ စိတ်ဝင်စားသူများ ဒီတွင် Download လုပ်ယူပါ။

ဘလော့အချက်အလက်စာအုပ် ဖြန့်ဝေ

ဘလော့ဂါ ဆရာကြီးများဖြစ်သော ကိုရန်အောင်၊ မောင်လှ၊ လင်းထက်၊ မှော်ဆရာ၊ ညီညီသံလွင်၊ ချမ်းမြစိုး၊ ၀ဏ္ဏကို၊ မောင်သင်္ကြန်၊ ဝေယံလင်း၊ ကိုဖိုးဇင် တို့က မြန်မာဘလော့ လောကတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာဘလော့ အကူအညီ ဆိုက်တစ်ခုကို တည်ဆောက်ထားပါတယ်။ မြန်မာဘလော့ လောကမှာ အဲဒီဆိုက်နဲ့ ကင်းတဲ့ လူမရှိပါဘူး။ ဘလော့လုပ်ချင်သူ အားလုံး ထိုဆိုက်က လမ်းညွှန်ချက်တွေ၊ ဗဟုသုတတွေ၊ လုပ်နည်းတွေ စတာတွေနဲ့ တည်ဆောက် နေကြ ရတာပါ။ မြန်မာဘလော့အကူအညီ ဘလော့ထဲမှ အမြဲဖော်ပြနေသော အချက်အလက်များကို ကျွန်တော် အပင်ပန်းခံ၍ စာအုပ်တစ်အုပ် အဖြစ် ပြုစုထားပါတယ်။ Update မဖြစ်ပေမယ့် တော်တော်များများ စုံလင်လှပါတယ်။ အချိန်မပေးနိုင်တာကြောင့် စာအုပ်တွင် အားနည်းချက် များရှိပါတယ်။ ဒါကိုတော့ ခွင့်လွှတ်ပေးကြပါ။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။

ဆက်ဖတ်ရန် (သို့) ပြန်ခေါက်ရန်

ကဲ အားလုံး တမ်းတနေတဲ့ အရာလေး လာပါပြီ။ မိမိရဲ့ ဘလော့ဂ်လေးမှာ စာပိုဒ်တစ်ဝက်ပဲ ဖော်ပြီး တစ်ဝက်ကို ခေါက်သိမ်းထားမယ်။ ဖတ်ချင်တဲ့သူက ဆက်ဖတ်ရန်ဆိုတဲ့ စာလေးကို Click လုပ်မယ်။ စာတွေ ကျလာမယ်။ ဟုတ်တယ် မဟုတ်လား။ အဲဒီ လုပ်နည်းလေးလေ။


ကိုရန်အောင် ဘလော့မှာ ညွှန်းထားပါတယ်။ ကျွန်တော်လဲ အဲဒီက ယူတာပါ။ ဒါပေမယ့် မအောင်ခဲ့ဘူး။ အခု ထပ်လုပ်တယ်။ ကိုရန်အောင် နည်းကို ပြန်ယူတယ်။ လိုအပ်ချက်တွေကို ကိုယ့်ဘာသာ ကိုယ်ရှာခဲ့တယ်။ တွေ့တယ်။ အောင်မြင်ခဲ့တယ်။ ဒီတော့ ကျွန်တော် သိလာတဲ့ အချက်အလက်တွေကို ပြန်ပြောမယ်။ ကိုရန်အောင် လုပ်နည်းကို Reference ယူပြီး ပြန်လုပ်ထားတယ်။ ကဲ ဒီမှာ လုပ်နည်းကို Download လုပ်ယူ။ ဟုတ်ပြီနော်။

Tuesday, September 20, 2011

အင်တာနက် ရေဒီယို

Cbox တွင် လာရောက်တောင်းဆိုထားတဲ့ အတွက် ဖော်ပြပေးလိုက်ပါတယ်။ မိမိရဲ့ ဘလော့ကို ဖွင့်လိုက်တာနဲ့ သီချင်းသံ ကြားစေဖို့ အဖြူရောင်သံစဉ် ရေဒီယိုကို ထည့်သွင်းချင်ရင် Layout က Add a Gadget ကို ကလစ်ပြီး HTML/Java Script ကို ရွေးပြီး ဒီဖိုင်လေးထဲက ကုဒ်များကို ကူးပြီး ထည့်လိုက်ရင် အိုကေမှာပါ။

Search Box ထည့်သွင်းပုံ


မိမိတို့ရဲ့ ဘလော့တွေဖြစ်ဖြစ်၊ Ning Social Group တွေမှာ ဖြစ်ဖြစ် Search Box ထည့်ချင်တယ်ဆို အောက်က ကုဒ်လေးကို ယူပြီး သုံးစွဲနိုင်ပါတယ်။


