Wednesday, September 28, 2011

Google+ အကောက်လုပ်ကြမယ်

ဒီက မသိသေးတဲ့ သူငယ်ချင်းတို့ကို ကျွန်တော်သတင်းကောင်း ပါးလိုက်ပါတယ်နော် သိပြီးသား အကောက်ရှိပြီးသားသူငယ်ချင်းတွေ အတွက်မဟုတ်ပါဘူး အခုတလော ခေတ်စားလာတဲ့ Google+ ဟာ Facebook ကိုစိန်ခေါ်ဖို့တဲ Google ကုမ္မဏီကလုပ်လိုက်တာဖြစ်ပါတယ်တဲ့
အခုအကြောင်းအရာကိုတော့ ကောင်းလေးငယ် ဘလောက ကျွန်တော် ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ် http://kaunglaynge.net/archives/8351 အဲဒီမှာသွားဖတ်လိုက်ပါ ကောင်းလေးငယ် ဘလော လင့်ကို ကျွန်တော်ပေးလိုက်ပါပြီ သူကိုအကောက်လုပ်မည်ဆိုလျှင် အခုလက်ရှိသုံးနေတဲ့ လူတစ်ယောက်က ဖိတ်မှသာရတယ်တဲ့ ကျွန်တော်ကို လည်း ကို နေမင်းမောင် ဖိတ်ပေးလိုက်တာပါ ကောင်းလည်းငယ် ဘလောမှာလည်းတောင်ဆိုနိုင်ပါတယ် တကယ်လိုလားတယ် ဆိုရင်တော့ ကျွန်တော်ဆီကိုလည်း mail ပိုပြီတောင်းနိုင်ပါတယ် ကျွန်တော် mail ကတော့ aarjay001@gmail.com ပါဗျာ သုံးပုံသုံးနည်းကိုတော့ အောက်မှာ
ဆက်ပြီဖတ်နိုင်ပါတယ်

ကျွန်တော်ဟိုနေ့က Google + ကိုအသုံးပြုနိုင်ဖို့အတွက်ဘယ်လို Register လုပ်ပြီးဝင်ရောက်ရမယ်ဆိုတာကို

ရှင်းပြရင်းနဲ့စတင်မိတ်ဆက်ပေးခဲ့ပြီးပါပြီ..အခုဆိုရင်အားလုံးပဲ Google + မှာမိမိတို့ရဲ့ကိုယ်ပိုင် Profile တစ်ခု

ပိုင်ဆိုင်သွားပြီလို့ ထင်ပါတယ်..ဒီနေ့တော့ကျွန်တော်တို့ Google + ကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်

ဗျာ..

Google ဟာသူရဲ့ Project အသစ်ဖြစ်တဲ့ Google Plus ကို Facebook ကိုကျော်လွှားနိုင်ဖို့အတွက်ဆန်းသစ်တဲ့

နည်းပညာတွေကိုပေါင်းစပ်ပြီးပွဲထုတ်ခဲ့တာဖြစ်ပါတယ်..ကျွန်တော်တို့အရင်က Facebook မှာအသုံးပြုကြတဲ့အခါ

မှာတစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းဖြစ်သွားပြီဆိုတာနဲ မိမိနဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေကိုမိမိကအရင်;

နှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုသာထုတ်ဖော်ပြချင်တာဖြစ်ပေမယ့် အကြောင်းအရာတစ်ခုကို Share လိုက်ပြီ

ဆိုတာနဲ့မိမိသိစေချင်သူရော မသိစေချင်သူများအားလုံးပါ မိမိ Share လိုက်တဲ့အကြောင်းအရာကိုသိရှိသွားမှာ

ဖြစ်ပါတယ်အဲ့ဒီလိုအားနည်းချက်တွေကို Google Plus က Circles ဆိုတဲ့ Feature ကိုအသုံးပြုပြီး ထိမ်းချုပ်ပေး

သွားတာကို တွေ့ရပါတယ်..

Google Plus မှာပါဝင်တဲ့ Circles ဟာကျယ်ပြန်လှတဲ့ Social Network ကြီးထဲမှာ မိမိတို့ခင်မင်ရင်းနှီးတဲ့အုပ်

စုလိုက် Contacts လုပ်ပေးနိုင်တဲ့အတွက် မိမိကဒီအကြောင်းအရာတစ်ခုကို မိမိနဲ့အရင်းနှီးဆုံး မိတ်ဆွေသူ

ငယ်ချင်းများကိုသာ Share ပေးချင်တာလား ၊ ဒါမှမဟုတ် အားလုံးကိုသိစေချင်တဲ့သဘောနဲ့ Share ချင်တာ

လား ၊စသည်ဖြင့်ခွဲခြား လုပ်ဆောင်ပိုင်ခွင့်တွေပါဝင်ပါတယ်..မိမိတို့စိတ်ကြိုက် Circle တွေကို Create ပြုလုပ်

နိုင်ပြီး ကျယ်ပြန့်လှတဲ့ Social Network ကြီးထဲမှာ ကိုယ်ပိုင် Home Circle များတည်ဆောက်ပြီး Share တွေ

လုပ်ဆောင်နိုင်ခြင်းဟာ Facebook နဲ့မတူညီတဲ့ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပါတယ်..

