Monday, February 13, 2012

BlackSeven Theme For Windows 7



BlackSeven Theme For Windows 7 | 13.33 MB

Windows 7 သုံးသူများအတွက် Theme လှလှလေးတွေကို အသုံးပြုချင်သူများအတွက် BlackSeven Theme လေးပဲဖြစ်ပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်.....။





Photobucket
Ifile | Mediafire

AcCDDVD Label Maker 3.33


အခုကျွန်တော် တင်ပေးလိုက်တဲ့ ကတော့ DVD / VCD ခွေတွေအတွက် Lable Maker လေးပြုလုပ် ပေးတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်။ မိမိတို့ကိုယ်ပိုင် အမှတ်တံဆိပ်လေးနဲ့ CD / DVD Lable လေးတွေ ဖန်တီးပြီး အခွေထုတ်ချင် သူတွေအတွက် အခုကျွန်တော် တင်ပေးလိုက်တဲ့ CD / DVD Lable Maker လေးက အထောက်အကူ ပြုပါလိမ့်မယ်။ ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် အထဲမှာ Serial Key လေးပါ ထည့်ပေးထားပါတယ်။ လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ။




မိမိ Folder ကို Lock ချနည်း


အရင်ဦးဆုံးမိမိလော့ခ်လုပ်ချင်တဲ့Folderပေါ်ကို right click >>Properties
Securities Tab ကိုရွေးပါ ……. Group or user name မှာနာမည်တခုကိုရွေးပါ။
Permissions for users မှာ Deny check box အားလုံးကိုအမှန်ခြစ်ပေးပါ။
Securities box ကျလာရင် yes ပေးးပါ။
တကယ်လို့ Securities tax မရှိဘူးဆိုရင်……..My computer >>Tool menu>>Folder option >>View tab မှာ Use Simple File Sharing
ကိုအမှန်ခြစ်ဖြုတ်ပေးပါ…………။

သိထားသင့်သော ကွန်ပျူတာဆိုင်ရာ အချက်အလက်များ


ကွန်ပျူတာကိုအသုံးပြုသူတိုင်း မိမိတို့ အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့  Processor ကဘာအမျိုးအစားလဲ ၊ Motherboard ကဘာအမျိုးအစားလဲ ၊ Memory ကဘယ်လောက် GB လဲ ၊ Windows ကဘာအမျိုးအစားလဲ ဆိုတာမျိုးကိုသိထားသင့်ပါတယ် ၊ ဘယ်လိုသိနိုင်မလဲဆိုတော့ အောက်မှာပြောပြထားတဲ့အတိုင်းကြည့်လိုက်ပါဗျာ


ပထမဆုံး MyComputer မှာ Right Click ထောက်ပြီး Properties ကိုသွားလိုက်ပါ ၊ Box တခု (အောက်ပါပုံ) ကျလာပါမယ်


နံပါတ် (၁) မှာသိနိုင်တာကတော့ မိမိတို့ အသုံးပြုနေတဲ့ Windows အမျိုးအစားပါ ၊ Windows 7 တင်ထားတယ်ဆိုရင်လည်း Home Basic လား Home Premium လား ၊ Professional လား ၊ Ultimate လား ဆိုတာသိနိုင်ပါတယ် ၊ ကျွန်တော်အသုံးပြုနေတာကတော့ Windows 7 Professional ပါ ။

နံပါတ် (၂) မှာကတော့ Hardware ပိုင်းဖြစ်တဲ့ Processor နဲ့ Memory ကိုဖော်ပြပေးပါတယ် ၊ ကျွန်တော့် precessor ကတော့ Intel(R) Core(TM)i5-2430M အမျိုးအစားပါ ၊ Processor Speed ကတော့ 2.40 GHz ပါ ၊ Processor Speed ဆိုတာ CPU ရဲ့  Performance ပါ ၊ သဘောကတော့ ကျွန်တော်အသုံးပြုနေတဲ့ processor ဟာ အမြင့်ဆုံး 2.40 GHz အတွင်းမှာပဲအသုံးပြုလို့ ရမှာဖြစ်ပါတယ် ၊ 2.40 GHz ထက်ကျော်လွန်အသုံးပြုမယ်ဆိုရင်တော့ processor ဟာအပူချိန်မြင့်တက်လာပြီးပျက်စီးနိုင်ပါတယ် ၊
Installed Memory(RAM) ကတော့ မိမိတို့ ကွန်ပျူတာမှာအသုံးပြုနေတဲ့ Memory ပမာဏကိုဖော်ပြပေးတာပါ ၊
System Type ကတော့ မိမိတို့ အသုံးပြုနေတဲ့ Winodws အမျိုးအစားကိုပြောတာပါ ၊ တင်ထားတဲ့ Windows က 32-Bit ဆိုရင် 32-Bit Operating System ၊ 64-Bit ဆိုရင် 64-Bit Operating System ဆိုပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။

ဒါတွေအားလုံးသိထားတယ်ဆိုရင် တယောက်ယောက်ကများမေးလာခဲ့ရင် လက်ရှိအသုံးပြုနေတဲ့ကွန်ပျုတာက Core i5 , Processor Speed က 2.40 GHz, Memory က 2 GB, Windows က Windows 7 Professional (64-Bit) ပါဆိုပြီးအလွယ်တကူပြောပြနိုင်မှာဖြစ်ပါတယ်

ကွန်ပျူတာတစ်လုံး၏ အခြေခံအချက်အလက်များ




ကွန်ပျူတာဖြင့် အိမ်တွင် စာရင်းပြုစုခြင်း၊ စာစီစာရိုက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ E-mail, Internet အသုံးပြုခြင်း၊ ဖျော်ဖြေရေးအဖြစ် Game ကစားခြင်း၊ သီချင်း၊ ရုပ်ရှင်ကြည့်ခြင်းစသဖြင့် ကွန်ပျူတာတစ်လုံးအား ကောင်းစွာ အသုံးချနိုင်သည်ဖြစ်ရာ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ ၀ယ်ယူအသုံးပြုရန် လိုအပ်ချက်ရှိလာပါသည်။
ကွန်ပျူတာတစ်လုံးဝယ်ယူရန် စဉ်းစားလာသည့်အခါ မိမိနှင့်ခင်မင်ရင်းနှီးသော computer ဆိုင်များ၊ ယုံကြည် အားထားလောက်သော computer company ကြီးများတွင် ၀ယ်ယူကြသလို ကွန်ပျူတာအကြောင်း နားလည် တတ်ကျွမ်းသောသည့် အသိမိတ်ဆွေကို ခေါ်ယူ၍၀ယ်ယူသည် လည်း ရှိပါသည်။
မည်သို့ဝယ်ယူသည်ဖြစ်စေ ၀ယ်ယူသူကိုယ်တိုင်မှ ကွန်ပျူတာနှင့်ပါတ်သက်သော အခြေခံအချက် အလက်များကို ကိုယ်တိုင်သိရှိနားလည်ပြီး ၀ယ်ယူတတ်ခြင်းသည်သာလျှင် အကောင်း ဆုံးဖြစ်ပါသည်။
ထို့ကြောင့် အချိန်တိုကာလအတွင်း ကွန်ပျူတာအခြေခံအချက်အလက်များအား အလွယ်တကူ ဖတ်ရှု နားလည်သဘောပေါက်စေရန် ရည်ရွယ်ချက် ဖြင့် တင်ပြထားပါသည်။



ကွန်ပျူတာတစ်လုံးတွင် ပါဝင်သော အစိတ်အပိုင်းများ
ကွန်ပျူတာတစ်လုံးတွင် အခြေခံအားဖြင့် အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါသည်။
(1) Processor or Central Processing Unit (CPU)
(2) Motherboard
(3) Memory
(4) Hard Disk
(5) Floppy Drive
(6) Video Graphic Card
(7) Keyboard
(8) Mouse & Pad
(9) Casing
(10) Monitor တို့ ပါဝင်ပါသည်။

အထက်ပါ အချက်အလက်များအပြင် Multimedia သုံးစွဲနိုင်ရန်အတွက် CD-ROM Drive, DVD-ROM Drive, CD-RW Drive (R=Read/ W=Write), COMBO Drive (CD, DVD, CD-RW), DVD RW Drive (DVD Read Read / Write), Sound Card, Speaker စသည်ဖြင့် ထပ်မံတပ်ဆင်သုံးစွဲအသုံးပြုနိုင်ပါသည်။

(1) Central Processing Unit (CPU)



ကွန်ပျူတာတစ်လုံး၏ အရေးအကြီးဆုံး အဓိကအစိတ်အပိုင်းဖြစ်သည့် CPU အား Motherboard ပေါ်တွင် တပ်ဆင်ရပါသည်။ CPU ထုတ်လုပ်သည့် ကုမ္ပဏီများအနက် Intel, AMD တို့မှာ အထင်ရှားဆုံးဖြစ်သည်။ Intel ကုမ္ပဏီထုတ် CPU များမှာ တစ်ကမ္ဘာလုံး၏ ဈေးကွက်အများစုကို ရရှိထားသည်။
Intel Company မှ Celeron(R) နှင့် Pentium(R) processor series နှစ်မျိုးကို ထုတ်လုပ်လျှက်ရှိပါသည်။ Celeron(R) Processor အမျိုးအစားအား စာစီစာရိုက်ခြင်း၊ e-mail ပို့ခြင်း၊ စာရင်းအင်း software များ အသုံးပြု ခြင်း၊ ပညာရေးနှင့် သက်ဆိုင်သော software များ အသုံးပြုနိုင်ပါသည်။
Pentium(R) Processor အမျိုးအစားမှာ Celeron(R) Processor များထက် ပိုမိုလျင်မြန်ပါသည်။ Pentium(R) Processor အမျိုးအစားများမှာ Game ကစားလိုသူများ၊ Photo Editing Software များ၊ Multimedia ၊ Internet စသည်တို့ကို လျှင်မြန်စွာ အသုံးပြုလိုသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားပါသည်။ Processor ၏ အမြန်နှုန်းအား Hz (Hertz) ဖြင့် တိုင်းတာပါသည်။ ပထမဆုံးထုတ်လုပ်ခဲ့သော Pentium Processor Speed မှာ 60 MHz မှ ယခုနောက်ဆုံး Pentium 4 မှာ 3.4GHz အထိ ထွက်ရှိနေပြီးဖြစ်ရာ ယခင် 60 MHz ထက် အဆ (၄၀)ကျော် ပိုမိုမြန်ဆန်နေပြီ ဖြစ်ပါသည်။
Processor များတွင် Internal Speed နှင့် External Speed ဟူ၍ (၂)မျိုးရှိပါသည်။ Internal Speed ကိုသာ အဓိကထား ပြောဆိုကြပါသည်။ ဥပမာ အထက်စာပိုဒ်ပါ Pentium 4 (3.2E GHz) မှာ Internal Speed ဖြစ်ပါသည်။ ယင်း၏ External Speed မှာ 800 MHz ဖြစ်ပါသည်။ Internal Speed မှာ အလုပ်လုပ်ဆောင်နိုင် မှု အမြန်နှုန်းဖြစ်ပြီး၊ External Speed မှာ Processor ထက် နှေးကွေးသော Memory မှ အချက်အလက်များကို လုပ်ဆောင်ရာတွင် အသုံးပြုခြင်း ဖြစ်သည်။ Front Side Bus (FSB) ဟု လူသိများပါသည်။ ဥပမာ- Pentium 4 (3.2E GHz) ၏ (FSB) မှာ 800 MHz ဖြစ်ပါသည်။
Processor များတွင် L2 Cache ဟုခေါ်သော UltraFast Memory အား ထည့်သွင်းထုတ်လုပ်ထား ပါသည်။ ယင်း၏ လုပ်ဆောင်ချက်မှာ Memory မှ သတင်းအချက်အလက်များအား Processor သို့ ပို့ဆောင်ရာတွင် Processor မှ အလုပ်လုပ်ဆောင်နိုင်မှု လျင်မြန်သဖြင့် စောင့်ဆိုင်းမှုမရှိစေရန် ကြားခံယာယီသိုလှောင်ဌာန အဖြစ် အသုံးပြုရန်ဖြစ်ပါသည်။ Processor မှ L2 Cache ကြားခံသိုလှောင်ဌာနမှ သတင်းအချက်အလက်များ ကို ယူဆောင်၍ တွက်ချက်မှုများပြုလုပ်ပါက လျင်မြန်သော Processor နှင့် နှေးကွေးသော Memory အကြား ကွာဟချက်ကို ကျဉ်းမြောင်းသွားစေပါသည်။
ဥပမာ-
Intel Pentium II CPUs
Internal Speed Range : 233 MHz to 450 MHz
Front Side Bus : 66 MHz to 100 MHz
L2 Cache : 256 KB