Ning မှာ ထည့်ချင်တယ်ဆိုရင်တော့ Text မှာ ထည့်သွင်းရမှာပါ။ youthnetworks.ning.com နေရာမှာ မိမိတို့ရဲ့လင့်တွေကို ပြောင်းထည့်ရမှာ ဖြစ်ပါတယ်။ ဘလော့မှာဆိုရင်တော့ Add a Gadget က HTML မှာ ထည့်သွင်းရမှာပါ။

နှင်းတွေ ဝေ


ဆောင်းရာသီက နေရာတိုင်းမှာ နှင်းတွေ ဝေနေပါတယ်။ တောင်ပေါ်ဒေသတွေဆို ပိုဆိုးတာပေါ့။ နေရာတိုင်း နှင်းဝေနေတဲ့အချိန်မှာ မိမိတို့ရဲ့ ဘလော့လေးမှာ နှင်းတွေ ဝေချင်တယ်ဆိုရင် ဒါမှမဟုတ် သစ်ရွက်လေး ပြုတ်ကျလာစေချင်ရင် အောက်က ကုဒ်တွေကို ယူလိုက်ပါ။







ပြီးရင် Layout ရဲ့ Add a Gadget က HTML/JAVA ထဲမှာ ထည့်လိုက်ရင် ရပါပြီ။ သစ်ရွက်ပဲ ဝေေ၀၊ နှင်းပဲဝေေ၀ ဝေချင်ရာ ဝေနိုင်ပါပြီ။ ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ။

Botton Page ပြုလုပ်နည်း


မေးထားတာတော့ ကြာပါပြီ။ မိမိ မအားတာနဲ့ မရေးဖြစ်တာပါ။ အမှန်တော့ ဒီလုပ်နည်းကို မရေးချင်ပါဘူး။ ဘလော့ တော်တော်များများမှာ ရေးသားထားတာ မြင်ဖူးလို့ပါ။ ဒါပေမယ့် အဲဒီဘလော့တွေကို ညွှန်းဖို့အတွက် လင့်တွေ မေ့နေတာနဲ့ မိမိလုပ်ထားတာကို ရေးသားဖော်ပြလိုက်ပါတယ်။ အောက်က အဆင့်တွေအတိုင်း လုပ်ပေးပါ။

၁) Layout မှာ Add a Gadget က HTML/JAVA ကို Click လုပ်ပါ။
၂) အောက်က ကုဒ်တွေကို ကော်ပီ ကူးထည့်ပါ။



၃) Save လုပ်ပါ။
၎) Blog Posts အောက်ခြေကို ရွှေ့လိုက်ပါ။ ဒါဆို ရပါပြီ။

စာတန်းတွေ ပြေးနေမယ်


ကိုကို ညစဉ် ဆက်ဆက်လာနော်။ မောင်မောင် နေ့စဉ် ဆက်ဆက်လာနော်။




Cbox က မေးမြန်းထားတာလေး ဖော်ပြပေးလိုက်ပါတယ်။ စာတွေ အထက်ကလို ပြေးနေတဲ့ ဒီကုဒ်လေးကို Copy ကူးပြီး Layout က Add a gadget မှာ HTML မှာ ထည့်လိုက်ပါ။ ဒါဆို အိုကေပါပြီ။

Comments from Blog



Blogger တိုင်း အသုံးပြုနေတဲ့ အရာအားလုံးထဲက တစ်ခုကတော့ Feedback ပြန်လာနိုင်တဲ့ Comments ပဲ ဖြစ်ပါတယ်။ မိမိတို့ဘလော့တွေကို ဝေဖန်၊ အကြံပြု၊ လိုအပ်ချက်တွေ တောင်း၊ စကားစမြည်းပြောတဲ့ စာဖတ်သူတွေ ရေးသားတဲ့စာတွေကို ဘလော့ဂါတွေအနေနဲ့ ချက်ချင်းသိ၊ ချက်ချင်းဖတ်နိုင်အောင် Gadget တွေ သုံးကြရပါတယ်။


အခုဆို Blog က လိုအပ်ချက်တွေကို ဖြည့်ဆည်းတဲ့အနေနဲ့ Wordpress မှာ ဖော်ပြသလို အကောင့်ဝင် လိုက်တာနဲ့ Dashboard မှာ Comments ပေါ်သလို ယခု Blog မှာ လုပ်ဆောင်ပေးလိုက်ပါပြီ။ www.blogger.com ကို ၀င်လိုက်တာနဲ့ Dashboard မှာ Posting ဘေးမှာ Comments Tab ဆိုတာ ရှိပါတယ်။ မိမိဘလော့မှာ ရေးထားသမျှ Comments တွေကို ဖတ်နိုင်ပါပြီ။ Blog Cheer !

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Eagle Belt Buckles