Google Plus ကိုအသုံးမပြုရသေးတဲ့သူများကတော့ Circle နဲ့ပါတ်သတ်ပြီးလက်တွေ့လေ့လာကြည့်ချင်

တယ်ဆိုရင်တော့ ဒီလင့်လေး မှာသွားပြီးတော့လေ့လာနိုင်ပါတယ်..

ပြီးရင် The Google+ project: Explore Circles နဲ့ပါတ်သတ်ပြီး U-Tube မှာလေ့လာနိုင်ပါသေးတယ်


နောက်ထပ်ထူးခြားစွာပါဝင်လာတဲ့ Feature တစ်ခုကတော့ Hangouts ပါ..Hangouts မှာဆိုရင်မိမိတို့တစ်ဦး

ချင်း Contect လုပ်ကာ Single Video Chat မှသည် Group Chat အထိအသုံးပြုနိုင်တဲ့ Feature ကိုထည့်

သွင်းပေးထားပါတယ်..ကျွန်တော်အပေါ်မှာပြောခဲ့သလို Home Group လေးတွေတည်ဆောက်ပြီး ဝေးကွာ

နေကြတဲ့မိသားစုဝင်များ မိမိတို့လုပ်ငန်းဆောင်တာများ ပြီးဆုံးတဲ့အခါမှာ ပုံမှန်မိသားစုတွေ သိုက်သိုက်ဝန်းဝန်း

နဲ့တွေ့စုံကြသလို တွေ့ဆုံနိုင်အောင်ဖန်တီး ပေးထားတာကလဲ Google Plus မှာပါဝင်တဲ့Hangouts ရဲ့ထူးခြား

ချက်တစ်ခုပါပဲ..။Group Chat တစ်ခုဟာ အများဆုံး လူ ( ၁၀ ) ယောက်အထိပါဝင်နိုင်တာကိုတွေ့ရပါတယ်..

ဒီကောင်လေးကိုအသုံးပြုမယ် ဆိုရင်တော့ GoogleVoiceAndVideoSetup လေးကို Download ချပြီးမိမိတို့

အသုံးပြုမဲ့ ကွန်ပျူတာတွေမှာ Install လုပ်ပေးဖို့လိုပါလိမ့်မယ်..

The Google+ project: Explore Hangouts ကိုလည်းအောက်မှာလေ့လာကြည့်နိုင်ပါတယ်..


Sparks ကတော့ရှာဖွေစုဆောင်း မှတ်သားရတာကြိုက်နှစ်သက် သူများအတွက်အရမ်းကိုအသုံးဝင်စေမယ့်

Feature လေးပါ..အရင်လို Google မှာသက်သက်လိုက်ရှာမနေတော့ပဲ မိမိဖတ်ချင်တဲ့အကြောင်းအရာတစ်

ခုကို Sparks မှာရိုက်ရှာမယ်ဗျာ..တွေ့ပြီဆိုတာနဲ့ Share ကိုနှိပ်လိုက်ပါ..ပြီးရင် Add circles or people

to share with...ကနေပြီးတော့ မိမိကအားလုံးကို ဒီအကြောင်းကို Share ပေးချင်တာလား ဒါမှာမဟုတ်မိမိဘာ

သာသီးသန့်သိမ်းထားချင်တာလား ဆိုတာကို သက်ဆိုင်ရာ Circle လိုက်ရွေးပြီး Share ပေးထားယုံပါပဲ..

စိတ်ကြိုက်အကြောင်းအရာတွေအကုန်လုံးကို မိမိကိုယ်ပိုင် Circle ထဲမှာထည့်ပြီးသိမ်းထားယုံပါပဲ..

The Google+ project: Explore Sparks နဲ့ပါတ်သတ်ပြီးအောက်မှာလေ့လာကြည့်နိုင်ပါတယ်..


နောက်ထပ်လေ့လာချင်သူများကိုမိတ်ဆက်ပေးချင်တာကတော့ Google + နဲ့ Facebook ရဲ့ကွာခြားချက်

ပါ..အောက်ပုံကိုလေ့လာကြည့်လိုက်ရင်ဘာတွေကွာခြားချက်ရှိလဲဆိုတာ သဘောပေါက်သွားပါလိမ့်မယ်..

ဒါကတော့ Google Plus မှာပါဝင်တဲ့ Feature လေးတွေကိုလေ့လာကြည့်ရင်းနဲ့ Google + နဲ့ Facebook

နှိုင်းယှဉ်ချက်လေးကိုပြန်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်..နောက်ရက်တွေမှာလဲဆက်ပြီးတော့

လေ့လာမိတာလေးတွေကိုမျှဝေပေးသွားပါအုံးမယ်..တဲ့

အားလုံးအကောက်လုပ်နိုင်ဖို့ ကျွန်တော်မျှော်လင့်ရင် အားလုံးကိုဖိတ်ပေးပါမယ်ဗျာ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Eagle Belt Buckles