Intel Pentium III CPUs
Internal Speed Range : 450 MHz to 1.26 GHz
Front Side Bus (FSB) : 100 MHz to 133 MHz
L2 Cache : 256 KB or 512 KB

Intel Pentium 4 CPUs
Internal Speed Range : 1.3 GHz to 3.40 GHz
FSB : 400 MHz, 533 MHz, 800 MHz
L2 Cache : 256 KB, 512 KB, 1 MB, 2 MB

Intel Celeron CPUs
Internal Speed Range : 266 MHz to 2.80 GHz
FSB : up to 400 MHz
L2 Cache : 128 KB, 256 KB

ဥပမာ- Pentium 4 2.4 A GHz သည်
FSB : 533 MHz, L2 Cache : 1024 KB (1MB)
Pentium 4 2.4 B GHz သည်
FSB : 533 MHz, L2 Cache: 512 KB ပါဝင်သဖြင့်
* 2.4 A သည် 2.4 B ထက် ပိုမိုလျှင်မြန်ပါသည်။
Celeron 2.4 GHz သည်
FSB : 400 MHz နှင့် L2 Cache : 128 KB သာ ပါဝင်သဖြင့် Pentium 4 2.4A GHz နှင့် နှိုင်းယှဉ် ပါက Internal Speed တူသော်လည်း FSB နှင့် L2 Cache ပါဝင်မှုအရ လျင်မြန်မှု၊ ဈေးနှုန်းကွာခြားမှု ဖြစ်ပါသည်။
မြန်မာ့ကွန်ပျူတာဈေးကွက်တွင် ရောက်ရှိနေခဲ့ပြီးသော Intel Company ထုတ် Pentium 4 Processor နမူနာအချို့မှာ-
- Intel Celeron 1.8 GHz (L2 Cache:128KB, FSB:400MHz, 478)
- Intel Celeron 2.26D GHz (L2 Cache:256KB, FSB:533MHz, 478)
- Intel Celeron 2.4D GHz (L2 Cache:256, FSB:533MHz, 478)
- Intel Celeron 2.53 GHz (L2 Cache:256KB, FSB:533MHz, 478)
- Intel P4- 1.6 GHz (L2 Cache:256KB, FSB:400MHz, 478)
- Intel P4- 2.4A GHz (L2 Cache:1MB, FSB:533MHz, 478)
- Intel P4- 2.4B GHz (L2 Cache:512KB, FSB:533MHz, 478)
- Intel P4- 2.8A GHz (L2 Cache: 1MB, FSB:533MHz, 478)
- Intel P4- 2.8B GHz (L2 Cache:512KB, FSB:533MHz, 478)
- Intel P4- 2.C GHz (L2 Cache:512KB, FSB:800MHz, 478)
- Intel P4- 2.8E GHz (L2 Cache:1MB, FSB:800MHz, 478)
- Intel P4- 3.0C GHz (L2 Cache:512KB, FSB:800MHz, 478)
- Intel P4- 3.0E GHz (L2 Cache:1MB, FSB:800MHz, 478)
- Intel P4- 3.2E GHz (L2 Cache:1KB, FSB:800MHz, 478)
- Intel P4- 3.0E GHz (L2 Cache: 1MB, FSB:800MHz / LGA775)
- Intel P4- 3.2E GHz (L2 Cache:1MB, FSB:800MHz / LGA775)
- Intel P4- 3.0F GHz (L2 Cache:2MB, FSB:800MHz / LGA775)
- Intel P4- 3.2F GHz (L2 Cache:2MB, FSB:800MHz / LGA775)
- Intel P4- 3.4F GHz (L2 Cache:1MB, FSB:800MHz / LGA775)
အထက်ပါ Processor Speed များတွင် 2.8C GHz မှစ၍ Hyper-Threading Technology ဖြင့် ထုတ်လုပ် လာခဲ့ပါသည်။
Hyper-Threading Technology သည် Software Application များစွာကို အချိန်တစ်ချိန်တည်းတွင် တပြိုင် နက်တည်း ကိုင်တွယ်ဆောင်ရွက်နိုင်သဖြင့် Memory များစွာလိုအပ်သော Adobe Photoshop ကဲ့သို့သော Photo Editing Software, 3D Animation Software များကို ကိုင်တွယ်ဆောင်ရွက်သည့်အခါ အချိန်တို အတွင်း အလုပ်များကို လျှင်မြန်စွာ ပြီးစီးစေပါသည်။
ပထမဦးဆုံးထုတ်လုပ်ခဲ့သော Pentium 4 Processor မှာ 423 Pin (180 nm Process), ထို့နောက် 478 Pin (130 nm Process) အမျိုးအစားများကိုသာ အဓိကထား ထုတ်လုပ်ခဲ့ပါသည်။ ယခုအခါ LGA 775 (90 nm Process) Pentium 4 CPU များကို အသစ်ထပ်မံထုတ်လုပ်လာခဲ့ပါသည်။ Hyper-Threading Technology အား ထပ်မံပြုပြင်၍ Dual Core Technology နည်းပညာသုံး CPU များလည်း ထပ်မံထွက်ပေါ်လာပြန်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Processor သည် Intel ကုမ္ပဏီထုတ်ဖြစ်ပါက Celeron (or) Pentium (or) Dual Core (or) Core 2 Duo (or) I-Series
* Processor ၏ အမြန်နှုန်း
* FSB အမြန်နှုန်း
* L2 Cache
* Socket 478 (or) Socket LGA 775
* Support Hyper-Threading Technology

(2) Motherboard





Motherboard သည် ကွန်ပျူတာအစိတ်အပိုင်းများကို တပ်ဆင်ရာတွင် အဓိက အစိတ်အပိုင်းကြီး ဖြစ်သည်။ Motherboard တွင် ကွန်ပျူတာ (၁)လုံး၏ အခြေခံအစိတ်အပိုင်းများဖြစ်သော Processor CPU, Memory, Graphic Card, Sound Card, Hard Disk နှင့် အခြား CD-Rom အစရှိသဖြင့် Drive များ၊ Network ဆိုင်ရာ ပစ္စည်းများ ပူးတွဲပြီး တပ်ဆင်ရာ ဘုတ်ပြားကြီး ဖြစ်ပါသည်။
ကွန်ပျူတာဝယ်ယူရာတွင် Motherboard ရွေးချယ်မှုသည် အလွန်အရေးကြီးသည်။ 3D Graphic Card များ တပ်ဆင်စရာမလိုဘဲ Motherboard တွင် On Board အဖြစ် တပေါင်းတည်း တပ်ဆင်ပေးလိုက်သော Motherboard များမှာ သုံးစွဲလိုသူ၏ ဆန္ဒအလျောက် Memory သီးသန့်ပါဝင်သော Graphic Card ကဒ်များကို ရွေးချယ်တပ်ဆင်နိုင်ပါသည်။
VGA On Board များမှာ Total System Memory မှ မျှဝေသုံးစွဲသဖြင့် အမှန်တကယ်သုံးစွဲနိုင်သော Memory မှာ လျော့နည်းလေ့ရှိသည်။ Mother တွင် ပါဝင်သော Chipset သည် Intel Chipset လား၊ VIA Chipset လား ပေါ်မူတည်၍ သော်လည်းကောင်း၊ ဈေးနှုန်းကွာခြားနိုင်သည်။ Chipset Series ဥပမာ- Intel 845, Intel 848, Intel 865, Intel 875, Intel 925X အစရှိသဖြင့် Model မြင့်ရင်မြင့်သလို၊ လုပ်ဆောင်ချက်ပါဝင်မှု အနည်း အများပေါ်မူတည်၍ ဈေးနှုန်းကွာခြားသည်။
မြန်မာ့ကွန်ပျူတာဈေးကွက်တွင် အသုံးများသော Motherboard အချို့မှာ-
- P4- Axper VIA266A (478/DDR) w/Sound + VGA + LAN
- P4- GIGA 8VM 533M-RZ-RZ (478/DDR) w/Sound + VGA + LAN
- P4- GIGA 8S648-FXP-RZ (478/DDR/HT) w/Sound + Sound + LAN
- P4- GIGA 8S648-FX775 (775/DDR/HT) w/Sound + LAN
- P4- MSI Intel 848P Neo-V (478/DDR/HT) w/Sound + LAN
- P4- GIGA 81PE775-G (775/DDR/HT) w/Sound + LAN
- P4- Intel 865 PERL (478/DDR/HT) w/Sound
သုံးစွဲလိုသူမှ ကုမ္ပဏီအချို့ဖြစ်သည့် Gigabyte, Albatron, ABIT, MSI, Intel ကုမ္ပဏီထုတ် Motherboard များမှ ရွေးချယ်ဝယ်ယူနိုင်သလို၊ တပ်ဆင်မည့် CPU နှင့်လိုက်ဖက်မည့် Motherboard ရွေးချယ်တတ်ရန် လိုအပ်ပါသည်။ Pentium နှင့် Celeron CPU များအတွက် ဈေးနှုန်းအသက်သာဆုံး On Board (VGA) Motherboard များ ရွေးချယ်နိုင်သလို ဈေးနှုန်းကြီးမြင့်သော Intel ကုမ္ပဏီထုတ် Motherboard တွင်လည်း တပ်ဆင်နိုင်ပါသည်။
ကွန်ပျူတာဝယ်ယူသည့်အခါ ငွေကြေးကြောင့် ဈေးနည်းသော Motherboard, Memory နည်းနည်းနှင့် ၀ယ်ယူခဲ့သော်လည်း နောင်အနာဂါတ်တွင် CPU အား အဆင့်မြှင့်တင်လိုသည့်အခါ Motherboard မှ အသစ် ထပ်မံတပ်ဆင်လိုသော CPU အား လက်မခံနိုင်ခြင်း ကြုံတွေ့ရတတ်ပါသည်။ ထိုအချိန်တွင် CPU အပြင်၊ Motherboard အသစ်ပါ ထပ်မံဝယ်ယူတပ်ဆင်ရမည် ဖြစ်ပါသည်။ Motherboard Manual စာအုပ်တွင် မည်သည့် CPU အထိ တပ်ဆင်နိုင်သည်ကို ရေးသားထားလေ့ရှိရာ လေ့လာထားသင့်သော အချက်တစ်ခုဖြစ်ပြီး Manual အား နားမလည်ပါက ကျွမ်းကျင်သူ Computer Technician အား မေးမြန်းသင့်ပါသည်။ Motherboard တပ်ဆင်ထားမှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်သည်ဖြစ်ရာ အထူးသတိထားသင့်သော အချက်ဖြစ်သည်။ CPU, Motherboard, Memory, Graphic Card အချိုးညီမျှတစွာ တပ်ဆင်မှုသည် အရေးကြီးလှပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* VGA On Board အမျိုးအစား
* On Board ဖြစ်ပါက စာစီစာရိုက်၊ ရုံးသုံးအတွက်သာသင့်တော်ပါသည်။ ငွေကြေးတတ်နိုင်ပါက Graphic Card သီးခြား တပ်ဆင်ရသော Motherboard သာ ရွေးချယ်သင့်ပါသည်။
* Chipset Model က VIA, SIS, Intel
Intel Chipset တပ်ဆင်ထားသော Motherboard က ပိုမိုကောင်းမွန်ပါသည်။ Chipset Model - SIS848, Intel 865, Intel 915 စသဖြင့် သိသင့်ပါသည်။
* မည်သည့် Processor Model အထိ တပ်ဆင်နိုင်ပါသလဲ ? Motherboard Manual စာအုပ်တွင် ရှင်းလင်းစွာ ဖော်ပြထားရာ ရောင်းချသည့် Computer Sales Center ကို မေးမြန်းသင့်ပါသည်။
* Memory တပ်ဆင်မည့် Motherboard သည် Dual Channel Support လုပ်ပါသလား
* မည်သည့် CPU Socket အမျိုးအစားတပ်ဆင်နိုင်သနည်း။ ဥပမာ- Socket 478 (or) Socket LGA 775
Socket LGA 775 CPU တပ်ဆင်မည်ဆိုပါက Motherboard ရွေးချယ်သည့်အခါ DDR400 Memory တပ်ဆင်နိုင်သော Motherboard များရှိသလို DDR2 533/667 Memory သာ တပ်ဆင်နိုင်သော Motherboard များလည်းရှိပါသည်။ AGP 8x Graphic Card တပ်ဆင်နိုင်သော Socket 775 Motherboard များရှိသလို PCI Express 16X Graphic Card သာ တပ်ဆင် အသုံးပြုနိုင်သော Motherboard များလည်းရှိသဖြင့် Socket 775 Motherboard ၀ယ်ယူပါက မည်သည့် Memory အမျိုး အစား (DDR 400 (or) DDR2 533/667) တပ်ဆင်နိုင်သည်ကို သိရှိရန်လိုအပ်ပါသည်။ ထို့အတူ မည်သည့် Graphic Card (AGP or PCI Express) တပ်ဆင်နိုင်သည်ကို သိရှိရန် လိုအပ်ပါသည်။ Socket LGA 775 Pentium 4 CPU နှင့် Socket LGA 775 Motherboard ကို ရွေးချယ်ထားသော်လည်း AGP 8x Graphic Card နှင့် သာမန် DDR 400 Memory တပ်ဆင်အသုံး ပြုနိုင်ခြင်းသည် DDR2 Memory နှင့် PCI Express Graphic Card တပ်ဆင်အသုံးပြုမှုထက် ကုန်ကျစရိတ်သက်သာမည် ဖြစ်သော်လည်း နောင်အနာဂါတ်တွင် DDR2 Memory နှင့် PCI Express Graphic Card များသာ ပိုမိုခေတ်စားလာမည် ဖြစ်သဖြင့် ချင့်ချိန်ကာ ၀ယ်ယူသင့်ပါသည်။

Motherboard တစ်ခု၏ လုပ်ဆောင်နိုင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွဲပြားစေသောအချက်များ။
Motherboard တစ်ခုတွင် Chipset Model အနိမ့်အမြင့်၊ Memory တပ်ဆင်နိုင်မှုပမာဏနှင့် Dual Channel Memory တပ်ဆင်နိုင်မှု၊ AGP Slot- 4X or 8X or နောက်ဆုံးပေါ် PCI Express ပါဝင်မှု၊ PCI Slot အရေအတွက်၊ Hard Disk Type- IDE, SATA, Raid များ တပ်ဆင်နိုင်မှု၊ Sound System- 2 Channel, 6 Channel, 7.1 Channel, LAN, IEEE 1394 စသဖြင့် သီးသန့်လုပ်ဆောင်မှုများ ပါဝင်မှုပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါသည်။

(3) Memory




Memory သည် Computer ၏ ယာယီမှတ်ဥာဏ် ဖြစ်ပါသည်။ ကွန်ပျူတာမီးပိတ်လိုက်ပါက မှတ်ဥာဏ်အတွင်းရှိ အချက် အလက်များ ပျောက်သွားမည်ဖြစ်ပါသည်။ Random Access Memory (RAM) ဟုလည်း ခေါ်ကြသည်။ Memory ပမာဏ အား B(Byte) ဖြင့်တိုင်းတာပြီး၊ အလုပ်လုပ်ဆောင်နိုင်မှု အမြန်နှုန်းအား MHz ဖြင့် တိုင်းတာပါသည်။ Pentium II, III Computer များအတွက် SD RAM အမျိုးအစားကို သုံးကြပါသည်။ SD RAM တွင် PC 100 နှင့် PC 133 ကို Standard အဖြစ် အသုံးများသည်။ PC 100 အမျိုးအစား Memory သည် 100 MHz အမြန်နှုန်းဖြင့် အလုပ်လုပ်ပြီး PC 133 အမျိုးအစား Memory သည် 133 MHz အမြန်နှုန်းဖြင့် အလုပ်လုပ်သည်။
Pentium 4 ကွန်ပျူတာများသည် DDR SD RAM (DDR=Double Data Rate) ကို သုံးကြပါသည်။ DDR RAM များသည် SD RAM များ၏ အမြန်နှုန်းနှစ်ဆဖြင့် Data များကို ပို့ဆောင်ပေးနိုင်သည်။ DDR SDRAM များသည် 200 MHz, 266 MHz, 333 MHz, 400 MHz များဖြင့် အလုပ်လုပ်ပြီး 200 MHz အား (PC 1600), 266 MHz အား (PC 2100), 333 MHz အား (PC 2700), 400 MHz အား (PC 3200) အဖြစ် ပြောင်းလဲခေါ်ဆိုနိုင်ပါသည်။
ယခုအခါ 533 MHz အမြန်နှုန်းရှိသော DDRII Memory များလည်း ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယနေ့ အသုံးများသော Memory ပမာဏများမှာ 128 MB နှစ်ချောင်းတပ်ဆင်ခြင်းဖြင့် 256 MB ရရှိနိုင်သလို၊ 256 MB တစ်ချောင်းတည်း တပ်ဆင် ခြင်းဖြင့်လည်း ရနိုင်ပါသည်။
Memory ပမာဏများလေ Memory ကို အဓိကထား သုံးစွဲရသော Adobe Photoshop လို Software များ သုံးစွဲသည့် အခါတွင်လည်းကောင်း၊ 3D Game များ ကစားသည့်အခါတွင် လည်းကောင်း၊ ပိုမိုလျင်မြန်မှု၊ မြန်ဆန်မှုကို ရရှိစေပါသည်။
Memory ပမာဏအား စာစီစာရိုက်အတွက် 128 MB အနည်းဆုံးရှိသင့်ပြီး၊ Game များ ကစားလိုပါက 256 MB, 512 MB ရှိသင့်ပါသည်။ 3D Graphic Card များ တွင်ပါဝင်သော Memory ပမာဏနှင့်မရောထွေးသင့်ပါ။ AGP (Accelerated Graphic Port) တွင် တပ်ဆင်ကြသော Graphic Card များတွင် ပါဝင်သော Memory ပမာဏမှာ 32 MB, 64 MB, 128 MB, 256 MB ဟူ၍ အမျိုးအစားများရှိရာ ယင်းတို့သည် 3D ရုပ်ပုံများ၊ Game အတွက် သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်သည်။ Computer ၏ အဓိက Memory လည်း များများတပ်ဆင်ပြီး၊ Graphic Card ကိုလည်း အမြင့်ဆုံးတပ်ဆင်ပါက စွမ်းဆောင်ရည်သည် အတိုင်း ထက်အလွန်ကောင်းမွန်ပြည့်ဝစွာ ပေးနိုင်မည်ဖြစ်ပါသည်။
ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်။
* Memory အမျိုးအစား
* Kingston ကုမ္ပဏီထုတ် Memory များက ပိုကောင်းပါသည်။
* Memory Speed
DDR 333 MHz, DDR 400 MHz, DDRII 533 MHz
* မည်သည့်ပမာဏအထိ Memory တပ်ဆင်နိုင်ပါသလဲ

(4) Hard Disk




Hard Disk သည် Primary Storage Area ဖြစ်ပါသည်။ Memory ကဲ့သို့ မီးပိတ်လိုက်ပါက Data များ ပျောက်ဆုံး သွားခြင်း မရှိပါ။ Program များကို Hard Disk တွင် ထည့်သွင်းရပါသည်။ သတင်းအချက် အလက်များကို ထုတ်ယူသုံးစွဲ နိုင်ပါသည်။
Hard Disk တစ်လုံးသည် သတင်းအချက်အလက်များကို မည်မျှသိမ်းဆည်းထားနိုင်သလဲဆိုတာကို Byte ဖြင့် တိုင်းတာပါသည်။ ၀င်ဆန့်တဲ့ ပမာဏအလိုက် 850 MB, 1.2 GB, 4.3 GB, 8.4 GB, 10 GB, 20 GB, 40 GB, 80 GB, 120 GB, 200 GB, 250 GB, 320 GB, ... စသဖြင့် အရွယ်အစားအမျိုးမျိုးရှိသည်။
ယနေ့ Pentium 4 ကွန်ပျူတာများတွင် 40 GB, 80 GB Hard Disk Size များ ဈေးနှုန်းကျဆင်းလာသည်နှင့် အမျှ သုံးစွဲနိုင်သူဦးရေ များပြားလာမည်ဖြစ်ပါသည်။ Seagate Company ထုတ် Hard Disk မှာ လူကြိုက်များ သည်။ Hard Disk တစ်ခုကို ဖော်ပြရာတွင် သက်ဆိုင်ရာ Company နာမည်ကိုပါ ရေးသားဖော်ပြလေ့ရှိသည်။ နမူနာပြအချို့မှာ-
40 GB (Maxtor) 7200 rpm, IDE
40 GB (Seagate) 7200 rpm, IDE
40 GB (Samsung) 7200 rpm, IDE
80 GB (Maxtor/ Hitachi) 7200 rpm, IDE
80 GB (Seagate) 7200 rpm, IDE
80 GB (Seagate) 7200 rpm, SATA
12 GB (Seagate) 7200 rpm, IDE
12 GB (Seagate) 7200 rpm, SATA
အထက်ဖော်ပြချက်တွင် Maxtor, Seagate, Samsung မှာ သက်ဆိုင်ရာ Hard Disk ထုတ်လုပ်သည့် Company များ၏ အမည်ဖြစ်သည်။ 7200 rpm မှာ Hard Disk ၏ လည်ပတ်မှုအမြန်နှုန်းဖြစ်ပြီး IDE မှာ Integrated Electronics (IDE) အတိုကောက်ဖြစ်ပြီး SATA မှာ Serial ATA ဖြစ်ပါသည်။ SATA အမျိုးအစား Hard Disk မှာ IDE အမျိုးအစား Hard Disk ထက် Data များကို ပိုမိုလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ပါသည်။
ထုတ်လုပ်သော Company အမည်ကိုလိုက်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။ Hard Disk ရွေးချယ်သည့်အခါ 40 GB, 80 GB အနည်းဆုံးတပ်ဆင်သင့်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Hard Disk ထုတ်လုပ်သည့် ကုမ္ပဏီ
(Maxtor, Hitachi, Samsung, Seagate)Seagate ကုမ္ပဏီထုတ် Hard Disk များမှာ ပိုမိုလူကြိုက်များသည်။


(5) Floppy Drive




Floppy Drive တွင် 3.5" ရှိ Floppy Disk ကို ထည့်သွင်းပြီး သတင်းအချက်အလက်များကို ကူးယူနိုင် ပါသည်။ Floppy Disk သည် 1.44 MB သာ လက်ခံသည်။ Floppy Disk ကို အသုံးပြုပြီး ကွန်ပျူတာတစ်လုံးမှ Data တွေကို အခြားတစ်လုံးသို့ လွှဲပြောင်းနိုင်သည်။ Data ၀င်ဆန့်နိုင်မှု ပမာဏသည် စာသားအနည်းအများ၊ ရုပ်ပုံ ပါဝင်မှုပေါ် မူတည်ပါသည်။ File Size သည် 1.44 MB အထိသာ သိမ်းဆည်းနိုင်သဖြင့် အလွန်များပြားသော စာမျက်နှာများ၊ ရုပ်ပုံများ သိမ်းဆည်းနိုင်မည် မဟုတ်ပေ။


(6) Video Graphic Card


ယခုအခါ Graphic Card များတွင် AGP (or) PCI Express အမျိုးအစား Graphic Card များကိုသာ သုံးစွဲ နေကြပါသည်။ 3D Graphic Controller Card ဟူ၍လည်း သိနားလည်ကြပါသည်။ AGP သည် (Accelerated Graphic Port) ဖြစ်ပါသည်။ PCI Express သည် နောက်ဆုံးပေါ် Graphic Card ဖြစ်ပါသည်။ 3D ရုပ်ပုံထွက် များကောင်းမွန်ရေးသည် အဓိကကျလှသော နောက်ဆုံးပေါ် Computer Graphic Game များ ကစားရာ နိုင်နင်း စွာ စွမ်းဆောင်ပေးနိုင်ခြင်း၊ ပုံရိပ်များကို ချောမွေ့ကြည်လင်ပြတ်သားစေခြင်း စသည့်အကျိုးကျေးဇူးများ ပေးစွမ်း နိုင်ပါသည်။ AGP Card များ မထွက်ပေါ်သေးမီက ရိုးရိုးသာမန်ရုပ်ပုံထွက် VGA Card (PCI) အမျိုးအစားများ ထွက်ပေါ်ခဲ့ပါသည်။ ယင်း Card များအား ယခုနောက်ဆုံးပေါ် Computer များတွင် အသုံးပြုခြင်း မရှိတော့ပါ။
AGP Card များတွင် Memory သီးသန့်ပါဝင်လေ့ရှိပါသည်။ 32 MB, 64 MB, 128 MB, 256 MB အထိ ပါဝင်သော AGP Card အမျိုးမျိုးရှိပါသည်။ AGP Card များ၏ Data သယ်ယူပို့ဆောင်နိုင်မှု အမြန်နှုန်းအား 1x, 2x, 4x, 8x စသဖြင့် ပြောဆိုကြပါသည်။
ဥပမာ- 32 MB SDR DRAM ပါဝင်သော AGP Card သည် 4x=1.07 g bps (giga byte per second) အမြန် နှုန်းဖြင့်လည်းကောင်း၊ 64 MB DDR RAM ပါဝင်သော AGP Card သည် 8x=2.1 g bps အမြန်နှုန်းဖြင့်လည်း ကောင်း Data များကို သယ်ယူပို့ဆောင်နိုင်သည်ဖြစ်ရာ AGP 4x Card များထက် AGP 8x Card သည် Data များအား သယ်ယူရာတွင် ၂ ဆခန့် ပိုမိုမြန်ဆန်လှပါသည်။
ထို့ကြောင့် AGP Card တစ်ခုသည် 4x ? , 8x ? , သိသင့်ပါသည်။ AGP 8x Card ကို AGP 4x သာ လက်ခံ နိုင်သော Motherboard တွင် တပ်ဆင်ပါက AGP 8x အမြန်နှုန်း ရရှိမည်မဟုတ်ပေ။
ယခုအခါ New Technology PCI Express Card များ ထွက်ပေါ်နေပြီဖြစ်ပါသည်။ PCI Express 16x Graphic Card များသည် 8 gbps အမြန်နှုန်းဖြင့် Data များကို သယ်ယူပို့ဆောင်နိုင်သဖြင့် AGP 8x Graphic Card များထက် ပိုမိုလျင်မြန်ပေလိမ့်မည်။
Theory အရ နှေးသောအရာနှင့် မြန်သောအရာပူးတွဲတပ်ဆင်ပါက နှေးသောအမြန်နှုန်းဖြင့်သာ အလုပ်လုပ် မည်ဖြစ်သဖြင့် Motherboard ရွေးချယ်သည့်အခါ အထူးသတိထားသင့်ပါသည်။
64 MB AGP (MX 440, 8X) with TV Out
64 MB AGP (MX 4000, 8X) with TV Out
စသည်ဖြင့် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိနိုင်ရာ ကွန်ပျူတာ ၀ယ်ယူရာတွင် မည်သည့် အမျိုးအစားဖြင့် တပ်ဆင်ထားသည်ကို လေ့လာနှိုင်းယှဉ်သင့်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Graphic Card ထုတ်လုပ်သည့် ကုမ္ပဏီ
(Albatron, Gigabyte, MSI, ASUS)
Gigabyte, MSI, ASUS Graphic Card များက ပိုမိုကောင်းမွန်ပါသည်။
* AGP Graphic Card (or) PCI Express Graphic Card
* Memory ပမာဏ (64MB, 128MB, 256MB)
* Data Transfer Speed 4x or 8x or 16x

(7) Keyboard
Keyboard သည် သတင်းအချက်အလက်များကို ကွန်ပျူတာသို့ထည့်သွင်းရာ Input Device တစ်ခု ဖြစ်ပါသည်။ PS/2 Keyboard တစ်ခု၏ ကြိုးခေါင်းမှာ ခရမ်းရောင်ဖြစ်ပြီး Computer Casing ၏ အနောက်ဖက်၊ Motherboard ရှိ ခရမ်းရောင်အပေါက်တွင် တပ်ဆင်ရပါမည်။
Keyboard များတွင် ဈေးနှုန်းအရ 2500 Ks မှ Wireless Keyboard သောင်းကျော်အထိ ရှိနိုင်ပါသည်။ Function စုံလင်မှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။

(8) Mouse

Mouse သည် သတင်းအချက်အလက်များကို Computer သို့ ထည့်သွင်းရာ Input Device တစ်ခုဖြစ်သည်။ ကွန်ပျူတာတစ်လုံးတွင် Keyboard နှင့် Mouse သည် မရှိမဖြစ် လိုအပ်လှပါသည်။ Mouse တွင် Serial Mouse, PS/2 Mouse, USB Mouse, Optical Mouse, Wireless Mouse စသဖြင့် အမျိုးမျိုးရှိသည်။
PS/2 Mouse တစ်ခု၏ ကြိုးခေါင်းမှာ အစိမ်းရောင်ဖြစ်ပြီး Computer Casing ၏ အနောက်ဖက်၊ Mother board ရှိ အစိမ်းရောင်အပေါက်တွင် တပ်ဆင်ရပါမည်။
Serial Mouse များမှာ နှေးကွေးပြီး PS/2 Mouse များကိုသာ အသုံးများသည်။ Optical Mouse များသည် PS/2 Mouse ကဲ့သို့ ရွေ့လျားရာတွင် Wheel ကို မသုံးဘဲ Sensor ဖြင့်သုံးသဖြင့် ချေးမတက်ခြင်း၊ ရေရှည်ခိုင်ခံ့ ခြင်းတို့ကြောင့် ပိုမိုလူကြိုက်များသည်။

ဝယ်ယူလိုအား ရွေးချယ်စေလိုသည့်အချက်
Optical Mouse ရွေးချယ်သည့်အခါ Samsung ကုမ္ပဏီထုတ် Optical Mouse များမှာ လူကြိုက်များသည်။

(9) Casing

Casing သည် ကွန်ပျူတာပစ္စည်းများဖြစ်သော Motherboard, Hard Disk, Floppy Drive, CD-ROM Drive စသဖြင့် Computer ဆက်စပ်ပစ္စည်းများအား တပ်ဆင်နိုင်ပြီး၊ ၎င်းတွင် ကွန်ပျူတာစနစ်တစ်ခုလုံးအား လိုအပ်သော လျှပ်စစ်များ ပေးပို့ရာဖြစ်သော Power Supply တပ်ဆင်ရာလည်း ဖြစ်သည်။ စားပွဲပေါ်တွင် တင်ထားပြီး သုံးစွဲနိုင်သဖြင့် Desktop Casing ဟုလည်း ခေါ်ဆိုကြသည်။ Casing တွင်-
(1) Normal Casing
(2) Normal Light Casing
(3) Light (အလှမီး) Casing
(4) Light + Second Fan Casing ဟူ၍ အကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။
မိမိ Computer အတွက် Casing ကို အရောင်၊ ပုံသဏ္ဍာန်ကအစ မိမိကိုယ်တိုင် ရွေးချယ်ရသည်က အကောင်းဆုံးဖြစ်ပါသည်။ Model အနိမ့်အမြင့်၊ Casing Design ပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ပါသည်။
Casing ၀ယ်ယူရာတွင် Casing နှင့်အတူ တွဲဘက်ပါရှိလာသည့်အရာမှာ Power Supply ဖြစ်ပါသည်။ ယင်း Power Supply သည် 350W, 400W, 450W လား မေးမြန်းသင့်ပါသည်။ Watt များပါက နောင်အနာဂါတ်တွင် ထပ်မံတပ်ဆင်လိုသည့် Computer ပစ္စည်းများကို နိုင်နင်းစွာ ၀န်ဆောင်မှုပေးနိုင်ပါသည်။

ဝယ်ယူလိုသူမှ မေးမြန်းသင့်သည့်အချက်
* Casing တွင်ပါဝင်သော Power Supply သည် အာမခံသက်တမ်းကာလ ၆ လ (သို့) ၁ နှစ်ပေးပါသလား?

(10) Monitor

Monitor သည် Computer ၏ Output Device တစ်ခုဖြစ်သည်။ သတင်းအချက်အလက်များကို ထည့်သွင်း ရာတွင်လည်းကောင်း၊ ထုတ်ယူရာတွင်လည်းကောင်း၊ Monitor မှ သတင်းအချက်အလက်များအား ကြည့်ရှုဆုံး ဖြတ်နိုင်သည်။ Hard Disk ထုတ်ယူလိုပါက Printer မှ ထုတ်ယူနိုင်ပါသည်။
Monitor အမျိုးအစားများမှာ 15", 17", 19", 21" CRT (Cathode Ray Tube) သုံး Monitor များမှာ လူသုံးများ သည်။ ယခုအခါ CRT နေရာတွင် LCD ဖြင့်အစားထိုးသုံးစွဲလာကြသည်။

Microsoft Office 2007 with Serial Key



Microsoft Office 2010 အတွက် serial key အဆင်မပြေသူများ ၊ full version အသုံးပြုလိုသူများအတွက် Microsoft Office 2007 ကိုတင်ပေးလိုက်ပါတယ် ၊ Serial key ပါတဲ့အတွက် full version အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ် ၊ လိုအပ်သူများဒေါင်းလိုက်ပါ


အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)

V9mtg-3gx8p-d3y4r-68bq8-4q8vd

ပျာ်ရွှင်နိုင်ကြပါစေခင်ဗျာ

မြန်မာလက်ကွက်လေ့ကျင့်လိုသူများအတွက်ပါ

မြန်မာလက်ကွက်လေ့ကျင့်လိုသူများအတွက်ပါ

မြန်မာစာကိုကျွမ်းကျွမ်းကျင်ကျင်ရိုက်ချင်ပါတဲ့ဆိုတဲ့ ကျွန်တော့်အကိုအတွက် မြန်မာလက်ကွက်လေ့ကျင့်လို့ ရအောင်တင်ပေးလိုက်ပါတယ် ၊ မြန်မာစာကိုကျွမ်းကျွမ်းကျင်ကျင်ရိုက်ချင်တဲ့သူများဒေါင်းလုပ်ယူပြီးတော့လေ့ကျင့်နိုင်ပါတယ် ၊ (ကျွမ်းကျင်ပြီးသားသူတွေသည်းခံပါ) ၊ မြန်မာစာကိုကျွမ်းကျွမ်းကျင်ကျင်ရိုက်တတ်သူများဖြစ်ကြပါစေခင်ဗျာ ၊ အောက်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်


Myanmar Typing Tutor

Install လုပ်နည်း ( ကျွန်တော့်အကိုအတွက်သီးသန့် ပါ )

ပထမဆုံးဒေါင်းလုပ်ရလာတဲ့ဖိုင် Winrar နဲ့ ဖြည်လိုက်ပါ ၊ ပြီးလျှင်ရလာတဲ့ Folder ထဲမှ Application ကို run လိုက်ပါ ၊ နှိပ်ရမယ့်နေရာလေးတွေကို အနီရောင်လေးထောင့်အကွက်လေးနဲ့ ပြထားပါတယ်





Install ကိုနှိပ်ပြီးခဏစောင့်လိုက်ပါ ၊ ပြီးလျှင်အောက်မှာပြထားတဲ့အတိုင်းပေါ်လာပါလိမ့်မယ်




Finish ကိုနှိပ်လိုက်ပြီးပါက Desktop ပေါ်မှာ " David Bacon English Myanmar Typing Tutor 5 Preview Release " ဆိုတဲ့ Icon လေးတခုပေါ်လာပါမယ် (အောက်ပုံ)




အဲဒီ icon လေးကို Double click ပေးလိုက်ပါ ။




လေးထောင့်အကွက်အတွင်းမှာ မိမိတို့ ကျင့်လိုတဲ့လက်ကွက်ကိုရွေးပေးလိုက်ပါ ၊ ပြီးလျှင် Enter Classroom ကိုနှိပ်လိုက်ပါ ၊ အခုမှလက်ကွက်စကျင့်မယ့်သူများအတွက်ကတော့ အနီရောင်လေးထောင့်အကွက်ပြထားတဲ့နေရာကိုနှိပ်ပါ ၊ ကျွမ်းကျင်ပြီးသားသူများအတွက်ကတော့ အပြာရောင်လေးထောင့်အကွက်ပြထားတဲ့နေရာကိုနှိပ်ပါ (အောက်ပုံ)၊ အသုံးမပြုချင်လို့ ပြန်ထွက်ချင်ရင်တော့ Esc ကိုသုံးပြီးထွက်နိုင်ပါတယ်


Tuesday, February 7, 2012

Videoသီချင်းတွေကိုလိုအပ်သလိုဖြတ်တောက်ဖို့ အတွက်ဆော့ဝဲကောင်း


တစ်ခါတလေဇာတ်ကားတွေကြည့်ရင်းနဲ့ ကောင်းတဲ့နေရာလေးတွေပဲဖြတ်ယူပြီးသိမ်း
ထားချင်လို့ ပဲဖြစ်ဖြစ်အငြိမ့်ခွေတွေကြည့်ပြီးဟာသလေးတွေပဲဖြတ်ပီးသိမ်းထားချင်လို့ 
ပဲဖြစ်ဖြစ်အခုလိုဆော့ဝဲလေးတွေလိုတတ်ပါတယ်အင်စတောလုပ်စရာမလိုပဲတန်းသုံရုံ
ပါပဲကဲအသုံးလိုရင်ယူထားမယ်Portable လေးမလို့ စက်လည်းမလေးပါဘူး....။

ဒီမှာDownloadယူပါ Ultra Video spliter

ဗီဒီယိုတည်းဖြတ်ခြင်းနဲ့ ပတ်သက်၍၀ါသနာပါသူများအတွက်



ဝါသနာပါသူတွေလေ့လာလို့ ရအောင်တင်းပေးလိုက်ပါတယ်ကျနော်ကတော့ဝါသနာ
ပါလို့ စာအုပ်တွေစုထားတာအချိန်မရတော့သေချာမဖတ်ရသေးဘူးဖတ်ကြည့်ကြပေါ့
နောဖတ်ကြည့်ရင်အမြတ်ရှိမှာတော့အသေအချာပဲဗျာ..ကဲလိုအပ်ရင်ဆွဲထားမယ်...။

ဒီမှာ Download ယူပါ အသုံးချဗီဒီယိုတည်းဖြတ်မှုနည်းပညာစာအုပ်

DVD VCD အခွေထုတ်ချင်သောသူများအတွက်ဆော့ဝဲကောင်းလေးတစ်ခုပါ



DVD VCD အခွေ လုပ်ချင်သူများ ဒီဆော့ဝဲလေးရှိရင် အဆင်ပြေပါတယ်

ဝယ်ထားတဲ့ VCD အခွေထဲကနေ တစ်ပုဒ်ချင်း Selection လုပ် သီးသန့် 

လက်ရွေးစင်အခွေလေး တရုတ်သိုင်းကားတွေလိုပဲ Menu လေးနဲ့  ကိုယ်

ကြိုက်တာ အရင်ရွေးဖွင့်လို့  ရအောင် လုပ်လို့ ရပါတယ် အဆင်ပြေသလို

ဥာဏ်ကောင်းသလို ဖန်တီးလို့ ရပါတယ် Nero 7 ကိုတော့ အတော်လေးသုံး

ဖြစ်ခဲ့တယ် နောက်ပေါ်လာတဲ့ Nero 8 Nero9 စုံနေတာပဲ အခွေလုပ်တာက

ဆော့ဝဲမသုံးလည်း BURN လို့ ရနေတာပဲ Window7 ဆိုလည်း အလိုလိုပါ

နေပီးသာ Window DVD Maker လည်းကောင်းပါတယ် သူက VCD တော့

မရဘူး အခုတင်ပေးလိုက်တာက အစုံတော့ရတယ် Nero လောက်တော့ မ

ကောင်းဘူး Nero က Photo Slide Show တွေဘာတွေ လုပ်ရတာ အတော်

လေးအဆင်ပြေပါတယ် ဘာပဲဖြစ်ဖြစ် စုံအောင် လေ့လာထားဖို့  အခြေခံပညာ

သင် ၀ါသနာတူသူငယ်ချင်းတွေအတွက်တင်ပေးလိုက်ပါတယ်........။

ဒီမှာ Download ယူပါ Magic Burnig Studio(DVD & VCD)

ဒီလင့်မှာလည်းကြည့်ပါ http://www.magic-video-software.com

Nero8 ရဲ့အသုံးဝင်မှု - ဓာတ်ပုံနဲ့ နောက်ခံသီချင်းလုပ်နည်း(လေ့လာသင့်တယ်)




(1) Nero နဲ့  သီချင်း များ ဓာတ်ပုံများထည့်၍ Photo Slide Show လုပ်နည်း

ဒီဆော့ဝဲက ဓာတ်ပုံနဲ့  သီချင်း တွဲပြီး အခွေထုတ်ချင်ရင် အရမ်းလွယ်ကူပါတယ်

ဒီဇိုင်းကလည်း လန်းပါတယ် နမူနာဒီဇိုင်းလေးလည့် လုပ်ပြထားပါတယ် အခွေနဲ့ 

ထုတ်မယ်ဆိုရင်လည်း လွယ်တယ် အဖက်ဒီဇိုင်း တွေလည်း မျိုးစုံအောင်ပါတယ်

VCD နဲ့  DVD အဆင်ပြေသလိုလုပ်ကြည့်ပါ.........။အောက်ကလင့်မှာကြည့်ပါ.။

နမူနာကြည့်ကြည့်ပါ Sample Photo Slide Show (ကြိုက်သွားစေရမယ်..:P)


(2)လက်ရွေးစင် VCD သို့ မဟုတ် တရုတ်ဇာတ်လမ်းတွဲ DVD အခွေ ထုတ်ရန်

လက်ရွေးစင် သီချင်းလေးတွေကို အခွေတစ်ခွေထဲမှာ စုပြီး ထုတ်မယ်ဆိုရင်လည်း

လွယ်ကူသလို လှပလွန်းပါတယ် ဒီဇိုင်းထွင်မယ်ဆိုရင်လည်း စိတ်ကူးကောင်းသလို

အဆန်းတွေ လုပ်ပြလို့ ရပါတယ် တရုတ်ဇာတ်လမ်းတွဲတွေလို လုပ်လို့ ရပါတယ်

ချစ်သူကို လက်ဆောင်လုပ်ပေးရင်လည်း ဖလမ်းဖလမ်းထမှာ သေချာတယ် အခွေ

မှာ သူ့ ပုံလေးထည့်ပြီး မီနူး လုပ်ပေးမယ်ဆိုရင်အရမ်းလှပါတယ် ဟန်ဂျီအင်းပုံလေး

ထည့်ပြီး လုပ်ထားတာ သီချင်းနာမည်တွေကတော့ အစထဲက မြန်မာလိုပေးထား

ဖို့ လိုတယ်နော် မီးနူးကိုကြည့်ဖို့ အတွက်Remoteကနေ PBC ကိုနှိပ် ပေးရပါတယ်

အောက်စက်တွေ ပေါ်နေတာကြာပြီ ကျနော်သေချာပြောရဲတယ် သူ့ မှာပါလာတဲ့

ခလုတ်တွေကို စုံအောင်သိတဲ့သူ အတော်လေး၇ှားမှာပါ လူတိုင်းက သီချင်းဖွင့်ပြီး

ပိတ် ကျော်မယ် နောက်တစ်ပုဒ်ပြောင်း ဘာညာ သရကာပေါ့ အဲ့လောက်ပဲအသုံး

ပြုကြတာကိုတွေ့ ရပါတယ် ဒီစာကို ဖတ်ကြည့်နေတဲ့ ခင်များလည်း အတူတူပဲလို့ 

ကျနော်ထင်ပါတယ်(ဟုတ်ရင် ပြုံးလိုက်ပါ) ကျနော်လည်း လေ့လာပါတယ် သေချာ

အောင်လေ့လာနေပါတယ် သီချင်းခွေတွေ ဇာတ်လမ်းခွေတွေ ထည့်ပြီး PBC ကို

နှိပ်ကြည့်ပါ အခု ကျနော်ပြောတဲ့ နည်းနဲ့  ထုတ်ရင်ပါတယ် ဘယ်ဆော့ဝဲနဲ့ လုပ်

ထားတယ်ဆိုတာပေါ့ အရင်ကတော့ Nero နဲ့ လုပ်ကြတယ် အခုတော့ ဆော့ဝဲ

အသစ်တွေပေါ်လာပီ Directort တို့  Primere တို့  ..လေ့လာသင်ယူစရာတွေက

မကုန်နိုင်ဘူးဗျာကဲ သဘောကျတယ်ဆို လာတောင်း..အဲမှားလို့ ..သဘောကျ

ရင် ဆွဲသာဆွဲ........လူတော့ လာမဆွဲမဲ့..တေတွားမယ်..ဟွင်းဟွင်း.............။


(3) အသံဖမ်းမယ် ကိုယ့်အသံကို Recording လုပ်ပြီး ချစ်သူဆီပို့ မလား


အသံဖမ်းမယ်ဆိုရင်လည်း ရပါတယ် Recording ပါလာသေးတယ်ဗျ မိုက်တပ်ပြီး

ပြောချင်ရာပြော အသံဖိုင်ကို ကောင်မလေးဆီ (သို့ မဟုတ်) ကောင်လေးဆီကို

ပို့ ပေးလို့ ရပါတယ် လိုင်းမကောင်းတဲ့ အခါ အသံဖိုင်ပဲဖမ်းထားပြီး မေးထဲကနေ

ပို့ ပေးလိုက် ဟိုဘက်ကလည်း ဒေါင်းလုပ်ယူပြီး နားထောင်ပေါ့ အခွေနဲ့ ထည့်ပြီး

အောက်စက်ထဲ ထည့်ဖွင့်ရင် တစ်ရွာလုံး နားထောင်ရတာပေါ့ အဲ့တော့ လိုသလို

သုံးလို့ ရတယ် မလိုရင်လည်း မသုံးလို့ ရတယ် စာချုပ်မရှိဘူး..သဘော............။


(4) Photoshop လိုပဲ ဓာတ်ပုံတွေကို ပြင်ဆင်တည်းဖြတ်လို့ ရသေးတယ်


ဓာတ်ပုံပြင်တာကတော့ အခြေခံလေးတွေပါလာတယ် အသေးစိတ်တော့မရပါဘူး

ကိုယ်လည်း အသေစိတ် မရဘူးလေ ဖြတ်တာအရောင်ပြောင်းတာပဲရတာအဲ့တော့

ပါလာတာ ပြောတာပါ လိုသလောက်သုံးလို့ ရတယ် လို့ ပဲ ဆိုချင်ပါတယ် သေချာ

ထပ်ပြီးလေ့လာNero Photo Snapviewerလည်းပါလာတယ် ပုံတွေကိုဖွင့်လိုက်ရင်

Open With ကနေ ကြည့်ကြည့်ပါ.......။


(5) Song Mixer ဆိုပြီး အသံတွေကို ရောလို့  မွှေလို့ ရသေးတယ်ရောသမမွှေ ပေါ့


ရောတော့ ရောကြည့်တာပဲ နမူနာတင်ပေးမယ်ဆိုပြီး တော်ကြာ ကြိုက်သွား ဒွတ်ခ

အဲ့ကြောင့် မိမိဘာသာ လေ့လာရင်း ရောကြည့် မွှေကြည့်ပါလို့  ရေသမမွှေလို့  ရရင်

လက်တို့ ကြပါ လေ့လာဖို့  အချိန်မလောက်တာကြောက် မွှေတာဝါသနာ ပါသူများ

က မွှေလို့ ဝရင် ပြောဖို့ မေမေ့ကြနဲ့ နော...................................................။

(6) အခွေ Cover Design လုပ်ချင်လည်းရတယ် ( မြန်မာစာတော့ ပြောင်းမရဘူး)

ဒါကတော့ အခွေ ထုတ်ပြီးရင် အခွေမှာကပ်တဲ့ အရုပ်ဒီဇိုင်းလေးတွေ ဆွဲဖို့ လည်း

ပါသေးတယ် မြန်မာလို ဘာလို့ ပြောင်းမရတာလည်း မသိဘူး မြန်မာခွေတွေမှာ

ကပ်ထားတဲ့ဟာတွေ ဘာနဲ့ ဆွဲလည်းမသိဘူး သိသူများပါရင် မျှကြပါလို့ ပြောပြ

ကြပါလို့  ပြောရုံဆိုရပါပြီ မပြလည်း ကိစ္စမရှိ သဘောပေါက်လွယ်တယ်နော် ..:P

Miscrosoft Office Publisher မှာလည်းရတယ် နောက်မှ သေချာရေးပါအုံးမည်.။


ရေးရရင် အများကြီးကျန်သေးတယ် နည်းတွေကများလွန်းလို့  ယူထားကြပါလို့ 

ဖြတ်ညှပ်ကပ်လုပ် လိုက်တာ ၁၈၈ MB ပဲရှိတယ် လိုင်းတင်ရတာလည်း မလွယ်

ဘူး လိုင်းမကောင်းရင်တော့ ဆိုင်မှာဝယ်လိုက်ပါ မလေးမှာဆို ဆိုင်လမ်းညွှန်ရှိ

တယ် မြန်မာပြည်ဆို ရန်ကုန်မှာတော့ မ၀ယ်ဖူးဘူး တောင်ကြီးမှာတော့ရှိတယ်

ဟန်ဂျီအင်းကွန်ပျုတာထဲ Nero7 ထည့်တော့ ၀ယ်ဖူးတယ် ၅၀၀ပဲပေးရတာ အခု

ဒီဟာက Nero8 ပါ Nero က 11 အထိရှိနေပီဆိုတော့ လိုက်မမှီတော့ဘူးဗျို့ ...။

ကဲကြိုက်ရင် လာတောင်း..တိန်...အဲမှားလို့ ဆွဲ..Mediafire မှာ တင်ထားတယ်...။

ဒီမှာ Download ယူပါ Nero 8 Full Version

Key : 7K22-OO1B-11OS-E9SS-SG3E-C7G2-BCM2

ဓာတ်ပုံ နဲ့  နောက်ခံသီချင်းထားပီးအခွေထုတ်ချင်ရင် (Window DVD Maker)




ဒီနည်းလေးကတော့ ပုံနဲ့  သီချင်းနောက်ခံထည့်ပီး အခွေထုတ်ချင်တဲ့သူများ

အတွက် အဆင်ပြေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် Nero လိုတော့ အသေး

စိတ် လုပ်လို့ မကောင်းပါဘူး ဆိုးတာက DVD ပဲ ထုတ်လို့ ရတာပါ ဇာတ်လမ်း

တွဲခွေလုပ်ပြီး အခွေစုထုတ်ချင်ရင်တော့ နိုင်ငံခြား ခွေတွေလိုပဲ Menu လေး

ထားပြီး အပိုင်းအားလုံးဖွင့်ရန် အပိုင်းရွေးရန် တို့  အညွှန်းထည့်ပေးလို့ ရပါတယ်

နမူနာလေးတွေလုပ်ထားတယ် ဆော့ဝဲတင်ပေးဖို့  အချိန်မရသေးတဲ့အတွက်

မေးထဲက တောင်းဆိုလာတဲ့ သူငယ်ချင်းလေး အဆင်ပြေပါစေ Window 7 မှာပဲ

ပါတာ Window Xp ဆိုရင် Window Movie Maker ဆိုပြီး ပါတယ် သုံးကြည့်

ပါ ဆော့ဝဲထည့်စရာမလိုဘူး Window ထဲက ပါနေပီးသားဆိုတော့ အေးဆေး

စမ်းသပ်သုံးလို့  အဆင်ပြေနိုင်ကြပါစေ........................................။

Monday, February 6, 2012

Shutdown ပိတ်ရာတွင် မြန်စေချင် နည်းလမ်း(၂)



Computer Shutdown ပိတ်ရာတွင် ပိုမို မြန်ဆန်စေရန် အတွက် နည်းလမ်းတစ်ခုကို ဖော်ပြပြီး ဖြစ်ပါတယ်။ အခုတဖန် နည်းလမ်း(၂)ကို ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေ ချောမွေ့ကြပါစေ။

၁) Start မှ Run ကို ဖွင့်ပါ။
၂) regedit ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) HKEY_CURRENT_USER မှ Control Panel ကို သွားပါ။
၎) Desktop ကို Select မှတ်ပါ။ ညာဘက်တွင် HungAppTimeout ကို ရှာပြီး Double Click လုပ်ပါ။
၅) Valu Data တွင် 1000 ရိုက်ထည့်ပါ။
၆) ပြီးလျှင် WaitToKillAppTimeout ကိုလဲ အပေါ်နည်းအတိုင်း 1000 ရိုက်ထည့်ပါ။

ကွန်ပျူတာ မြန်ဆန်စေချင်

ကွန်ပျူတာ သုံးစွဲရာတွင် ပိုမိုမြန်ဆန်စေရန် အတွက် အောက်ပါ နည်းလမ်း နှစ်ခုကို လုပ်ဆောင်ပါ။ အတိုင်းအတာ တစ်ခုအထိ မြန်ဆန်လာမှာ ဖြစ်ပါတယ်။

နည်းလမ်း(၁)

၁) Start မှ Run ကို ဖွင့်ပါ။
၂) regedit ကို ရိုက်ဖွင့်ပါ။ ပွင့်လာပါက HKEY_CURRENT_USER > Control > Desktop ကို Select မှတ်ပါ။ ညာဘက်တွင် MenuShowDelay ကို Select မှတ်ပြီး Double Click လုပ်ပါ။ Value data တွင် 0 ပေးလိုက်ပါ။


နည်းလမ်း(၂)

၁) Start မှ Run ကို ဖွင့်ပါ။
၂) system.ini ကို ရိုက်ဖွင့်ပါ။ အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။


၃) အောက်ဆုံးတွင် ယခု page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb စာသားကို Copy ကူးထည့်လိုက်ပါ။
၎) ပြီးလျှင် Save လုပ်ပြီး စက်ကို Restart လုပ်လိုက်ပါ။ စက်ပိုမို မြန်ဆန်လာမည်ကို သိရှိလာပါလိမ့်မယ်။

Window 7 မှ ပြဿနာအချို့

Window 7 က latest ဆိုတော့ မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။ ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြ၏။ ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ ကြားရ၏။

" စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။ " အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။ အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။ Negative အသံများ ကြားရ၏။

မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့ Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3 တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့ ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။

တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန် ဖော်ပြလိုက်သည်။

(၁) Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
(၂) Box ကျလာလျှင် Compatibility tab ကို ရွေးပါ။


(၃) Run this program in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
(၄) Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
(၅) Apply လုပ် Ok ။
(၆) မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်နိုင်ပါပြီ။ အဆင်ပြေ လိမ့်မည်ဟု မျှော်လင့်ရင်း။

Run ထဲကနေ G talk ပွားနည်း ( လွယ်ကူစွာပွားနည်း )

run ထဲကို ဒီ ကုတ်လေး "C:\Program Files\Google\Google Talk\googletalk.exe" /nomutex တွေပစ်ထည့်လိုက်တာနဲ့ ကြိုက်သလောက်ပွားလို့ရပါတယ် ။





Ok ပေးလိုက်တာနဲ့တင် တစ်ခုပြီး တစ်ခု ပွားထွက်လာမှာပါ ။




Sunday, February 5, 2012

AVS_Video_Editor_v6.0.3.184_3 + Activator


AVS_Video_Editor_v6.0.3.184_3 ထွက်လာလို့ပြန်ရှယ်ပေးလိုက်ပါတယ်..။ Video Editing ကို

Professionalကျကျသုံးချင်သူတွေအတွက်တော့အသုံးဝင်ပါလိမ့်မယ်..။ Transitions , Video Effects ,

Text , Voice ,Disc Menu စတဲ့ Function တော်တော်များများကိုလည်းအသုံးပြုနိုင်ပါတယ်..။ကျွန်တော်

U-Tube မှာဒီကောင်လေးအတွက် Tutorial လေးတွေကြည့်ကြည့်တာတင်တော်တော်များများ Function

တွေကိုသုံးလို့ရတာတွေ့ရပါတယ်..။ကျွန်တော်ကိုယ်တိုင်မအားတဲ့အတွက်သုံးနည်းလေးကိုရှင်းမပြနိုင်တာ

တော့တောင်းပန်ပါတယ်..။အောက်မှာအသုံးပြုရတာအဆင်ပြေအောင် Tutorial လေးတွေကို Video File

လေးတွေနဲ့တင်ပေးထားပါတယ်.။ဒီကောင်လေးအတွက် Activator လေးပါထည့်ပေးထားပါတယ်..။

ဒီကောင်လေးကို Run ပြီး Active လုပ်ပေးလိုက်ယုံပါပဲ..။သုံးချင်တဲ့သူများကတော့အောက်မှာအဆင်ပြေ

တဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..။

ဖိုင်ဆိုဒ်က 146 MB လောက်ရှိတဲ့အတွက်ကျွန်တော်ဒေါင်းလော့ချရတာအဆင်ပြေအောင်နှစ်ပိုင်းခွဲပြီးတင်ပေး

ထားပါတယ်..။


Download From Ifile.it

http://ifile.it/sueh0mf/AVS_Video_Editor_v6.0.3.184_.part1.rar

http://ifile.it/p3b8yxo/AVS_Video_Editor_v6.0.3.184_.part2.rar

Download From Mediafire

http://www.mediafire.com/file/imbufrz3nqmc56u/AVS_Video_Editor_v6.0.3.184_.part1.rar

http://www.mediafire.com/?k9993c9845gqb94

အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။



.


Screen size နှင့် အလေးချိန်..

Screen size က Laptop screen size ထက်ပိုပီး သေးငယ်ပါတယ်။ သူ့ကို ဈေးကွက်မှာ 9 လက်မ ကနေပီးတော့ 14 လက်မ ထိ တွေ့နိင်ပါတယ်။ Laptop Screen size ကိုတော့ ကျွန်တော်တို့ 14 လက်မ ကနေ 17 လက်မ ထိ တွေ့နိင်ပါတယ်။.Screen အရွယ်အစား ငယ်တာ ကြီးတာ အပြင်.နောက်ထပ် ကွာခြားသွားတာကတော့ ခရီးတခုကို သွားတော့မယ်ဆိုရင် အလေးချိန်က Netbook က 0.9 kg ကနေပီးတော့ 1.4 kg ထိပဲ့ရှိပါတယ်။Laptop မှာတော့ 1.4 kg ကနေပီးတော့ 5.4 kg ထိ ရှိပါတယ်။ဒါကတော့ အလေးချိန်နဲ့ Screen size အရွယ်အစားကို နှစ်ခု ယှဉ်ပြောပြတာပါ။

Processor နှင့် ဈေးနုန်း

Netbook မှာ အသုံးပြုတဲ့ Processor တွေကို low-end processor တွေကိုပဲ အသုံးပြုထားပီးတော့ Laptop မှာတော့ Higher-level- processor တွေထိ တွေ့နိင်ပါတယ်။ low-end processor ဆိုတာ အရင်က ထုတ်လုပ်ပီး ခုချိန် ခေတ်နောက်ကျနေပီဆိုတဲ့ Processor မျိုးကို ဆိုလိုတာပါ။ နားလည်လွယ်အောင်ရေးလိုက်တာပါ။ low-end processor ဆိုတာ ဥပမာ ဒီလို Processor မျိုးတွေပါ။
Intel Atom
AMD Athlon
Intel core 2 solo ဒီလို ပုံစံမျိုးတွေနဲ့ လာပါတယ်။
Netbook မှာ ဒီလို low-end processor တွေကို အသုံးပြုထားတာကြောင့် ဂိမ်းဆော့ဖို့ နဲ့ Entertainment တွေ အတွက်ကတော့ Laptop ကို မမှီနိင်စေတဲ့ အချက်တခု ဖြစ်စေပါတယ်။ Processor နိမ့်တာ နဲ့ အတူ ဈေးနုန်းကလည်း ကွာခြားသွားပါတယ်။ Netbook ကို ၀ယ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေါ်လာ 150 ကနေ 400 ၀န်ကျင်လောက် အထိ တွေ့နိင်ပီးတော့ Laptop မှာတော့ ဒေါ်လာ 2000 ကျော်ထိ တွေ့နိင်ပါတယ်။ ဈေးနုန်က Laptop တွေက ပိုမြင့်သလို Netbook မှာ မလုပ်ဆောင်နိင်တဲ့ ဂိမ်းဆော့မလား… Movies ကြည့်မလား Netbook ထက် သာတဲ့ စွမ်းဆောင်ရည်တွေကို Laptop မှာ ရရှိနိင်မှာဖြစ်ပါတယ်။

Hardisk နှင့် Performance

HDD ကိုပြောရမှာတော့ ခုနောက်ပိုင်း မှန်းဆထားတဲ့ခေတ်တွေနဲ့ဆိုရင်တော့ Storage များတာ နည်းတာက အဓိကမကျသလို ဖြစ်အောင် Cloud Storage တွေ ပေါ်လာတာကိုတော့ သတိထားမိကြမယ်ထင်တယ်။ နောက်ပိုင်း Cloud storage တွေ ခေတ်တခေတ်ပေါ်လာရင်တော့ ဒီ Storage ရဲ့ ကွာခြားချက်တွေကို သိပ်သတိထားမိကြတော့မယ် မထင်ဘူး။ ခုတော့ သတိထားမိအောင် ပြောကြည့်ကြရအောင်။ Laptop မှာ HDD ကို RPM 5400 HDD တွေနဲ့ အတူတွေ့နိင်ပါတယ်။5400 RPM နဲ့ တည်ဆောက်ထားတဲ့ Laptop တွေက ဘာကို အားနည်းသွားသလဲ့ဆိုတော့ ကျွန်တော်တို့ program တခုခုကို ဖွင့်တာပဲ့ ဖြစ်ဖြစ် အခြား Drive တခုခုကို Access လုပ်တာပဲ့ ဖြစ်ဖြစ် နဲနဲ နှေးမှာ ဖြစ်ပါတယ်။ သိပ်တော့ မသိသာပါဘူး။ ပီးတော့ Laptop မှာ HDD ကို Storage 160 Gb ကနေ 600 Gb ထိ ရှိပါတယ်။ Netbook မှာတော့ အဲ့လို မဟုတ်တော့ဘူး Netbook မှာ SSD (Solid state drive) တွေနဲ့ တွေနိင်တာကိုတော့ တချက် သတိထားကြည့်လို့ ရပါလိမ့်မယ်။ SSD က HDD ထက်ပိုပီး Performance ပိုကောင်းပါတယ်။ ဘယ်လို ကောင်းလည်းဆိုတာကို ဒီအောက်က Video ဖိုင်လေးမှာ တချက်သတိထားကြည့်ပေးပါ။ဒါပေ့မယ် Netbook ရဲ့ Storage Drive ရဲ့ ၀င်ဆန့်မူကတော့ 8 Gb ကနေပီးတော့ 160 Gb ထိပဲ ရှိပါတယ်။ နောက်ထပ်တော့ Upgradation လုပ်လို့တော့ ရပါတယ်။




Operating System နှင့် RAM

OS ကိုတော့ ဒီနေရာမှာ ကွာသွားတာလေး တချက်ရှိတယ်။ ဒါကတော့ Laptop တွေမှာ စပီး ၀ယ်ယူကတည်းက ခုနောက်ပိုင်းမှာ အနည်းဆုံး Window 7 home Premium နဲ့ လာပါတယ်။ ပြောပြချင်တာကတော့ 7 ကို ကောင်းကောင်းသုံးလို့ ရတယ်ပေါ့။ အဲ့ Netbook မှာတော့ XP နဲ့ Linux ကိုပဲ့ ကောင်းကောင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း Netbook တွေမှာတော့ Vista ကိုပါ အသုံးပြုလို့ တော့ ရလာပါတယ်။ ဒီလို Operating system မြင့်သုံးလို့ရတာနဲ့ မရတာကဘာကြောင့် Laptop and Netbook မှာလာပီး ကွာခြားသွားတာလည်းဆိုရင် RAM ကြောင့် လည်းပါတယ်လို့ ဆိုလို့ရပါတယ်။ ဘာလို့လည်းဆိုရင် Netbook တွေက RAM တွေကို 1 Gb တွေပဲ့ ပါဝင်တာများပီး Laptop ကတော့ RAM ကို 2 Gb ကနေ စပါတယ်။ ဒါကြောင့်လည်း OS ပါကွားခြားသွားနိင်တာလို့ ဆိုလို့ရပါတယ်။

Multimedia Display and Disc Drive

Laptop့ကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းပဲ့ Video ကြည့်မယ် ဂိမ်းဆော့တာ တွေနဲ့ လူတယောက်တွက် Entertainment တွေကို စိတ်ကြိုက်လုပ်ဆောင်နိင်သလို Editing ပိုင်းတွေကိုပါလုပ်ဆောင်နိင်ပါတယ်။ ဘာလို့လည်းဆိုတော့ Graphics ကို အနည်းဆုံး 256 Mb ကနေ စပီးပါဝင်လာလို့ပါပဲ။ Netbook မှာတော့ Only basic Graphics capabilities ပဲပါဝင်မှာပါ။ နောက်တခုကတော့ Netbook မှာ CD/DVD Drive မပါပါဘူး။

Battery နှင့် ခရီးသွား..

Battery က ကျွန်တော်တို့ နိင်ငံတွက်တော့ ပိုပီးအရေးပါတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီနေရာမှာတော့ Netbook battery တွေက ပိုပီး သုံးဆောင်လို့ ရနိင်မယ့် ကြာချိန်ပိုများပါတယ်။ Netbook battery တွေက ၈ နာရီနှင့် အထက်ထိတွေ့နိင်ပီး… Laptop တွေမှာတော့ ၃ နာရီကနေ ၆ နာရီကျော်ထိပဲ့တွေနိင်ပါတယ်။ ခရီးသွားရင်း သုံးဆောင်မယ် ဆိုရင် Netbook က Laptop ထက်ပေါ့ပါးပီး…အချိန်ကြာရှည်ပိုပီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Laptop နဲ့ Netbook ရဲ့ ကွာခြားချက်လေးတခုရှိပါသေးတယ် ။ ဒါကတော့ Netbook က Network ကို အသားပေးပီး ထုတ်လုပ်ထားတာပါပဲ့။ ကျွန်တော် Netbook နဲ့ Laptop ရဲ့ ကွာခြားချက်တွေကို အတော်အသင့်ပြောပီးပါပီ.။ဒီပိုစ်နဲ့ သက်ဆိုင်တဲ့ ပိုစ့်လေးကို ဆက်စပ်မိအောင် ဖတ်စေချင်ပါတယ် ။ အဲ့ ပို့စ်ကတောံ Notebook နှင့် Laptop ရဲ့ ကွာခြားချက်များ ဖြစ်ပါတယ်။ ဒီလင့်မှာ ကျွန်တော် ဖော်ပြပေးပြီးသားပါ။

Laptop အကြောင်း သိကောင်းစရာ






ကျွန်တော် ဒီအကြောင်းအရာကို မြန်မာမိသားစုဖိုရမ်မှာ တင်ထားတာရှိပါတယ်။ ကျွန်တော် စရေးပြီး အပိုင်းတွေကို ၂ ထိပဲ့ ရေးထားပါသေးတယ်။ ဒါပေ့မယ်ဆိုဒ်တိုင်းမှာ လိုလိုရောက်နေပြီး ဖတ်ပြီးသူတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော် အပိုင်းသုံးထိ ဒီဆိုဒ်မှာ ဆက်ရေးပေးသွားပါ့မယ်။ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။
အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?


အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။

(က)Laptop တလုံးမှာ များသောအားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ တွေ့နေပေ့မယ် မသုံးဖြစ်တာတွေ အသုံးမတည့်တာတွေနဲ့ ပဲ့ ပါလာတဲ့ အပိုင်းတွေကို သေသေချာချာ ဂဂဏဏ သိဖို့ ဘယ်သူမှ တော်ယုံ မကြိုးစားကြည့်ကြဘူး။ ဒီလိုပဲ့ ထားထားမိကြတယ် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့ ဘူးပါတယ်။ နောက်ပိုင်း ကိုယ်ကိုတိုင် သတိထားမိလာမှ လေ့လာဖြစ်တာပါ။ ကဲ့ထားပါတော့ ကိုယ်မြန်မာလူမျိုးတွေ မြန်မာလို ဖတ်ချင်သူတွေ အကြမ်းဖျင်းတော့ အနည်းဆုံးနားလည်သွားနိင်အောင် ကြိုးစားရေးပါမယ်။

Tochpad

Tochpad ကိုတော့ လူတိုင်း သိပီးသားပါ အခေါ်အဝေါ်ကို ရင်းနှီးသူလည်း ရှိသလို မရင်နီးသူလည်း ရှိမယ်ထင်ပါတယ်။ သူကို နောက်တမျိုး trackpad လို့လည်းခေါ်သေးသလို pointing device လို့လည်းခေါ်ပါတယ်။ သူကတော့ Mouse နေရာမှာ အစားထိုးသုံးဖို့ ဖန်တီးထားတာပါ။.သူနဲ့ သဘောတရား ဆင်တူတာတွေ ထပ်ရှိပါသေးတယ်။ သူတိုကတော့ ခု ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ တွေ့နေရတဲ့ Multi-touch screen , Touchscreen, tablet တို့မှာ ထိတွေ့မိကြဦးမှာပါ။Touchpad ကို (The touch pad is a built-in substitute for a mouse on laptops.) ဒီလို အဓိပါယ် ဖွင့်ဆိုထားတာတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။



eSATA




ဒီအကြောင်းအရာကို ကျွန်တော် စပီးရေးတဲ့ ဆိုဒ်ဖြစ်တဲ့ မိသားစုဖိုရမ်မှာ ချန်ထားခဲ့ပါတယ်။ ဒီချန်ထားခဲ့တယ်ဆိုတာကလည်း ကျွန်တော် စာမူအတွက်မို့ ချန်ထားခဲ့တာပါ။ ခု ဒီနေရာမှာ ဖော်ပြပေးလိုက်ပါတယ်။ eSATA ဆိုတာ External Serial Advanced Technology Attachment ဒါမှမဟုတ် eSATA ကို SATA technologies တွက် external interface လို့ သတ်မှတ်ပါတယ်။ HDD (Hard Disk Drive ) တွက် ATA နေရာမှာ အစားထိုး ၀င်လာတဲ့ SATA တွေရဲ့ next generation internal bus interface ပါ။ သူရဲ့ အားသာချက်တွေကို အနည်းအကျဥ်းဖော်ပြပေးပါဦးမယ်။ eSATA က USB တို့ Firewire တိုနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ သူရဲ့ transfer rates က USB 2.0 and FireWire 4000 ထက် သုံးဆ ပိုမြန်ပါတယ်။ USB 3.0 နဲ့ဆိုရင်တော့ တမျိုးဖြစ်နိုင်ပါတယ်။ eSATA က ပုံမှာ မြင်တဲ့ အတိုင်းပါပဲ့။ သူကို eSATA cables နဲ့ ချိတ်ဆက် အသုံးပြုရပါတယ်။ ဒီတော့ eSATA cables ရဲ့ အရှည်နဲ့ မြန်နူံးလေး အကြမ်းဖျင်းကို ကျွန်တော် ဖော်ပြပါဦးမယ်။ အကျယ်သိချင်ရင် How to buy a laptop and Knowledge ဆိုတဲ့ စာအုပ်ထွက်လာတဲ့ အချိန်မှာ စာဖတ်သူများ စောင့်ဖတ်နိုင်ပါတယ်။ eSATA cables က အပေါက်ဝ တော်တော်လေး ကျဉ်းပြီး.. အရှည်က 6.56 feet (2 meters) ရှိပါတယ်။ သူကို Desktop မှာ တွဲသုံးတဲ့ HDD တို့ USB တို့ နဲ့ တွဲသုံးနိုင်ပါတယ်။ တော်တော်လေးကောင်းပါတယ်။ External HDD မဟုတ်ပဲ့ internal HDD တွေကို ဒီ eSATA ကနေ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Desktop တွေမှာတောံ eSATA မပါပါဘူး။ တပ်ပြီးသုံးချင်တယ်ဆိုရင် PCI card ဆိုဒ်ပြီး အသုံးပြုလို့ရပါတယ်။ Laptop တိုင်းလည်း မပါပါဘူး။ ပါတဲ့ Laptop ကလည်း ဈေးကြီးပါတယ်။

fingerprintreader reader


Fingerprintreader ကိုတော့ Laptop တိုင်းမှာတော့ မပါဝင်ပါဘူး။ ပါဝင်တဲ့ Laptop တွေလည်း ရှိသလို မပါတာတွေလည်းရှိပါတယ်။ သူကတော့ လက်ဗွေရာကို Scan ဖတ်ပီးတော့ စက်ကို Password ပေးလို့ ရပါတယ်။ fingerprintreader ကို touchpad ရဲ့ ညာဘက်ဘေးလေးနားမှာ တွေ့နိင်ပါတယ်။
.
Wirelessswitch (on / off)



ဒီ wirelessswitch ရဲ့ အားသာချက်ကတော့ သူကို Off လုပ်ထားမယ် ( အင်တာနက်မသုံးတဲ့ အချိန်) ဆိုရင် battery life ကို သက်သာစေမှာပါ။ မိမိ ပတ်ဝန်းကျင်မှာ Wireless လွှင့်ထားတာတွေ ရှိမယ်ဆိုရင် အလွယ်တကူ ဖမ်းယူနိင်ပါတယ်။ ဘယ်လို ဖမ်းယူရမလည်း ဆိုတာကို ဒီလင့်မှာ MS က ရှင်းပြထားတာ ရှိပါတယ်။ သွားဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ဒီထက်ပိုပီး အကျယ်တ၀င့် သိချင်တယ်ဆိုရင်တော့ ဒီလင့်မှာဖတ်နိင်ပါတယ်။

USB Port (USB=Universal Serial Bus)




USB port ကိုတော့ လူတိုင်းရင်းနီးပီးသားပါ ။ keyboards, mice(mouse), printers, scanners တွေကို ချိတ်ဆက် အသုံးပြုနိင်ပါတယ်။ နောက်ထပ် Extra HDD တွေကိုပါ တွဲသုံးနိင်ပါသေးတယ်။HDD တို့ Stick တို့  ထဲ့မှာ ရှိတဲ့ Data တွေကို Transfer လုပ်နိင်သလို နောက်ထပ် Yota လို အင်တာနက် ချိတ်တဲ့ ပစ္စည်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိင်ပါတယ်။

SD (Secure Digital) Card reader



Secure Digital card reader ကို ကျွန်တော်တို့ အသုံးပြု နဲကျပါတယ်။ သူကို ဘယ်လိုချိန်တွေမှာ သုံးလည်းဆိုရင် ကင်မရာမှာ ပါတဲ့ SD card တို့ Mobile Phone တို့ကို တိုက်ရိုက်ချိတ်ဆက်ပီး အသုံးပြုနိင်သလို သူကို Laptop ၀ယ်တဲ့ချိန်မှာ မပါလာခဲ့ဘူးဆိုရင် USB Port ကနေ တွဲသုံးလို့တော့ ရပါတယ်။ ဗဟုသုတ အဖြစ်ထည့်ရေးလိုက်တာပါ။ အဲ့လိုမှ မဟုတ်ဘူး SD Card reader(မပါလာခဲ့ရင်) ကို သုံးချင်တယ်ဆိုရင်တော့ External Media reader ကို ၀ယ်ပီး အသုံးပြုနိင်ပါတယ်။
ဒီနေ့တော့ ဒီပိုစ့်လေးကို ပြန်ပီး အသက်သွင်းပါ့မယ် စာမေးပွဲရှိနေလို့ ရေးလက်စ တွေ ကျွန်တော် ခဏထားထားတာ ကြာသွားတယ်။ နောက်ထပ်လည်း ကျွန်တော် Hardisk တခုလုံးကို Format ချလိုက်တော့ ရေးလက်စ စာတွေ အုပ် ၄၀ ကျော်လောက်ပါသွားတယ် :S ။ နှမြောတာတော့ ပြောမနေတော့ဘူး။. ဘာပဲ့ ဖြစ်ဖြစ် ဒီ ပို့စ်ကို ကျွန်တော်သိသလောက်လေး ထပ်ပီး မျှဝေးရင်း အပီးသတ်ရေးဖို့ ကျွန်တော်ကြိုးစားရေးပါ့မယ်။


ExpressCard slot:




ဒီကောင်လေးကိုတော့ အများအားဖြင့် Peripheral Device တွေနဲ့ ချိတ်စက်ပီး အသုံးပြုတဲ့ အခါမှာ ဒီ Slot ကို သုံးပါတယ်။ Peripheral Device ဆိုတာဘာတွေလည်းဆိုတော့ ကျွန်တော်တို့ computer printers, image scanners, tape drives , microphones, loudspeakers, webcams, and digital cameras တွေကိုဆိုလိုတာပါ။ ဒီ Slot တွေက ခုနောက်ပိုင်းထွက်လာတဲ့ Slot တွေနဲ့ အရင်က Slot တွေတောင် မတူတော့ပါဘူး။ ခုနောက်ပိုင်း ၂၀၀၈ နောက်ပိုင်းမှာ ထွက်လာတဲ့ Laptop နဲ့ တွဲပီးထွက်လာတဲ့ Slot တွေက ဟိုး အရင်က ထွက်ရှိပီးသား Laptop မှာတဲ့ Slot တွေ ထက် ပိုပီး ကောင်းလာတယ်လို့ ဆိုရမယ်။ ဘာလို့လည်းဆိုရင် အရင်က ထွက်လာတဲ့ Slot တွေမှာ Peripheral Device နဲ့ ချိတ်ပီးအလုပ်လုပ်တဲ့ အချိန်မှာ စက်ကို လေးသွားတာတို့ ဟန်းသွားတာတို့တွေ နဲ့ နောက်ထပ် Volt အားတွေကိုပါ ချွေတာ အသုံးပြုနိင်အောင်လို့ digital demands တွေနဲ့ ခု ဒီ Slot တွေမှာ ဖွဲ့စည်းပီး တည်ဆောက်ထားပါတယ်။

HDMI connector: (HDMI (High-Definition Multimedia Interface)



HTMI လို့ ပြောလိုက်ရင်တော်ယုံမသိကြဘူး။ သူ့ကို ဘယ်လို အသုံးပြုတယ်ဆိုတာကိုတော်ယုံ မသိကြဘူး။ ဒီ HTMI ကို ကျွန်တော်တို့ Home Therater တွေမှာ ချိတ်ပီး အသုံးပြုနိင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်တွေမှာ ၆၄ လက်မလောက် TV ကြီးရှိတယ်ဆိုရင် ဒီ HTMI slot နဲ့ TV ကို ချိတ်ဆက်ပီး Therater လိုပဲ့ အိမ်မှာ ကွန်ပျူတာနဲ့ ချိတ်ပီး အေးဆေး ကြည့်နိင်ပါတယ်။ မိသားစုလိုက်ပျော်ပျော်ပါးပါး တခုခု လုပ်စားတဲ့ချိန်တွေမျိုးမှာစို TV အကြီးကြီး ရှိမယ်ဆိုရင် ချိတ်ဆက်ပီး မိသားစုလိုက်ကြည့်လို့ ရပါတယ်။ သူကတော့ Single Cable ပေါ်မှာပဲ့ အလုပ်လုပ်ပီးတော့ Video Format တွေကို ထုတ်ပေးနိင်ပါတယ်။ နောက်ထပ် HDD . Blu-ray , PC တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပီးလည်း အသုံးပြုလို့ ရပါသေးတယ်။ ဒီထက်ပိုပီး အကျယ်သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားပီး ဖတ်ကြည့်ပေးပါ။

Firewire/IEEE 1394 port:



သူကတော့ serial bus interface standard ပါ။ သူ့ကို high-speed communications and isochronous မှာ PC တွေတွက် အသုံးပြုပါတယ်။ ဒီ Slot ကို ကျွန်တော်တို့ Sony ထုတ် Laptop တွေမှာ အများဆုံး တွေ့နိင်ပါတယ်။ အရင်က Desktop တွေမှာလည်း ဒီ Slot ကို တော်တော်များများတွေ ဘူးကြမှာပါ။ဒီထက်ပိုပီး သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားဖတ်ကြည့်ဖို့ကို တိုက်တွန်းလိုပါတယ်။ English လို ဖတ်ဖို့ကို မကြောက်ပါနဲ့။ ကျွန်တော် Dictionary တွေကိုလည်း ဒီလို ပြန်ညွှန်းစာတွေကို ဖတ်တဲ့ချိန်မှာ အသုံးပြုလို့ရအောင်နဲ့ English Language တွေကိုလေ့လာတဲ့နေရာမှာ သုံးဖို့ ဒီနေရာမှာတင်ပေးထားပါတယ်။

DVI connector:



Digital video connector ကို ကျွန်တော်တို့ Monitor ( LCD) နဲ့ HD TV တွေနဲ့ ချိတ်ဆက်ပီး အသုံးပြုနိင်ပါတယ်။ တကယ်လို့ သူကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီတိုင် VGA Card မှာ တပ်ပီး သုံးသလို သုံးလို့ မရပါဘူး။ ကြားတည်းမှာ Swich ခေါင်းတခု ခံပီးမှ အသုံးပြုလို့ ရပါမယ်။

VGA connector:


VGA ခေါင်းကိုတော့ အထွေအထူးပြောစရာမရှိပါဘူး။ Laptop ဘေးမှာ LCD တခု ရှိတယ်ဆိုရင် ကျွန်တော်တို့ Laptop က ကြည့်ရတာသေးနေတယ် အနေကျဉ်းကျပ်နေတယ်ဆိုတဲ့ချိန်မျိုးမှာ ဒီခေါင်းနဲ့ VGA connector နဲ့ ချိတ်ပီး Desktop မှာပါ Laptop က လုပ်ဆောင်နေတာတွေကို ၂ နေရာမှာ တပြိုင်တည်းကြည့်နေနိင်ပါတယ်။

RJ-45/Network jack: with (RJ-11/Phone jack)






ဒီ Port လေးကိုတော့ တွေ့ဘူးမှာပါ။သုံးလည်း လက်ရှိသုံးနေကြတာပါ။ သူ့ကတော့ အင်တာနက်နဲ့ Network ကို အဓိကထားပီး အလုပ်လုပ်ပါတယ်။ ကွန်ပျုတာတိုင်းမှာ ပါပီးသားပါ။ မပါတာက RJ 11 ခေါင်းပဲ့ ..သူကတော့ ကျွန်တော်တို့ အိမ်က ကြိုးဖုန်းတွေမှာ အသုံးပြုပါတယ်။ ဖုန်းခေါင်းပေါက်ကို ၀င်ပီး Phone တွေကို ချိတ်ဆက် အသုံးပြုတာတော့ ဟုတ်ပါတယ်။ ဒီမှာ ဘာလို့ပါလာတာလည်းဆိုရင် ကျွန်တော်တို့ ဒီ RJ 11 ခေါင်းကလည်း တကယ်တော့ Network ချိတ်ဆက်ပီး အသုံးပြုလို့ ရတာတွေကြောင့်ပါ။ သူ့ကို Wide area network ထိ အသုံးပြုလို့ ရနိင်ပါတယ်လို့ ကကကွန်က ထုတ်တဲ့ စာအုပ်ထဲ့မှာ ဖတ်ဘူးပါတယ်။ အဲ့စာအုပ်ကို ဖတ်ကြည်ချင်တယ်ဆိုရင် Network စာအုပ်များထဲ့မှာပါပါတယ်။

ဖြည့်စွက်ချက် အနေနဲ့ eSATA ကိုပါ အကြမ်းဖျင်းဖော်ပြပေးလိုက်ပါတယ်။

အပိုင်း ၁ ကိုတော့ ဒီနေရာမှာပဲ့ နိဂုဏ်းချုပ်ပါတယ်။ အပိုင်း ၂ နဲ့ ၃ ကို နောက် ရက်မှာ ဆက်တင်ပေးပါမယ်။ကျွန်တော် Flash အကြောင်းကိုလည်း အပိုင်း ၄ ပိုင်း ခွဲရေးထားတာ ရှိပါတယ်။ အပိုင်း ၃ ပိုင်းကတော့ ရေးပြီးသားပါ။ အပိုင်း ၃ ထိ လည်း မြန်မာမိသားစုမှာ ရေးပြီး ဖော်ပြပေးခဲ့ဘူးပါတယ်။ ဒီ ၃ ပိုင်း လုံးလည်း ဆိုဒ်တော်တော်များများမှာ တွေ့နေရပါတယ်။ Credit မပေးတဲ့ ဆိုဒ်တော့ အတော်များပါတယ်။ ဒါပေ့မယ် စိတ်ထဲ့တော့ မရှိပါဘူး။ ကိုယ်တကယ် မတက်ပဲ့နဲ့ တက်ချင်သလို နာမည်ကြီးချင်သူတွေတွက်တော့ စေတနာ အကျိုးပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ Flash ခရီးစဉ်ဆိုတဲ့ Flash Songs လုပ်နည်း အသေးစိတ်ကိုလည်း ကျွန်တော် ဒီမှာပဲ့ လာပြီး အပိုင်း ၄ အဆုံးသတ်ထိ ဖော်ပြပေးပါမယ်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Eagle Belt Buckles